ရွှေလီမြစ်ကမ်းအနီး ရွှေသတ္ထု ရှာဖွေတူးဖော်နေမှုများအား သက်ဆိုင်ရာမှ ရှောင်တခင် ၀င်ရောက် စစ်ဆေးခြင်းကို ဒေသခံများကြိုဆို

ရွှေလီမြစ်ကမ်းအနီး ရွှေသတ္ထု ရှာဖွေတူးဖော်နေမှုများအား သက်ဆိုင်ရာမှ ရှောင်တခင် ၀င်ရောက် စစ်ဆေးခြင်းကို ဒေသခံများကြိုဆို

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်းရှိ အင်းကြီးလှေဘိုကျေးရွာ ရွှေလီမြစ်ကမ်းအနီးမှာ

 

ရွှေသတ္ထု ရှာဖွေတူးဖော်နေမှုများကို သက်ဆိုင်ရာတာ၀န်ရှိသူများပါ၀င်တဲ့ ပူးပေါင်းအဖွဲ့က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ကြပါတယ် ။

 

စစ်ကိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ကသာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သစ်တောဦးစီးဌာန ငါးလုပ်ငန်း ရေအရင်းအမြစ်နှင့်

 

မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမှတ်(၂) သတ္ထုတွင်းဦးစီးဌာန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာနနဲ့ အင်းကြီးလှေဘိုကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့က

 

ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရွှေလီမြစ်အတွင်း ရွှေသတ္ထု တူးဖော်ရှာဖွေနေမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဆိုးဝါးစွာဖြစ်ပေါ်လာနိုင်မည့်အခြေအနေမှ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ယင်းသို့ စစ်ဆေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။

 

ဒေသခံများအနေနဲ့ကတော့ ယခုလို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဟာ တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့မြေယာတွေ သဘာဝပတ်ဝန်းကျင်အနေအထားတွေ အင်းနယ်နိမိတ်တွေ ထိခိုက်ပျက်စီးမှုများမဖြစ်ပေါ်အောင် ကာကွယ်ပေးရာ ရောက်တဲ့အတွက် ကြိုဆိုတယ်လို့ ဆိုပါတယ် ။

 

ကေဝိုင်

Read times Last modified on Wednesday, 13 January 2021 16:32
Rate this item
(0 votes)