ရွှေလုပ်ငန်းရှင် များအသင်းမှကြီးမှူး၍ Zoom Application ဖြင့်အရောင်းအဝယ်ပြုလုပ်လျက်ရှိရာ နေ့စဉ် ရွှေ ၅ ပိဿာ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့

ရွှေလုပ်ငန်းရှင် များအသင်းမှကြီးမှူး၍ Zoom Application ဖြင့်အရောင်းအဝယ်ပြုလုပ်လျက်ရှိရာ နေ့စဉ် ရွှေ ၅ ပိဿာ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့

Saty at Home ကာလတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှကြီးမှူး၍ Zoom Application ဖြင့် အောက်တိုဘာ ၂၆ ရက်မှစ၍ ရွှေအရောင်းအဝယ် ပြုလုပ်လျက်ရှိရာ

နေ့စဉ် ရွှေ ၅ ပိဿာဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားသည်။

 

“အခုကတော့ အရောင်းအဝယ်ကတော့ အေးသေးတယ်။ COVID-19 ရောဂါမဖြစ်ပွားခင်က နေ့စဉ် ကျွန်တော်တို့အသင်းမှာ ပိဿာ၅၀ လောက်အရောင်းအဝယ်ဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ယခင်က ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း ရုံးခန်း၌ ရွှေအရောင်းအဝယ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်း၌ COVID-19 ရောဂါပိုးတွေ့ လူနာ များလာခြင်းကြောင့် ရွှေအရောင်းအဝယ်ပြုလုပ်မှုများ ယာယီ ရပ်ဆိုင်းထားရာ ယခုအခါ Zoom Application ဖြင့် အရောင်းအဝယ်ပြုလုပ်သည့် စနစ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့က Home stay က မပြီးသေးဘူး။ အသင်းဝင်တွေလည်း ကျွန်တော်တို့ အသင်းရုံးကို လာလို့မရသေးဘူး။ ဈေးကွက်ထဲမှာပစ္စည်းပြတ်မသွားဖို့ နဲ့ အရောင်းအဝယ်ဈေးကွက်ပျက်မသွားအောင် ကျွန်တော်တို့ အနေနဲ့ အခုလိုဆောင်ရွက်ဖြစ်တာပါ။ Zoom Application အပြင် Viber တို့ Messenger တို့ ကနေအရောင်းအဝယ်လုပ်ပေးတယ်’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။

 

ထိုသို့ ရွှေအသင်းတွင် အရောင်းအဝယ်လုပ်ချင်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဝင်ဖြစ်ရမည်ဖြစ်ကြောင်း၊ Zoom Application ဖြင့် ရွှေအရောင်း အဝယ်ပြုလုပ်မှုကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ရုံးခန်းဖွင့် ရက်များတွင်အောက်တိုဘာ ၂၆ ရက်မှစ၍ နေ့စဉ် နံနက် ၁၁ နာရီ မှ ညနေ ၃ နာရီအထိ အရောင်းအဝယ်ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျင် ၁၉၀၃ဒေါ်လာ၊မြန်မာ့ရွှေဈေးတစ်ကျပ်သားလျင် ၁,၃၁၄,၅၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

 

 

Source: Xinhau

Read times
Rate this item
(0 votes)