အမေရိကန်ငွေကြေးအားကောင်းလာမှုကြောင့် ကျဆင်းလျှက်ရှိတဲ့ ယနေ့ကမ္ဘာ့ရွှေဈေး

အမေရိကန်ငွေကြေးအားကောင်းလာမှုကြောင့် ကျဆင်းလျှက်ရှိတဲ့ ယနေ့ကမ္ဘာ့ရွှေဈေး google

ဒီနေ့ဖေဖော်ဝါရီလ4ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1576.62ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 0.10 ဒေါ်လာကျဆင်းသွားပါတယ်။

ဖေဖော်ဝါရီလ၃ရက်နေ့ဈေးကွက်ပိတ်ချိန်မှာ ကမ္ဘာ့ရွှေဈေးနှုန်းတစ်ထရမ်အောင်စရဲ့ပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ1570.54ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပြီးဈေးကွက်ကျဆင်းခဲ့ပါတယ်။

အမေရိကန်ရဲ့ကုန်ထုတ်လုပ်မှုဒေတာအချက်အလက်တွေဟာ အံ့သြစရာကောင်းလောက်အောင်မြင့်တက်လာတဲ့အတွက်ကြောင့်တစ်ဖက်မှာလည်းအမေရိကန်ငွေကြေးဟာအားကောင်းလာတဲ့အတွက်ကြောင့်နှင့်

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာစိုးရိမ်မှုတွေဟာပြင်းထန်လာတဲ့အတွက်ကြောင့်ကမ္ဘာ့ဈေးကွက်အပေါ်တွေမှာရိုက်ခတ်မှုတွေရှိလာတဲ့အတွက်ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းနေတာပဲဖြစ်ပါတယ်။

ဒီနေ့မနက် ၈နာရီမှာရရှိထားတဲ့အခေါက်ရွှေတစ်ကျပ်သားရဲ့ဈေးနှုန်းကတော့1221000ကျပ်ဖြစ်ပါတယ်။မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့1500ကျပ်မြင့်တက်လာတာဖြစ်ပြီးရာခိုင်နှုန်းအားဖြင့်ကတော့0.12%မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်...








 

Myanmar Wedding Guide

 

 

jjjj

Read times Last modified on Tuesday, 04 February 2020 12:01
Rate this item
(0 votes)
Tagged under