ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း

ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း

ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း

 

ထိုင်းနိုင်ငံမှ ကျောက်မျက်နှင့် လက်ဝတ်ရတနာ တင်ပို့မှုများ ယခုနှစ်မှာ ပြန်ကောင်းလာမယ်လို့ မျှော်မှန်းထားပါတယ်။ 

ကိုဗစ်လော့ဒေါင်းများ ဖြေလျော့ထားပြီး ဝယ်နေကျ နိုင်ငံများ စီးပွားရေးလုပ်ငန်းများ ပြန်လည် သက်ဝင်လှုပ်ရှား လာတာကြောင့် အဝယ်လိုက်မယ်လို့ ခန့်မှန်းထားပါတယ်။

 

နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးဌာန International Trade Promotion Department ညွှန်ကြားရေးမှူးချုပ် Phusit Ratanakul Sereroengrit ၏ ပြောကြားချက်အရ ကျောက်မျက်နှင့် လက်ဝတ်ရတနာ တင်ပို့မှုများ ယခင်နှစ်ထက် ယခုနှစ်မှာ ၂၀% တိုးမယ်လို့ မျှော်မှန်းထားပါတယ်။

 

"နှစ်လတစ်ကြိမ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုင်ပင်ခဲ့ပြီး ဌာနအနေဖြင့် ကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာများ ပြည်ပသို့ တင်ပို့ရောင်းချမှု အားကောင်းလာမယ်လို့ ယူဆပါတယ်။ ယခုနှစ်မှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၉ ဘီလီယံအထိ မျှော်မှန်းထားပါတယ်" လို့ ၎င်းက ပြောကြားသည်။

 

ယခင်နှစ်က ရွှေမပါ ထိုင်းမှ ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၆.၁၆ ဘီလျံ ရှိခဲ့ပါတယ်။

 

ဝယ်အား ကောင်းမွန်တဲ့နိုင်ငံများက ယူကေ၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ အမေရိကန်၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊  ဘယ်လ်ဂျီယံ ဩစတြေးလျ နှင့် ဂျပန်  တို့ဖြစ်ပါတယ်။

 

Mr Phusit က ဌာနက ကြီးမှူးပြီး ကုန်စည်ပြပွဲ နှစ်ခု ကျင်းပပေးမှာ ဖြစ်ကြောင်း၊  BGJF Virtual Trade Fair 2022 ကို ဇွန်လ ၁၃ မှ ၁၇ ရက်အထိလည်းကောင်း၊  Bangkok Gems and Jewelry Fair ကို စက်တင်ဘာလ ၇ မှ ၁၁ ရက်အထိ လည်းကောင်း ကျင်းပမှာ ဖြစ်ပါတယ်။

Additional Info

  • Sidebar Banner: 3614-thai
Read times Last modified on Wednesday, 06 July 2022 10:47
Rate this item
(0 votes)