ရွှေဈေး မြင့်နေသဖြင့် အိန္ဒိယတွင် ဝယ်လိုအား ထူးထူးခြားခြား လျော့ကျ

ရွှေဈေး မြင့်နေသဖြင့် အိန္ဒိယတွင် ဝယ်လိုအား ထူးထူးခြားခြား လျော့ကျ

ရွှေဈေး မြင့်နေသဖြင့် အိန္ဒိယတွင် ဝယ်လိုအား ထူးထူးခြားခြား လျော့ကျ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ရွှေဈေးများ စံချိန်တင် အမြင့်ဆုံးဈေးများ နီးပါး ဖြစ်နေချိန်တွင် အိန္ဒိယမှာ ဝယ်လိုအား အမြင့်ဆုံးကာလဖြစ်သည့် ပွဲတော်ရာသီ ကျရောက်သော်လည်း ဝယ်လိုအား ကျဆင်းနိုင်ပြီး သုံးနှစ်အတွင်း ဝယ်ယူမှုပမာဏ အနိမ့်ဆုံးသို့ ဦးတည်သွားနိုင်ကြောင်း ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) မှ ပြောကြားသည်။

 

အိန္ဒိယသည် ကမ္ဘာ့ဒုတိယ အများဆုံး ပြည်တွင်းမှာ ရွှေအဝယ်များကြသည့် နိုင်ငံ ဖြစ်သည်။

ရွှေအဝယ် လျော့ကျခြင်းသည် ရွှေဈေး ထပ်မတက်ဘဲ တန့်သွားစေနိုင်သည်။

ပြည်ပမှ တင်သွင်းရမည့် ရွှေပမာဏ လျော့ကျသွားစေသည်။ ထိုအခါ ကုန်သွယ်ရေးတွင် ကုန်သွယ်မှု လိုငွေပြနေခြင်းကို လျော့နည်းစေမည် ဖြစ်သည်။ ထိုအခါ ရူပီးကို တောင့်တင်းစေမည် ဖြစ်သည်။

 

အစဉ်အလာအားဖြင့် တစ်နှစ်တာ၏အရောင်းအ၀ယ်အများဆုံးဖြစ်သည့် ဒီဇင်ဘာလတွင် အဆုံးသတ်သည့် သုံးလပတ်တွင် စျေးနှုန်းများ မြင့်မားနေခြင်းသည် ဝယ်ယူသူများကို နောက်ပြန် လန်ကျစေနိုင်သည်ဟု WGC ၏ အိန္ဒိယလုပ်ငန်းကဏ္ဍ  ဒေသခံ အမှုဆောင်အရာရှိချုပ် Somasundaram PR က ပြောကြားသည်။

 

အိန္ဒိယတွင် ရွှေဝယ်လိုအားသည် များသောအားဖြင့် နှစ်ကုန်ပိုင်းတွင် ပိုမိုအားကောင်းလာလေ့ ရှိသည်။ ရိုးရာဓလေ့အရ မင်္ဂလာဆောင်ရာသီ ဖြစ်ခြင်း၊ ဒေပါပလီ၊ နာဗာရာတီ စသည့် အဓိကပွဲတော်များ၏ ရာသီ ဖြစ်ခြင်းတို့ကြောင့် ရွှေထည်များ၊ ရွှေချောင်းများ အဝယ်များကြသည်။

ယမန်နှစ်က ဒီဇင်ဘာ သုံးလပတ်တွင် ရွှေ ၂၇၆.၃ မက်ထရစ်တန် ဝယ်ယူခဲ့ကြသည်။ ယခုနှစ်တွင် လျော့နည်းလိမ့်မည် ခန့်မှန်းထားကြသည်။

ပြည်တွင်းရွှေဈေး ၁၀ ဂရမ်လျှင် ၆၁,၃၉၆ ရူပီးသို့ မြင့်တက်လာသည်။ ယခုနှစ်ဆန်းပိုင်း  အမြင့်ဆုံးစံချိန် ၆၁,၈၄၅ ရူပီးနီးပါးသို့ ရောက်ရှိလာသည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ပထမ၉လတာတွင် ရွှေ ၄၈၁.၂ မက်ထရစ်တန် ဝယ်ယူခဲ့ကြသည်။

 

ယမန်နှစ်က တစ်နှစ်တာတွင် ရွှေ ၇၇၄.၁ မက်ထရစ်တန် ဝယ်ယူခဲ့ကြသည်။ ယခုနှစ်တွင် မက်ထရစ်တန် ၇၀၀ အောက်မှာသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။

 

ရွှေဈေးမြင့်မားနေချိန်တွင် ဝယ်သူ လျော့ကျသွားပြီး ရောင်းသူများ များလာသည်။ ရွှေထည် ရောင်းချသူများ ပိုများသည်ဟု WGC က ပြောကြားသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 06 November 2023 08:22
Rate this item
(0 votes)