နေ့စဉ်လူမှုဘဝမှာ လက်ဝတ်ရတနာတွေဟာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လို့နေပါပြီ။ အမျိုးသမီးတော်တော်များများကလည်း လက်ဝတ်ရတနာတွေကို စွဲလန်းနှစ်ခြိုက်စွာ ဝတ်ဆင်လာကြပါပြီ။
လက်ဝတ်ရတနာဝတ်ဆင်ခြင်းဟာ အမျိုးသမီးတွေကို ပိုမိုကျော့ရှင်းလှပစေပြီး စွဲဆောင်မှုရှိအောင်လည်း အထောက်အပံ့ပေးကြပါတယ်။ လက်ဝတ်ရတနာဆိုတဲ့နေရာမှာ လက်စွပ်၊ နားကပ်၊ ခြေချင်း၊ ဆွဲကြိုးနဲ့ လက်ကောက်ဆိုပြီး အမျိုးအစားကွဲတွေ များစွာရှိပါသေးတယ်။ အဲဒီလက်ဝတ်ရတနာတွေကို ဆွဲဆောင်မှုရှိအောင် ပုလဲ၊ စိန် စတဲ့ကျောက်မျက်ရတနာတွေနဲ့ ဖန်တီးကာ ဒီဇိုင်းအမျိုးမျိုးပြုလုပ်ရောင်းချကြပါတယ်။ ချစ်ခြင်းမေတ္တာတွေကို ဖော်ကြူးတဲ့ အဆင်တန်ဆာလည်းဖြစ်တဲ့အတွက် အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ပေးတဲ့အခါမှာ အကောင်းတကာ့ အကောင်းဆုံးတန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရွေးချယ်ဝယ်ယူကာ ပေးတတ်ကြပါတယ်။ တန်ဖိုးအကြီးဆုံး လက်ဝတ်ရတနာတံဆိပ်တွေများစွာထဲကမှ ဈေးနှုန်းလည်းအလွန်မြင့်မားပြီး အကောင်းတကာ အကောင်းဆုံးလည်းဖြစ်တဲ့ လက်ဝတ်ရတနာ Brand တွေကတော့-
Buccellati

Buccellati ကတော့ အီတလီတန်ဖိုးကြီး Brand ဖြစ်ပြီး Mario Buccellati က 1919 ခုနစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Brand ဟာ အီတလီရွှေနဲ့ ငွေပေါင်းစပ်ဖန်တီးထားတဲ့ အရည်အသွေးမြင့်လက်ရာတွေကြောင့် ကျော်ကြားရခြင်း ဖြစ်ပါတယ်။ ဒါအပြင် Cuff လက်ကောက်တွေကို ရောမ ရိုးရာလက်ရာဒီဇိုင်းပုံစံ အများအပြား ဖန်တီးပြုလုပ်ရောင်းချပါသေးတယ်။ မိသားစုပိုင်စီးပွားရေး Brand ဖြစ်တာနဲ့အညီ အထူးနည်းပညာတွေနဲ့ အသေအချာပြုလုပ်ထားတာတွေ့ရပါတယ်။ များသောအားဖြင့် Buccellati လက်ဝတ်ရတနာတွေက ရွှေနဲ့ငွေသတ္တုရောစပ်ထားတဲ့ လက်ဝတ်ရတနာတွေများပါတယ်။
Tiffany

Tiffany Brand လက်ဝတ်ရတနာ တော်တော်များများကို Great Gastby ရုပ်ရှင်မှာ တွေ့မြင်ဖူးကြမှာပါ။ Tifffany Brand ဟာ အမေရိကန်မှာသာမက အာရှမှာလည်း ကျော်ကြားတဲ့ Brand ဖြစ်ပါတယ်။ ဒီ Brand ကို 1837 ခုနစ်မှာ စတင်တည်ထောင်ခဲ့ပြီး သီးသန့်ထုတ်လုပ်ထားတဲ့ စိန်လက်ဝတ်ရတနာတွေ၊ အရည်အသွေးမီ ငွေလက်ဝတ်ရတနာတွေနဲ့ နာရီတွေကြောင့် လူအမျုားကြားမှာ ရေပန်းစားကျော်ကြားပါတယ်။ ဒါအပြင် Tiffany က လက်ဝတ်ရတနာ၊ရွှေ၊ငွေတွေက အလွန်စတိုင်လ်ကျတဲ့အတွက် မြင်လိုက်တာနဲ့ အကြည့်တွေမခွာချင်လောက်အောင် ဆွဲဆောင်မှုပေးပါတယ်။ သူရဲ့ထူးခြားချက်တစ်ခုကတော့ Online မှာ ဝယ်ယူလို့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီ Brand ရဲ့အကောင်းဆုံးအချက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အသွေးမြင့် ကျောက်မျက်ရတနာတွေကို အသုံးပြုပြီး ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။
Credit: Akhayar




