ဗဟိုဘဏ်က ငွေကြေးလုပ်ငန်း ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်ကို မှတ်ပုံတင် ရုပ်သိမ်း

ဗဟိုဘဏ်က ငွေကြေးလုပ်ငန်း ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်ကို မှတ်ပုံတင် ရုပ်သိမ်း Google

ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက် (Z Corporation Co., Ltd.) သည် ဇေကမ္ဘာကုမ္ပဏီ ဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန္ဒာလှိုင်တို့ ဒါရိုက်တာအဖြစ် လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ကြောင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အချက်အလက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက် (Z Corporation Co., Ltd.) အား ထုတ်ပေးထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ကို ၈-၁၂-၂၀၂၀ ရက်နေ့မှစတင်၍ ရုပ်သိမ်းကြောင်း၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားပါသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက် (Z Corporation Co., Ltd.) အား ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေအရ ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်း ဆောင်ရွက်ရန် ၂၅-၆-၂၀၁၄ ရက်နေ့တွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေအရ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှတ်ပုံတင်လက်မှတ် (Registration Certificate) 320i NBFI/FC(R)-08/08/2016 ကို၂၆-၈-၂၀၁၆ ရက်နေ့တွင် ထုတ်ပေးခဲ့ပါသည်။

 

ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက် (Z Corporation Co., Ltd.) သည် လုပ်ငန်းဆောင်ရွက်ချက် အလွန်နည်းပါးခြင်း၊ သင့်လျော်သည့်လုပ်ငန်းဖွဲ့စည်းမှုပုံသဏ္ဌာန် မထားရှိခြင်း၊ စာရင်းထိန်းသိမ်းထားရှိမှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ပြုစုထားရှိမှုတွင် အလွန်အားနည်းခြင်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ on-site နှင့် Off-site စစ်ဆေးမှုများအရ တွေ့ရှိရပြီး ၎င်းတို့ကို ပြုပြင်ဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက် ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

 

သို့ဖြစ်ရာ ၆-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဇီကော်ပိုရေးရှင်းကုမ္ပဏီလီမိတက် (Z Corporation Co., Ltd.) အား ထုတ်ပေးထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ကို ၈-၁၂-၂၀၂၀ ရက်နေ့မှစတင်၍ ရုပ်သိမ်းကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

 

The Myanmar Industries Guide

Gold & Jewellery Buying Guide

Myanmar Wedding Guide

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Read times
Rate this item
(0 votes)