ဆိုင်သွားစရာမလိုပဲလက်စွပ်လက်တိုင်းကို ဘယ်လိုသိနိုင်မလဲ

ဆိုင်သွားစရာမလိုပဲလက်စွပ်လက်တိုင်းကို ဘယ်လိုသိနိုင်မလဲ

ဒီတစ်ခါမှာတော့ မင်မင်ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကိုယ့်ရဲ့လက်တိုင်း လက်စွပ်အတိုင်းကို ရွှေဆိုင်တွေ ပန်းထိမ်ဆိုင်တွေ သွားစရာမလိုပဲ အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ တိုင်းတာလို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးသွားမှာပါ။

ပုံလေးတွေနဲ့လဲ ဖော်ပြပေးထားတဲ့ အတွက် လွယ်ကူမယ်လို့လဲ မျှော်လင့်ပါတယ်နော်။

 

ပထမနည်း

လက်ချောင်းကို စက္ကူ သို့မဟုတ် ကြိုးတစ်ချောင်းဖြင့်တိုင်းတာတဲ့နည်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝတ်ရမဲ့ လက်ရဲ့ လုံးပတ်ကို တိုင်းတာဖို့ ခန့်မှန်းခြေအားဖြင့် ၃ / ၄ လက်မအကျယ်ရှိပြီး ၄ လက်မအရှည်ရှိတဲ့ စက္ကူ သို့မဟုတ် ကြိုးတစ်ချောင်း ကိုဖြတ်တောက်ပါ။ ဖြတ်တောက်ထားတဲ့ စက္ကူ သို့မဟုတ် ကြိုး နဲ့ မတင်းမလျော့လေး လက်ရဲ့ နောက်ခလည်တည့်တည့်မှာ အစ ၂ ခု ဆုံမှတ်ကို မှတ်ယူပြီး ပေတံပေါ်မှာ Millimeter (mm) တိုင်းတာပြီး မှတ်ယူထားလို့ရပါတယ်။

 

Measure Your Finger

 

ဒုတိယနည်းလမ်း

ကိုယ်ဝတ်နေကျ ကိုယ်နဲ့ အဆင်အပြေဆုံးဆိုတဲ့ လက်စွပ်နဲ့ ပေတံတစ်ချောင်းလိုအပ်ပါတယ်။ အဲ့တာတွေရပြီဆိုရင်တော့ ပေတံပေါ်ကို လက်စွက်ကိုတင်လိုက်ပါ။ ပြီးရင် လက်စွပ်ရဲ့ ခလယ်တည့်တည့်ကနေ Millimeter (mm) နဲ့တိုင်းတာပြီး ကိုယ့်လက်စွပ် Size ကို သိနိုင်ပါတယ်။

 

Measure a Ring You Already Have

 

 

By Sandy (Gold & Jewellery Buying Guide)

Read times Last modified on Friday, 02 October 2020 18:42
Rate this item
(0 votes)