စတော့ဈေးကွက်မတည်ငြိမ်မှုများကြောင့် ပြန်လည်မြင့်တက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဈေး

စတော့ဈေးကွက်မတည်ငြိမ်မှုများကြောင့် ပြန်လည်မြင့်တက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဈေး google

ဒီနေ့ဖေဖော်ဝါရီလ၁၈ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးချင်ပါတယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1585.79 ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 4.66 ဒေါ်လာတက်လာတာဖြစ်ပြီးရာခိုင်နှုန်းအားဖြင့်0.29%တက်လာတာပဲဖြစ်ပါတယ်။

သုံးရက်အတွင်း အနိမ့်ဆုံးဈေးနှုန်းအနေနဲ့ဖေဖော်ဝါရီလ၁၄ရက်နေ့က ကမ္ဘာ့ရွှေဈေးနှုန်းဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1573.65 ဒေါ်လာထိကျဆင်းခဲ့ပါတယ်။

အမြင့်ဆုံးဈေးနှုန်းအနေနဲ့ကတော့ ဒီနေ့မနက်မနက်ပိုင်းဈေးနှုန်းအရ 1586.67 ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။

စတော့ဈေးကွက်မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြုပ်နှံသူတွေဟာ ရွှေဈေးကွက်အပေါ်ကို အာရုံစိုက်လာတာကြောင့် ဒီနေ့ကမ္ဘာ့ရွှေဈေးနှုန်းဟာအခုလို မြင့်တက်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မနက်၈နာရီခွဲအချိန်မှာရရှိထားတဲ့ဈေးနှုန်းအရ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို 1223000 ကျပ်ပေါက်ဈေးဖြစ်နေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 1000 ကျပ်မြင့်တက်လာတာဖြစ်ပြီးရာခိုင်နှုန်းအားဖြင့် 0.08% မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်....









 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 18 February 2020 15:04
Rate this item
(0 votes)
Tagged under