မိုးကုတ်မြို့တွင် ယာယီပိတ်ထားသော ကျောက်မျက်ရတနာဈေး(ထာပွဲ)များ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်

မိုးကုတ်မြို့တွင် ယာယီပိတ်ထားသော ကျောက်မျက်ရတနာဈေး(ထာပွဲ)များ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်
မိုးကုတ်မြို့တွင် ယာယီပိတ်ထားခဲ့သော ကျောက်မျက်ရတနာများရောင်းဝယ်ရာ အဓိကနေရာများ ဖြစ်ကြသည့် ပန်းခြံထာပွဲစျေးနှင့် မဏိမင်္ဂလာကျောက်မျက်ဈေးတို့ကို မြို့နယ် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံပြန်မှုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ခွင့်ပြုချက် တို့ဖြင့် ဒီဇင်ဘာ(၂၀)ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
 
ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကေျာက်မျက်ရတနာရောင်းချသည့် ဆိုင်ခန်းများကို စုံ/မ ခွဲခြား၍ တစ်ရက်ခြားရောင်းချစေရေး၊ ရောင်းချသည့်ဆိုင်များတွင် လက်သန့်ဆေးရည်ဘူး ထားရှိသုံးစွဲရေး၊ နှာခေါင်းစည်း Mask နှင့် Face sheld များတပ်ဆင်အသုံးပြုရေး၊ လက်အိတ်များ အသုံးပြုကာ ရောင်း၀ယ်ရေးတို့ကိုလည်း တိုက်တွန်းနှိုး ဆော်ထားကြောင်း သိရသည်။
 
အဆိုပါထာပွဲများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့(မိုးကုတ်)မှ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
 
 
Read times
Rate this item
(0 votes)
Tagged under