ပြိဿရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

ပြိဿရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

၂၀၂၀ သည် ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံးသောနှစ် မဖြစ်ခဲ့ပါ။

 

ကိုဗစ်ကပ်ရောဂါ လှိုင်းလေထန်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ဘ၀နေထိုင်မှုပုံစံတွေ ပြောင်းလဲကုန်တဲ့နှစ် တစ်နှစ်အဖြစ် အမှတ်ရနေမှာ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်တွင် လူနေမှု ပုံစံအသစ် ရှုထောင့်အသစ်ဖြင့် အသစ်အစပြုပြီး ဖြတ်သန်းသည့်အခါ သင် မွေးဖွားခဲ့သည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် အားကိုးအားထား ပြုနိုင်သည့် ကျောက်မျက်ရတနာကို အကြံပြုလိုသည်။

 

ထို့အတွက် ထင်ရှားသောနက္ခတ်ဗေဒင်ပညာရှင်နှင့်ကျောက်ကပ်ပညာရှင် Pankaj Khanna၊ ၏ အကြံပြုချက်ကို တင်ပြထားပါသည်။

 

Pankaj Khanna သည် ဗေဒင်တတ်ကျွမ်းသော ကျောက်မျက်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကျောက်မျက်ရတနာလုပ်ငန်း Gem Selections, Khanna Gems. Pvt. Ltd ကို တည်ထောင်သူ ဖြစ်ပြီး ယခုအခါ ယင်းကျောက်မျက်ရတနာလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
သူက မွေးဖွားသည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် ကောင်းကျိုးပြုမည့် ကျောက်မျက်ရတနာကို ဖော်ထုတ်တင်ပြသည်။

 

ပြိဿရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

 

ဆယ့်နှစ်ရာသီခွင်တွင် ဒုတိယဖြစ်သော နွားလားပုံ ပြိဿရာသီဖြစ်သော ဧပြီလ ၂၀ မှ မေလ ၁၉ ရက် အထိ အတွင်း မွေးဖွားသူများသည် အသက်မွေး ဝမ်းကျောင်းမှုတဲ့အလုပ်တွေကို အလေးထားပြီး သူတို့၏ရည်မှန်းချက်များကိုပြည့်မီရန် ကြိုးစားကြတယ်။ သူတို့က အထက်တန်းကျကျ ဘဝဖြင့် နေထိုင်လိုကြတယ်။ အလှအပ ရုပ်ပစ္စည်းတွေကို ပျော်မွေ့ကြတယ်။

 

ဒီနှစ် ၂၀၂၁ မှာ ပြိဿရာသီဖွားတို့ ဝတ်ဆင်သင့်တဲ့ ကျောက်မျက်ကတော့ မဟူရာ ဖြစ်ပါတယ်။ မဟူရာကျောက်က အခြားသူများနှင့်ဆက်ဆံရေးကိုခိုင်မာစေအောင် အကျိုးပြုပေးပါလိမ့်မယ်။ ပင်ပင်ပန်းပန်း မလုပ်ကိုင်ရတဲ့ဘဝမျိုး ရရှိအောင်လည်း အကြောင်းဖန်ပေးပါလိမ့်မယ်။ မဟူရာကျောက်က ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင် ချမ်းမြေ့ခြင်းတွေကို ဆောင်ယူပေးပါတယ်။

Read times Last modified on Thursday, 14 January 2021 17:41
Rate this item
(1 Vote)