အိန္ဒိယ တရားဝင် ရွှေတင်သွင်းမှု ၉ လတာတွင် ဒေါ်လာ ၃၆ ဘီလီဖိုးသို့ မြင့်တက်

အိန္ဒိယ တရားဝင် ရွှေတင်သွင်းမှု ၉ လတာတွင် ဒေါ်လာ ၃၆ ဘီလီဖိုးသို့ မြင့်တက်

အိန္ဒိယ တရားဝင် ရွှေတင်သွင်းမှု ၉ လတာတွင် ဒေါ်လာ ၃၆ ဘီလီဖိုးသို့ မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယသို့ ရွှေတင်သွင်းမှုသည် ခိုင်မာသော ဝယ်လိုအားကြောင့် ၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကန် ဒေါ်လာ ၃၅.၉၅ ဘီလီယံအထိ မြင့်တက်ခဲ့ပြီးယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆.၇ ရာခိုင်နှုန်း ပိုများခဲ့သည်။ 

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တလတည်းမှာ ကန်ဒေါ်လာ ၃ ဘီလီယံဖိုး တင်သွင်းခဲ့သည်။

 

 အိန္ဒိယ ရွှေတင်သွင်းမှုတွင် ဆွစ်ဇာလန်ရွှေ အများဆုံးဖြစ်ပြီး ၄၁%ခန့် ရှိသည်။ 

ဒုတိယအများဆုံးမှာ ယူအေအီးဖြစ်ပြီး ၁၃% ရှိသည်။

တတိယအများဆုံးမှာ တောင်အာဖရိကဖြစ်ပြီး ၁၀% ရှိသည်။ 

 

အိန္ဒိယသည် ရွှေတင်သွင်းမှု များပြားခြင်းကြောင့် ကုန်သွယ်ရေး လိုငွေ ပြနေသည်။ 

 

အိန္ဒိယနိုင်ငံ သွင်းကုန်တန်ဖိုး စုစုပေါင်းတွင် ၅% ကျော်သည် ရွှေတင်သွင်းသည့် တန်ဖိုးပမာဏ ဖြစ်ပါသည်။

 

လက်ရှိတွင် ရွှေကို တင်သွင်းခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသည်။ အခွန်နှုန်းထား လျှော့ချပေးရန် အစိုးရအဖွဲ့ကို တောင်းဆိုထားသည်။ 

အိန္ဒိယသည် တရုတ်နိုင်ငံ ပြီးလျှင် စားသုံးသူများ ရွှေဝယ်ယူမှု ဒုတိယအများဆုံး ဖြစ်ပါသည်။ 

 

အိန္ဒိယ တင်သွင်းသည့် ရွှေများတွင် အများစုကို လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍက သုံးစွဲပါသည်။ 

ရွှေထည် လက်ဝတ်ရတနာများ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ပါသည်။ ၉ လတာတွင် ကန်ဒေါ်လာ ၂၄.၃ ဘီလီယံဖိုး တင်ပို့ခဲ့ပါသည်။ 

 

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 01 February 2024 21:02
Rate this item
(0 votes)