မြန်မာကျပ်ငွေနဲ့ ရောင်းချမည့် ပထမဆုံးအကြိမ်ကျောက်မျက်ရတနာပြပွဲ

မြန်မာကျပ်ငွေနဲ့ ရောင်းချမည့် ပထမဆုံးအကြိမ်ကျောက်မျက်ရတနာပြပွဲ google

မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ပထမအကြိမ် ကျောက်မျက်ရတနာပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး 

စစ်ကိုင်းမြို့နယ် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ ထက်ကျော်ကိုယ်ပိုင် အထက်တန်း ကျောင်းဝင်းအတွင်း၌ သြဂုတ် ၂၈ ရက်မှ

 

စက်တင်ဘာ ၁ ရက်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

ကျောက်မျက်ရောင်းချပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးဒေသ ကျောက်စိမ်းမှော်များမှ ထွက်ရှိသော

 

အရည်အသွေးမီ ကျောက်စိမ်းအရိုင်းတွဲ ၁ဝဝဝ ကျော်ကို ခင်းကျင်းပြသပြီး မြန်မာကျပ်ငွေဖြင့် ရောင်းချပေးမည်ဖြစ်သည်။

 

စစ်ကိုင်းမြို့နယ်တွင် ပုတီး၊ လက်ကောက်၊ ချပ်ဝိုင်းကျောက်စိမ်း အချောထည် လုပ်ကိုင်သူများရှိပြီး  

 

ယခင်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်များနှင့် နေပြည်တော် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်

 

ကျောက်မျက် ရတနာပြပွဲများသို့  သွားရောက်ပြီး ကုန်ကြမ်းကျောက်စိမ်း အရိုင်းများ သွားရောက်ဝယ်ယူကာ လုပ်ကိုင်ကြရသည်။

 

စစ်ကိုင်းမြို့ရှိ ဘော်ဂါကျောက်စိမ်း အချောထည်ဝိုင်းလည်း နေ့စဉ် ဖွင့်လှစ်ထားပြီး

 

တရုတ်နိုင်ငံမှ ဝယ်လက်များ၊ ပုတီးနှင့် ကျောက်စိမ်းလက်ကောက်များ လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

 

Source:Myawaddy

 

Gold & Jewellery Buying Guide

Read times Last modified on Friday, 16 August 2019 17:04
Rate this item
(0 votes)
Tagged under