၂၀၂၁ အတွက် ရာသီခွင်အရ အကောင်းဆုံးရတနာ

၂၀၂၁ အတွက် ရာသီခွင်အရ အကောင်းဆုံးရတနာ

၂၀၂၀ သည် ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံးသောနှစ် မဖြစ်ခဲ့ပါ။

 

ကိုဗစ်ကပ်ရောဂါ လှိုင်းလေထန်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ဘ၀နေထိုင်မှုပုံစံတွေ ပြောင်းလဲကုန်တဲ့နှစ် တစ်နှစ်အဖြစ် အမှတ်ရနေမှာ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်တွင် လူနေမှု ပုံစံအသစ် ရှုထောင့်အသစ်ဖြင့် အသစ်အစပြုပြီး ဖြတ်သန်းသည့်အခါ သင် မွေးဖွားခဲ့သည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် အားကိုးအားထား ပြုနိုင်သည့် ကျောက်မျက်ရတနာကို အကြံပြုလိုသည်။

 

ထို့အတွက် ထင်ရှားသောနက္ခတ်ဗေဒင်ပညာရှင်နှင့်ကျောက်ကပ်ပညာရှင် Pankaj Khanna၊ ၏ အကြံပြုချက်ကို တင်ပြထားပါသည်။

 

Pankaj Khanna သည် ဗေဒင်တတ်ကျွမ်းသော ကျောက်မျက်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကျောက်မျက်ရတနာလုပ်ငန်း Gem Selections, Khanna Gems. Pvt. Ltd ကို တည်ထောင်သူ ဖြစ်ပြီး ယခုအခါ ယင်းကျောက်မျက်ရတနာလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
သူက မွေးဖွားသည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် ကောင်းကျိုးပြုမည့် ကျောက်မျက်ရတနာကို ဖော်ထုတ်တင်ပြသည်။

 

မိဿရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

 

ဆယ့်နှစ်ရာသီခွင်တွင် ပထမဖြစ်သော သိုးထီးပုံ မိဿရာသီ ဖြစ်သော မတ်လ ၂၀ ရက်မှ ဧပြီလ ၁၉ ရက် အထိ အတွင်း မွေးဖွားသူများသည် အလွန်ရည်မှန်းချက်ကြီးပြီး စိတ်အားထက်သန်မှုနဲ့ ကြီးမားတဲ့စိတ်စွမ်းအားတွေကြောင့်ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ အလားအလာရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လုပ်စရာရှိတာတွေကို မကြောက်မရွံ ကြောက်စိတ်ကင်းမဲ့စွာဖြင့် လုပ်ကိုင်တတ်သူများလည်း ဖြစ်တယ်။

 

ဒီနှစ် အတွက် မိဿရာသီဖွားတို့အဖို့ အသင့်တော်ဆုံး ကျောက်မျက်ရတနာသည် ဂေါ်မုတ်နီ Garnet ဖြစ်ပါတယ်။ ဂေါ်မုတ်နီကို သူ ဝတ်ဆင်ထားတဲ့အခါ ကျန်းမာရေး၊ ကျော်ကြားမှု၊ နာမည်ကောင်းနှင့် ကြွယ်ဝမှုတို့ဖြင့် ကောင်းချီးပေးနိုင်ပါသည်။

 

တကယ်လို့ သူက ဉာဏ်ထက် သွက်လက်ချက်ချာသူ ဖြစ်မယ်။ သူတစ်ပါး အားမကိုးဘဲ ကြိုးစားတယ်။ စိတ်ထက်သန်မှု ပြင်းထန်တယ်ဆိုရင် သူ ဝတ်ဆင်ထားတဲ့ ဂေါ်မုတ်နီ က စီးပွားရေးမှာ ဖြစ်ဖြစ် သက်မွေးအလုပ်မှာ ဖြစ်ဖြစ် အဆင်ပြေပြေ အောင်မြင်မှုတွေ ရရှိနေစေမှာ ဖြစ်ပါတယ်။

 

By Myanmar Wedding Guide

Read times
Rate this item
(0 votes)