အထည်ကို ပြန်ကျိုပြီး ဒီဇိုင်းအသစ်လုပ်ရင် အရည်အသွေးပြောင်းသွားသလား?

အထည်ကို ပြန်ကျိုပြီး ဒီဇိုင်းအသစ်လုပ်ရင် အရည်အသွေးပြောင်းသွားသလား? Google

ဒီတစ်ပတ်မှာတော့ ရွှေဗဟုသုတလေးတစ်ခုဖြစ်တဲ့ ရွှေထည်လက်ဝတ်ရတနာလေးတွေကို ဒီဇိုင်းသစ်တစ်တစ်ခုပြုလုပ်မည်ဆိုရင် မိမိတို့ရွှေကိုပဲ ပြန်လုပ်ရင် အဆင်ပြေနိုင်မလား?

 

ဒီလိုလုပ်လိုက်ရင် ရွှေရည်အပြောင်းအလဲဖြစ်သွားမလား ဆိုတဲ့ မေးခွန်းတွေမေးမိကြမှာပါ။

ဒီအတွက် အထည်ကို ဒီဇိုင်းအသစ်ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိမိတို့ရွှေထည် ပစ္စည်းလေးတွေကို ဒီဇိုင်းရိုးသွားလို့ မဝတ်ချင်တော့တဲ့အခါ ဒီဇိုင်းသစ်တစ်ခု ပြန်လည်ပြုလုပ်တတ်ကြပါတယ်။ မိမိတို့မှာရှိတဲ့ ၁၅ပဲရည် ရွှေဆွဲကြိုးကို အခြားဒီဇိုင်းသစ်တစ်ခု ပြန်လုပ်မည်ဆိုလျှင် ထိုဆွဲကြိုးတစ်ခုလုံးကို အရည်ပြန်ကျိုရပါတယ်။

အထည်လေးရဲ့ ဒီဇိုင်းနဲ့ ဂဟေနည်းတာများတာပေါ်မူတည်ပြီးတော့ ရွှေရည်ကွာဟချက်များဖြစ်နိုင်တဲ့အတွက် မူလရွှေရည်တော့ ပြန်မရနိုင်ပါဘူး။

ဥပမာ- ရွှေမောင်းကွင်းကျစ်ထည်လေးတွေမှာဆိုရင် ဂဟေတစ်ချက်ပဲဆက်တာဖြစ်တဲ့အတွက် ပြန်ကျိုတဲ့အခါမှာ ရွှေရည်အနည်းငယ်ပဲ ကျနိုင်ပြီး အပွထည်ကြိုးတွေနဲ့ ကွင်းဆက်များတဲ့ ကြိုးများမှာတော့ ရွှေရည်ပိုကျသွားနိုင်ပါတယ်။

အထက်မှာပြောသွားတဲ့အတိုင်း ဂဟေဆက်နည်းများပေါ်တွင် မူတည်ပြီးလည်း အထည်ပြန်ကြိုရာမှာ ရွှေရည်ပြောင်းလဲနိုင်တဲ့အတွက် ပန်းထိမ်ဆရာသုံးတဲ့ ဂဟေနည်းများပေါ်တွင်လည်း မူတည်ပါတယ်။

 

Crd: U Hton

Read times
Rate this item
(1 Vote)