Amethyst ခရမ်းစွဲ (သို့) ခရမ်းရောင်နီလာကျောက်

Amethyst ခရမ်းစွဲ (သို့) ခရမ်းရောင်နီလာကျောက်

ခရမ်းရောင်နီလာကျောက် အင်္ဂလိပ် အခေါ်အဝေါ် Amethyst ကို စိတ်တည်ငြိမ်စေတဲ့ကျောက်/အဆိပ်အတောက်ဖယ်ရှားပေးသောကျောက် ၊ စိတ်စွမ်းအားကို ကြီးထွားစေတဲ့ ကျောက်အဖြစ်ရှေးယခင်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ အချခင် လုပ်ငန်းဆောင်တာ များ မစခင်မှာ အဆောင်ယတြာ အဖြစ်နဲ့ ခန္ဓာကိုယ်ပေါ်တွင်ဝတ်ဆင်ကြပါတယ်။


ခရမ်းစွဲရဲ့ ကျောက်သားဟာ နီလာတို့ သဘော သဘာဝ နဲ့ အညီ အေးပါတယ်။သူ့ရဲ့ ဒြပ်စင်ကတော့ ပထဝီမြေကြီးနဲ့ ရေပြင်တို့ပါ။ယနေ့ ခေတ်မှာတော့ ခရမ်းစွဲ ကိုဆောင်ခြင်းဖြင့် အရက်အမှုးလွန်ခြင်း ဒဏ်မှ ပျောက်ကင်းစေနိုင်ခြင်း ၊ သူများပြုစား၍မရခြင်း ၊ ဖိအား လျော့စေခြင်း ၊ သစွာ ရှိခံရခြင်း စတဲ့ အကျိုးကျေးဇူးများရရှိမှာပါ။

 


ဒုတိယ ကမ္ဘာ စစ် အတွင်းမှာ ဥရောပမှာ ရှိနေတဲ့ စစ်သားတွေဟာ စစ်ထွက် အဆောင်အဖြစ် ခရမ်းစွဲ ကို ဆောင်ကြပါတယ်။ဒါ့ထက် ခရမ်းစွဲမှာ ရှိတဲ့ အစွမ်းတစ်ခု က ရောဂါကို ပြန်လည်သက်သာ ပျောက်ကင်းလာစေပါတယ် ဒါ့ထက် ခေါင်းအေးစေတာမို့ တရားထိုင်တဲ့ အချိန်တိုင်း ခရမ်းစွဲကို အသုံးပြုကြပါတယ်။

 

ဖေဖော်ဝါရီ မွေးလ သမား များ အတွက် ဆောင်ရမည့်ကျောက်အဆောင်ဖြစ်ပြီး သူ့ဂုဏ်သတ္တိက ဝတ်သူတိုင်းအပေါ် နန်းဆန်စေပါတယ်။ခရမ်းစွဲကို အရောင် အားဖြင့် ခရမ်းရင့် ၊ ခရမ်းနု ၊ ပန်းခရမ်း ၃ ရောင်လာပါတယ်။

 


ထို ခရမ်းစွဲ ကို ဆောင်ထားခြင်း ဖြင့် အစာအဆိပ် ဖြစ်သည်များကို ဖယ်ရှားပေးပါတယ် ၊ လူကို လန်းဆန်းစေပြီး စိတ်နဲ့ ပတ်သက်တဲ့ ရောဂါများ ဖြစ်ပါပွား ခြင်းမှ ကာကွယ်ပေးပါတယ်။

 

<<< Zawgyi >>>

 


-----------------------------

 






 



 

Ref : Energymuse 

Read times
Rate this item
(1 Vote)
Tagged under