ဝယ်ယူခဲ့သော ကျောက်စိမ်းတွဲများ အတွက် သြဂုတ် ၁၅ ရက်နောက်ဆုံးငွေသွင်းရမည်

ဝယ်ယူခဲ့သော ကျောက်စိမ်းတွဲများ အတွက် သြဂုတ် ၁၅ ရက်နောက်ဆုံးငွေသွင်းရမည် Google

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူခဲ့သော ကျောက်စိမ်းတွဲများ အတွက် သြဂုတ် ၁၅ ရက်နောက်ဆုံးငွေသွင်းရမည်ဖြစ်ပြီး ငွေပေးသွင်းရန် ပျက်ကွက်ပါက စပေါ်ငွေသိမ်းယူမည်ဟု သိရသည်။

 

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချခဲ့သော ကျောက်စိမ်းအတွဲများအတွက် COVID-19 ရောဂါကြောင့် ငွေသွင်းရန် နောက်ဆုတ်ထားခဲ့ပြီး သတ်မှတ်ရက် မတိုင်ခင် ငွေပေးသွင်းရန် ပျက်ကွက်ပါက စပေါ်ငွေသိမ်းယူမည်ဖြစ်ကြောင်း မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ် ငန်းက အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ပုံမှန်အားဖြင့် ရတနာပွဲအပြီး ရက်ပေါင်း ၉၀ အတွင်း ငွေပေးချေရမည်ဖြစ်သော်လည်း ကိုဗစ်ကြောင့် ရက်‌ေနောက်ကျခွင့်ပေးထားခဲ့ပြီး ယခုသတ်မှတ်သည့် ဩဂုတ် လ ၁၅ ရက်တွင် ငေပေးသွင်းရန် ပျက်ကွက်ခဲ့ပါက ကျောက်မျက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို စပေါ်အဖြစ် ပေးသွင်ထားသည့်ငွေကို ရတနာပြပွဲ စည်းမျဉ်းစည်းကမ်းအရ သိမ်းဆည်းခြင်း ဖြစ်သည်။ ကျောက်မျက်ကို ရယလိုပါက ကျောက်မျက်တန်ဖိုး အားလုံးပေးချေပြီးမှ ရယူခွင့် ရှိပါသည်။

 

မြန်မာကျပ်ငွေဖြင့်ကျောက် မျက်ရတနာရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက် စိမ်းခန်းမ၌ ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိပြုလုပ်ခဲ့ပြီး ကုမ္ပဏီ ပေါင်း ၈၁၁ ခုက နိုင်ငံသားရတနာ ကုန်သည် ၂,၀၀၀ ကျော်တက် ရောက်ခဲ့ကြောင်း၊ အဆိုပါပြပွဲမှ ကျောက်စိမ်း အတွဲပေါင်း ၃,၆၉၅ တွဲကို အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ၃,၄၉၁ တွဲရောင်းချခဲ့ရပြီး ကျပ် ၅၉ ဘီလီ ယံကျော် ရရှိခဲ့ကြောင်း ၊ ကျောက်မျက် အတွဲပေါင်း ၂၈၆ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကိုးတွဲကို ကျပ် ၃၆ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သိရသည်။

 

၂၀၂၀ပြည့်နှစ်အတွက် နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲ ၂ ပွဲ နှင့် မြန်မာကျပ်ငွေ ဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲ ၂ ပွဲ၊ စုစုပေါင်း ၄ ပွဲ ကျင်းပရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါကြောင့် မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲတစ်ပွဲသာကျင်းပနိုင်သေးကြောင်း သိရပါသည်။

 

 

Source: Xinhua

 

Read times
Rate this item
(2 votes)