၂ ရက်အတွင်း မြန်မာ့ရွှေတစ်ကျပ်သား ၁,၂၅၀,၀၀၀ ကျပ် မှ ၁,၂၇၁,၀၀၀ ကျပ် အထိ ကျပ် နှစ်သောင်းကျော်မြင့်တက်ခဲ့

၂ ရက်အတွင်း မြန်မာ့ရွှေတစ်ကျပ်သား ၁,၂၅၀,၀၀၀ ကျပ် မှ ၁,၂၇၁,၀၀၀ ကျပ် အထိ ကျပ် နှစ်သောင်းကျော်မြင့်တက်ခဲ့

ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်ခဲ့သည့်အတွက် မြန်မာ့ရွှေဈေးသည် ၂ ရက်အတွင်း တစ်ကျပ်သား ၁,၂၅၀,၀၀၀ ကျပ် မှ ကျပ် ၁,၂၇၁,၀၀၀ အထိ  ကျပ် နှစ်သောင်းကျော် မြင့်တက်သွားခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။

ဦးအောင်ဆန်းဝင်းက “ဒီ ၂ ရက်လောက်အတွင်း တက်တာ။ အခုဈေးမှာ အဝယ်လည်း ရှိတယ်။ အရောင်းလည်း များနေတယ်။ အတက်အကျ က ကမ္ဘာ့ရွှေဈေးပေါ်မူတည်နေတယ်။ ကမ္ဘာ့ရွှေဈေး တက်ရင် မြန်မာ့ရွှေဈေးက ဖြည်းဖြည်းချင်းတက်မယ်။ ကျရင် ဝုန်းဆို အမြန်ကျနိုင်တယ် ’’ ဟုပြောသည်။

 

Jewelers, Pawnbrokers, and Gold Buyers Beware During Holiday ...

 

ပန်းပဲတန်းမြို့နယ် ရှိ ကောင်း စံရွှေဆိုင် ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ အခု၂၀၂၀ပြည့်နှစ် မှာ အခုဖြစ်နေတဲ့ ကမ္ဘာ့ရွှေဈေးက အတက်ဆုံးဈေးလို့ပြောလို့ရတယ်။ ကမ္ဘာ့ရွှေဈေးပေါ်မူတည်ပြီးတော့ပဲ အတက်အကျဖြစ်နိုင်ပါတယ်’’ ဟု ဆိုသည်။

 

ဘဏ်တိုးလျှော့ချခြင်း၊ စီးပွားရေးအေးစက်ခြင်း ၊ ဒေါ်လာဈေးကျဆင်းခြင်းတို့ ကြောင့် ဇူလိုင်လ တွင် ရွှေဝယ်ယူစုဆောင်းသူများရှိလာကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၁ ရက်တွင် တစ်အောင်စ ၁,၈၁၀ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သား ၁၂၅,၀၀၀ ရှိခဲ့ရာမှ ဇူလိုင် ၂၃ ရက် ညနေဘက်တွင် ၁,၈၇၆ ဒေါ်လာ အထိ မြင့်တက်သွားခဲ့ခြင်းကြောင့် မြန်မာ့ရွှေဈေးသည်လည်း ၂ ရက် အတွင်း ကျပ်၂၁,၀၀၀ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် ကမ္ဘာ့ရွှေတစ်အောင်စ လျှင် ၁,၈၇၆ ဒေါ်လာနှင့် မြန်မာ့ရွှေတစ်ကျပ်သား ၁,၂၇၁,၀၀၀ ပေါက်ဈေး အသီးသီး ရှိကြောင်း သိရသည်။ 

 

 

 

(Xinhua)

Read times Last modified on Tuesday, 28 July 2020 14:02
Rate this item
(2 votes)