စိန်ပွင့် ၁၂,၀၀၀ ကျော်ပါသော ကမ္ဘာ့စံချိန်တင် စိန်လက်စွပ်

စိန်ပွင့် ၁၂,၀၀၀ ကျော်ပါသော ကမ္ဘာ့စံချိန်တင် စိန်လက်စွပ် Edition

ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်သော Guinness World Records book တွင် စိန်ပွင့်ပေါင်း ၁၂ာ၆၃၈ ပွင့် ပါဝင်သော စိတ်လက်စွပ်က ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စိန်ပွင့်အများဆုံးပါသော လက်စွပ်အဖြစ် ကမ္ဘာစံချိန်သစ် တင်လိုက်ပါတယ်။

 

အိန္ဒိယနိုင်ငံ မီးရပ်မြို့ရှိ Renani Jewels လက်ဝတ်ရတနာ လုပ်ငန်း ထူထောင်သူ Harshit Bansal က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်မှ လက်စွပ်ဒီဇိုင်းဆန်းဖြင့် စံချိန်သစ် တင်လိုက်တာ ဖြစ်ပါတယ်။

The ring weighs a little over 165 grams or 5.8 ounces.

လက်စွပ်ကိုMarigold လို့ အမည်ပေးထားပါတယ်။ ချမ်းသာကြွယ်ဝမှုလက်စွပ် "Ring of Prosperity" လို့လည်း အမည်တွင်ပါတယ်။ ပန်းပွင့်ပုံ အလှဖော်ထားတဲ့ အဝိုင်းပုံ ဒီဇိုင်းမှာ စိန်ပွင့်တွေ အမြောက်အမြား တပ်ဆင်ပေးထားတယ်။
စိန်တွေ အကုန်လုံးက သဘာဝ စိန်တွေချည်း ဖြစ်ပြီး ၃၈.၀၈ ကာရက် စိန်တွေ ဖြစ်တယ်လို့ Guinness World Records က မှတ်တမ်းတင်ထားပါတယ်။ လက်စွပ်ရဲ့ အလေးချိန်က ၁၆၅ ဂရမ် ရှိပါတယ်။ ၅.၈ အောင်စ ဖြစ်ပါတယ်။ 

 

ယခင် ကမ္ဘာ့စံချိန်ဟောင်းက လက်စွပ်တစ်ခုမှာ စိန်ပွင့် ၇,၈၀၁ ပွင့် တပ်ဆင်ထားတယ်။ အဲဒီစိန်လက်စွပ်ကို ပြုလုပ်သူကလည်း အိန္ဒိယနိုင်ငံမှ ဖြစ်ပါတယ်။ ဟိုက်ဒါဘက်မြို့ရှိ Hallmark Jewellers လုပ်ငန်းမှ ဖြစ်ပါတယ်။
Harshit Bansal က Guinness World Records ကို ပြောပြတာမှာ စိန်လက်စွပ် စံချိန်ကို ချိုးဖို့ ၂၀၁၈ ခုနှစ်မှာ သူ စိတ်ကူးရရှိခဲ့တယ်။ လက်ဝတ်ရတနာ ဒီဇိုင်းပညာဖြင့် လက်စွပ်ကို သူ့ကုမ္ပဏီက ဒီဇိုင်းထုတ်ခဲ့တာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်မှာ ပြီးစီးခဲ့ပါတယ်။

 

 

Source: edition

Gold & Jewellery Buying Guide

 

Read times
Rate this item
(0 votes)
Tagged under