လက်ထပ်လက်စွပ်လေးကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင်

လက်ထပ်လက်စွပ်လေးကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင် google.com

မင်္ဂလာမောင်နှံလေးတွေ အတွက်လည်း လက်ထပ်လက်စွပ်နဲ့ လက်ဝတ်ရတနာတွေကို စိတ်တိုင်းကျ အပ်နှံနိုင်မယ့် နေရာအချို့အကြောင်း ပြောပြပေးပါမယ်။

လက်ထပ်လက်စွပ်ဆိုတာ မင်္ဂလာမောင်နှံအတွက် အရေးပါဆုံး လက်ဝတ်ရတနာ အဆင်တန်တာ ဖြစ်သလို မင်္ဂလာပွဲအတွက် မပါမဖြစ်တဲ့ ပစ္စည်း တစ်ခုလည်းပဲ ဖြစ်ပါတယ်။

ဒါ့ပြင် မင်္ဂလာပွဲ ကျင်းပချိန်လေး အတွင်းမှာသာမကဘဲ မင်္ဂလာပွဲပြီးနောက်ပိုင်း တစ်လျှောက်လုံးမှာလည်း ဆင်မြန်းထားရမယ့် လက်ဝတ်ရတနာမျိုး ဖြစ်တဲ့အတွက်ကြောင့် သတို့သားသတို့သမီး

စိတ်တိုင်းကျ ဖန်တီးပြုလုပ်လေ့ရှိကြပါတယ်။  အသင့်ရှိပြီးသား လက်စွပ်တွေကို ရွေးချယ်တာထက် ပန်းထိမ်မှာ အပ်နှံတာမျိုးကို ပိုကြီး ရွေးချယ်ကြပါတယ်။မင်္ဂလာ မောင်နှံလေးတွေ အတွက်လက်ထပ်လက်စွပ်နဲ့

လက်ဝတ်ရတနာတွေကို စိတ်တိုင်းကျ အပ်နှံနိုင်မယ့် နေရာအချို့အကြောင်း ပြောပြပေးပါမယ်။

၁။စိန်နန်းတော်

Sein1

စိန်နန်းတော်မှာတော့ စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ် ပုံစံအသစ်လေးတွေကို ရရှိနိုင်ပြီး ခေတ်ရေစီးကြောင်းအလိုက် လှပတင့်တယ်တဲ့ လက်ဝတ်ရတနာတွေကိုလည်း ရနိုင်ပါတယ်။

 စိန်နန်းတော် မှာ ကိုယ်ပိုင်ဒီဇိုင်း စေ့စပ်လက်စွပ် မင်္ဂလာလက်စွပ်တွေကိုလည်း စိတ်တိုင်းကျ အပ်နှံနိုင်တယ်လို့လည်း သိရပါတယ်။ မင်္ဂလာမောင်နှံတွေ အတွက် စုံတွဲလက်စွပ်တွေကို

ရွေသားချည်း သီးသန့် လက်စွပ်တွေကို စိန်နန်းတော် မှာ (၂၅၀၀၀၀) ကျပ်မှ စတင်ရရှိနိုင်ပြီး ၊ စိန်လက်စွပ်တွေကိုတော့ ( ၅၀၀၀၀၀ ) ၀န်းကျင်က စပြီးရွေးချယ်နိုင်တယ်လို့ သိရပါတယ်။

၂။မြင့်ထွန်းဦး ကျောက်မျက်ရတနာဆိုင်

mto1

မြင့်ထွန်းဦး ကျောက်မျက်ရတနာဆိုင်မှာတော့  ခေတ်မီဒီဇိုင်းမျိုးစုံ လက်ထပ်လက်စွပ်နဲ့  စေ့စပ်လက်စွပ်တွေကို ရွေးချယ် ၀ယ်ယူနိုင်တဲ့ အပြင် ကြိုက်နှစ်သက်တဲ့   စိန်ထည်ဒီဇိုင်း ၊

ရွှေထည်ဒီဇိုင်းတွေ အပြင် 18k White Gold ဒီဇိုင်းတွေကို စိတ်တိုင်းကျ အပ်နှံနိုင်တဲ့အပြင် အပ်ထည်တွေကိုလည်း  အချိန်တစ်ပတ် နှစ်ပတ်အတွင်း ရနိုင်တယ်လို့ သိရပါတယ်။ 

ဒါ့ပြင်၂၀၁၈ အတွက်မြင့်ထွန်းဦး ကျောက်မျက်ရတနာဆိုင် မှာ အထူးလျှော့ဈေး အဖြစ် (၅၀) ရာခိုင်နှုန်း လျှော့ဈေးလည်း ရှိတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်။

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 11:13
Rate this item
(1 Vote)