Costco ရွှေချောင်းများ နာရီပိုင်းအတွင်း အကုန်ရောင်းထွက်သွား

Costco  ရွှေချောင်းများ နာရီပိုင်းအတွင်း အကုန်ရောင်းထွက်သွား

Costco  ရွှေချောင်းများ နာရီပိုင်းအတွင်း အကုန်ရောင်းထွက်သွား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

Costco ဟု အတိုကောက် ခေါ်ဝေါ်သည့် Costco Wholesale Corporation သည် ကုန်လှောင်ရုံမှ တိုက်ရိုက် ရောင်းချပြီး အဖွဲ့ဝင်များသာ membership-only  ဝယ်ယူနိုင်သည်။ ၂၀၂၂ ခုနှစ်တွင် Costco သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံး လက်လီရောင်းချသူဖြစ်သည်။

 

 2811922116074877262.jpg

 

Costco သည် အစားအသောက်မှအစ ခရီးဆောင်အိတ်အထိ ပစ္စည်းအမျိုးမျိုးအတွက် လျှော့စျေးဖြင့် ရရှိသည့်နေရာအဖြစ် လူသိများသည်။ ယခုအခါ ရွှေချောင်းများ ရောင်းချသဖြင့် အမျိုးအမည် အသစ်တခု တိုးသွားသည်။

 

107307292-1695816530222-Untitled-9.jpg

 

လက်လီအရောင်း ကုန်လှောင်ရုံ မဟာလုပ်ငန်းကြီး Costco က တစ်အောင်စ အလေးချိန်ရှိ အသေးစိတ် ပုံတံဆိပ် ခပ်နှိပ်ထားသည့် PAMP Suisse Lady Fortuna Veriscan ရွှေချောင်းများ စတင်ရောင်းချခဲ့သည်။ 

 

107307293-1695816601718-Screenshot_2023-09-27_at_80837_AM.jpg

 

၎င်း ရွှေချောင်းများကို အွန်လိုင်းပေါ်မှာသာ ရောင်းချခဲ့သည်။ နှစ်စဉ်ကြေး ကန်ဒေါ်လာ ၆၀  သို့မဟုတ် ကန်ဒေါ်လာ ၁၂၀ ပေးသွင်းရသည့် အဖွဲ့ဝင်များကိုသာ ရောင်းချသည်။

Costco မှ စီစဉ်ပေးထားသည့် အစီအစဉ်အရ နှစ်စဉ်ကြေး နှစ်မျိုးအနက် နှစ်သက်ရာကို ရွေးချယ်နိုင်သည်။ 

အဖွဲ့ဝင်တဦးလျှင် ရွှေချောင်း ၂ ချောင်းအထိသာ ဝယ်ခွင့်ပြုသည်။

ဈေးနှုန်းမှာ တအောင်စ ရွှေချောင်း တချောင်းလျှင် $1,900 ဖြစ်သည်။ 

 

 

 

 

Costco ရွှေချောင်းများ ရောင်းချသည့်နေ့ မွန်းလွဲပိုင်းတွင် ကမ္ဘာ့ရွှေဈေး တအောင်စ $1,876.56 ပေါက်ဈေး ဖြစ်ပေါ်နေသည်။ သို့ဖြစ်ရာ Costco တအောင်စ ရွှေချောင်းက ဈေးပိုများနေသော်လည်း Costco အဖွဲ့ဝင်များက အလုအယက် ဝယ်ယူကြသည်ဟု Costco ဘဏ္ဍာရေးအရာရှိချုပ် Richard Galanti က ပြောကြားသည်။ နာရီပိုင်းအတွင်း အကုန်လုံး ရောင်းလို့ ကုန်သွားကြောင်း သူက ပြောသည်။ 

Source cnbc


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 29 September 2023 13:47
Rate this item
(0 votes)