ဗဟိုဘဏ်မှ ဒေါ်လာ ၃၇ သိန်း ဝယ်ယူ

ဗဟိုဘဏ်မှ ဒေါ်လာ ၃၇ သိန်း ဝယ်ယူ Google

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၁၉ ရက်တွင် မြန်မာနိင်ငံတော် ဗဟိုဘဏ်သည် ပျမ်းမျှငွေလဲနှုန်း ၁၂၉၅ . ၅ ကျပ်ဖြင့်

 

အမေရိကန်ဒေါ်လာ ၃၇ သိန်းတိတိကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာပါသည်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ဆန်းပိုင်းတွင် အောက်တိုဘာလ ၅ ရက် တနင်္လာနေ့ မှ ၉ ရက် သောကြာနေ့အထိ နေ့စဉ်ဆက်တိုက် အမေရိကန်ဒေါ်လာများ ဝယ်ယူခဲ့ပြီး ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉ သိန်း ဝယ်ယူခဲ့သည်။

 

ထို ၅ ရက်မတိုင်ခင် အောက်တိုဘာလ ၂ ရက်ကလည်း အမေရိကန်ဒေါ်လာ ၃ရ သိန်းကို ဝယ်ယူခဲ့သည်ဖြစ်ရာ စုစုပေါင်စ ဝယ်ယူသည့် ပမာဏသည် ၂၆၆ သိန်း ဖြစ်သည်။ ထိုသို့ ဝယ်ယူပြီးနောက် ငွေလဲနှုန်းသည် ယခင် ၁၃၀၀ ကျပ်အောက် ရှိနေခဲ့ရာမှ ၁၃၀၀ ကျပ်အထက်သို့ ရောက်ရှိခဲ့သည်ကို တွေ့ရသည်။

 

ယနေ့ ဝယ်ယူသည့် ဈေးနှုန်းမှာ ၁၃၀၀ ကျပ်အောက်တွင် ရှိသော ဈေးနှုန်းဖြင့် ဝယ်ယူခြင်းဖြစ်သည်။ ယနေ့နံနက်တွင် ပုဂ္ဂလိကဘဏ်များ ဒေါ်လာအဖွင့်ဈေးသည် ၁၃၀၀ ကျပ်အထက်တွင် ရှိခဲ့ပါသည်။

ယနေ့သည် တနင်္လာနေ့ ဖြစ်သဖြင့် လာမည့် ဘဏ်ဖွင့်ရက်များတွင်လည်း အလားတူ နေ့စဉ် ဝယ်ယူမှုများ ရှိလိမ့်ဦးမည်ဟု ခန့်မှန်းထားကြသည်။

bank_buy.PNG

 

 

 

Source: Myanmar Industrail Guide

Read times
Rate this item
(0 votes)
Tagged under