ဗဟိုဘဏ်မှ ဒေါ်လာ ၃၇ သိန်း ဝယ်ယူ

ဗဟိုဘဏ်မှ ဒေါ်လာ ၃၇ သိန်း ဝယ်ယူ Google

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၆ ရက်တွင် မြန်မာနိင်ငံတော် ဗဟိုဘဏ်သည် ပျမ်းမျှငွေလဲနှုန်း ၁၂၈၈.၇ ကျပ်ဖြင့်

 

အမေရိကန်ဒေါ်လာ ၃၇ သိန်းတိတိကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာပါသည်။

 

bank_but_26_oct.PNG

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ဆန်းပိုင်းတွင် အောက်တိုဘာလ ၅ ရက် တနင်္လာနေ့ မှ ၉ ရက် သောကြာနေ့အထိ နေ့စဉ်ဆက်တိုက် အမေရိကန်ဒေါ်လာများ ဝယ်ယူခဲ့ပြီး ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉ သိန်း ဝယ်ယူခဲ့သည်။ ထို ၅ ရက်သီတင်းပတ် မတိုင်ခင် အောက်တိုဘာလ ၂ ရက်ကလည်း အမေရိကန်ဒေါ်လာ ၃ရ သိန်းကို ဝယ်ယူခဲ့သည်ဖြစ်ရာ စုစုပေါင်း ဝယ်ယူသည့် ပမာဏသည် ၂၆၆ သိန်း ဖြစ်သည်။

 

မြန်မာနိင်ငံတော် ဗဟိုဘဏ်သည် ပြီးခဲ့သည့် အပတ် တနင်္လာနေ့ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၁၉ ရက်တွင်လည်း အလားတူ အမေရိကန်ဒေါ်လာ ၃ရ သိန်းကို ဝယ်ယူခဲ့ပြီး အင်္ဂါနေ့ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၈ သိန်းခွဲကို ဝယ်ယူခဲ့သည်။ 

 

သောကြာနေ့ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၃ ရက်တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်းကို ဝယ်ယူခဲ့သည်။  သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူခဲ့သည့် အမေရိကန်ဒေါ်လာ စုစုပေါင်းမှာ ၃၉၅ သိန်းခွဲ ရှိပြီ ဖြစ်သည်။ 

 

 

Gold & Jewellery Buying Guide

Source: Industrialdirectory

 

Read times
Rate this item
(0 votes)
Tagged under