မွေးနေ့အလိုက် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာများ

မွေးနေ့အလိုက် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာများ Google

အဆောင်တွေ ယတြာတွေနဲ့ ပတ်သက်ပြိး လူတိုင်းနီးပါး စိတ်ဝင်စားကြတာ အမှန်ပါပဲ။

 

ရာသီခွင်အလိုက် ဆောင်ရမယ့်အဆောင်ကျောက်တွေ ရှိသလို လအလိုက် ဆောင်ရမယ့် အဆောင်ကျောက်တွေလည်း ရှိပါတယ်။ အဲဒီလိုပဲ မွေးတဲ့နေနံနဲ့လိုက်ပြီး ဆောင်ရမယ့် အဆောင်ကျောက်တွေလည်း ရှိပါတယ်။ အခုမင်မင်က Gold & Jewelry ပရိသတ်ကြီးအတွက် မွေးတဲ့နေ့နံအလိုက် ဆောင်ရမယ့်အဆောင်ကျောက်တွေနဲ့ ပတ်သက်ပြီး ဖော်ပြပေးမှာ ဖြစ်သလို အဲဒီကျောက်တွေကို ဆောင်ခြင်းကြောင်း ဘယ်လို သက်ရောက်မှုမျိုးတွေ ဖြစ်လာတတ်သလဲ ဆိုတာလေးပါ ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။


တနင်္ဂနွေနေ့ဖွား သားသမီး

ဥဿဖယားကျောက်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာလျော့ပါးစေတဲ့အပြင် စိတ်ဝိညာဉ်ကိုလည်း သန့်ရှင်းစင်ကြယ်စေမှာ ဖြစ်ပါတယ်။ ဥဿဖယားကျောက်ဟာ သင့်ရဲ့ အောင်မြင်မှုကိုလည်း လက်ကမ်းကြိုဆိုနေတဲ့ ကျောက်မျက်တစ်မျိုး ဖြစ်ပါတယ်။

 

တနင်္လာနေ့ဖွား သားသမီးများ

ပုလဲကို ဆောင်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ခွန်အားတွေကို လျော့ပါးအောင် အနှောင့်အယှက်ပေးနေတဲ့ ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ စိတ်ခံစားမှုကို သန့်စင်စေပြီး အကြံကောင်း ဉာဏ်ကောင်းတွေလည်း ရရှိလာတတ်ပါတယ်။သင့်ရဲ့ စိတ်ကို တည်ငြိမ်မှု အပြည့် ရရှိစေနိုင်တာမို့ တနင်္လာနေ့ဖွား သားသမီးတိုင်း ပုလဲလေးတစ်လုံးတော့ ဆောင်ထားဖို့ လိုတယ်နော်။

 

အင်္ဂါနေ့ဖွား သားသမီး

ပတ္တမြားကို ဆောင်ထားရမယ့် မွေးနေ့ရှင်တွေပါပဲ။ စိတ်ခွန်အားကို အပြည့်အဝ တက်ကြွနေစေပြီး ချစ်ခြင်းတွေနဲ့ပြည့်ဝနေတတ်ပါတယ်။ လူချစ်လူခင်ပေါများစေတယ်။ အောင်မြင်မှု ရရှိစေတယ်။ လုပ်သမျှအရာရာကို ကောင်းကျိုး ခံစားရစေပါတယ်။

 

ဗုဒ္ဓဟူးနေ့ဖွား သားသမီး

ခရမ်းစွဲကျာက်မျက်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ အတွေးတွေ၊ စိတ်အကြံအစည်တွေကို သန့်ရှင်းစင်ကြယ်စေပြီး အကြံအစည်ကောင်းတွေလည်း ရရှိလာစေပါတယ်။ သင့်ရဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုလည်း အကောင်အထည်ပေါ်စေဖို့ ထောက်ပံ့ပေးနိုင်သလို တရားထိုင်တဲ့အခါမှာလည်း ခရမ်းစွဲလက်စွပ်ဖြစ်ဖြစ် ဝတ်ထားရင် ပိုမိုတည်ငြိမ်အေးချမ်းမှု ရစေပါသတဲ့။

 

ကြာသပတေးနေ့ဖွား သားသမီး

နီလာကျောက်မျက်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်စေပြီး အတွေးတွေ ဆန်းသစ်လာစေနိုင်ပါတယ်။ ငွေရေးကြေးရေး အောင်မြင်မှုရစေနိုင်ပြီး မိသားစုအရေးမှာလည်း ပိုမိုကောင်းမွန်တဲ့အနာဂတ်ဘဝကို ပိုင်ဆိုင်စေနိုင်ပါတယ်။ သမာဓိအားကောင်းရင် ကောင်းသလို ဒီလိုနီလာအဆောင်ကျောက်ကို ဆောင်ထားတဲ့သူဟာ အကြားအမြင်တောင် ရစေနိုင်သတဲ့လေ။

 

သောကြာနေ့ဖွားသားသမီး

Carnelian ကျောက် ခေါ် အဂိတ်ကျောက်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ ပျူခေတ်ကတည်းက ကံကောင်းစေတဲ့ကျောက်မျက်အဖြစ် ယုံကြည်စွာ ဝတ်ဆင်ခဲ့တဲ့အပြင် ဘေးအန္တရာယ်တွေ ကင်းဝေးစေတယ်လို့လည်း ယုံကြည်ကြပါတယ်။ ကံကောင်းစေတဲ့ကျောက်မျက်ဖြစ်သလို မိသားစုအရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ ကံကောင်းခြင်းတွေကို ယူဆောင်လာနိုင်ပါသတဲ့။

 

စနေနေ့ဖွားသားသမီး

မိုးပြာရောင် Turquoise ကျောက်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံခြုံစိတ်ချရခြင်းတွေကို ခံစားရစေပါတယ်။ မကောင်းတဲ့ဘေးဒဏ်တွေကနေ ကာကွယ်ပေးနိုင်စွမ်းရှိသလို ထူးခြားချက်ကတော့ အန္တရာယ် တစ်ခုခု ရောက်ခါနီးဆို အရောင်ပြောင်းသွားတတ်ပါတယ်။ စိတ်ဝိညာဉ်ကို သန့်ရှင်းစင်ကြယ်စေသလို ယုံကြည်မှုတိုးပွားခြင်း၊ စာနာနားလည်ပေးနိုင်ခြင်းတွေလည်း ရရှိစေနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းဆောင်တာများ တိုးတက်အောင်မြင်စေနိုင်စွမ်းလည်း ရှိပါတယ်။

 

ကဲ ဒီတော့ ကိုယ့်နေ့နံအလိုက် ဘယ်ကျောက်မျက်လေးတွေ ဆောင်ရင် ပိုကောင်းမလဲဆိုတာ ရွေးလို့ရပြီ ထင်ပါတယ်။

 

 

Source: Su Su Gem & Jewellery

Read times
Rate this item
(0 votes)