လက်ရှိအချိန်မှာမြင့်တက်လျှက်ရှိတဲ့ကမ္ဘာ့ရွှေဈေး

လက်ရှိအချိန်မှာမြင့်တက်လျှက်ရှိတဲ့ကမ္ဘာ့ရွှေဈေး google

ဒီနေ့ဖေဖော်ဝါရီလ5ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းရွှေဈေးနှုန်းအခြေအနေတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ1557.96ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးကွက်ပိတ်ချိန်ဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့5.04ဒေါ်လာမြင့်တက်လာတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာဆိုရင် ဒီတစ်ပတ်တနင်္လာနေ့ဈေးကွက်စဖွင့်တဲ့အချိန်မှာဆိုရင်ဈေးနှုန်းကအမြင့်ပိုင်းမှာရှိနေပြီး ဈေးနှုန်းပြန်လည်ကျဆင်းလာတာကိုတွေ့မြင်ရပါတယ်။

ဒီနေ့မနက်ထိလည်းဆက်တိုက်ဈေးနှုန်းကျဆင်းနေခဲ့ပြီး အခုလက်ရှိအချိန်မှသာပြန်လည်မြင့်တက်လာတာပဲဖြစ်ပါတယ်။

Corona Virus ရဲ့ဂယက်ကြောင့်စီးပွားရေးအရသက်ရောက်မှုတွေလျော့နည်းလာဖို့ ဘေဂျင်းကလုပ်ဆောင်နေပေမယ့်လည်း

ဒီဗိုင်းရပ်စ်ရဲ့ပျံ့နှံ့မှုကပိုမိုကျယ်ပြန့်လာပြီးသေဆုံးသူဦးရေ500နီးပါးရှိလာတာဖြစ်တဲ့အတွက်ရင်းနှီးမြုပ်နှံသူတွေကစိုးရိမ်မှုတွေရှိကြပြီးတော့စိတ်ချရတဲ့ ရွှေဖက်မှာရင်းနှီးမြုပ်နှံလာကြတာကြောင့်အခုလိုရွှေဈေးတွေမြင့်တက်လာတာပဲဖြစ်ပါတယ်။

ဒီနေ့မနက်၁၁နာရီမှာ တော့ အခေါက်ရွှေတစ်ကျပ်သားကို 1212500 ကျပ်ပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 2100 ကျပ်ကျဆင်းသွားတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် 0.17% ကျဆင်းနေတာပဲဖြစ်ပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္...

ဒီေန႔ေဖေဖာ္ဝါရီလ5ရက္ေန႔အတြက္ ကမာၻ႔ေ႐ႊေဈးႏႈန္းနဲ႔ျပည္တြင္းေ႐ႊေဈးႏႈန္းအေျခအေနေတြကိုေဖာ္ျပေပးပါ့မယ္။

ဒီေန႔မွာေတာ့ ကမာၻ႔ေ႐ႊေဈးႏႈန္းဟာတစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ1557.96ေဒၚလာေပါက္ေဈးရွိေနပါတယ္။

မေန႔ကေဈးကြက္ပိတ္ခ်ိန္ေဈးနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့5.04ေဒၚလာျမင့္တက္လာတာပဲျဖစ္ပါတယ္။

ကမာၻ႔ေ႐ႊေဈးႏႈန္းမွာဆိုရင္ ဒီတစ္ပတ္တနလၤာေန႔ေဈးကြက္စဖြင့္တဲ့အခ်ိန္မွာဆိုရင္ေဈးႏႈန္းကအျမင့္ပိုင္းမွာရွိေနၿပီး ေဈးႏႈန္းျပန္လည္က်ဆင္းလာတာကိုေတြ႕ျမင္ရပါတယ္။

ဒီေန႔မနက္ထိလည္းဆက္တိုက္ေဈးႏႈန္းက်ဆင္းေနခဲ့ၿပီး အခုလက္ရွိအခ်ိန္မွသာျပန္လည္ျမင့္တက္လာတာပဲျဖစ္ပါတယ္။

Corona Virus ရဲ႕ဂယက္ေၾကာင့္စီးပြားေရးအရသက္ေရာက္မႈေတြေလ်ာ့နည္းလာဖို႔ ေဘဂ်င္းကလုပ္ေဆာင္ေနေပမယ့္လည္း

ဒီဗိုင္းရပ္စ္ရဲ႕ပ်ံ႕ႏွံ႔မႈကပိုမိုက်ယ္ျပန႔္လာၿပီးေသဆုံးသူဦးေရ500နီးပါးရွိလာတာျဖစ္တဲ့အတြက္ရင္းႏွီးျမဳပ္ႏွံသူေတြကစိုးရိမ္မႈေတြရွိၾကၿပီးေတာ့စိတ္ခ်ရတဲ့ ေ႐ႊဖက္မွာရင္းႏွီးျမဳပ္ႏွံလာၾကတာေၾကာင့္အခုလိုေ႐ႊေဈးေတြျမင့္တက္လာတာပဲျဖစ္ပါတယ္။

ဒီေန႔မနက္၁၁နာရီမွာ ေတာ့ အေခါက္ေ႐ႊတစ္က်ပ္သားကို 1212500 က်ပ္ေပါက္ေဈးရွိေနပါတယ္။

မေန႔ကေဈးနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ 2100 က်ပ္က်ဆင္းသြားတာျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္ 0.17% က်ဆင္းေနတာပဲျဖစ္ပါတယ္။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under