ရာသီခွင်တစ်ခုစီတိုင်းဟာ မတူညီတဲ့ နက္ခတ်တာရာတစ်ခုစီကို ကိုယ်စားပြုထားကြပြီးတော့ သူတို့ဆီမှာ ထူးခြားမှု ကိုယ်စီရှိနေတတ်ကြပါတယ်။
ဒီလိုပဲ ရာသီခွင်တွေနဲ့ ကိုက်ညီမှုရှိပြီး အဲဒီ့ရာသီခွင်တွေအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ လက်ဝတ်ရတနာတွေလည်း ရှိနေတတ်ကြပါတယ်။ ဘယ်ရာသီခွင်တွေက ဘယ်လိုလက်ဝတ်ရတနာတွေကို ဆောင်ထားခြင်းက ဘယ်လိုအကျိုုးတွေ ရရှိနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အပိုင်း (၁)မှာ တော့ မင်မင်က Aries ကနေ Virgo အထိဖော်ပြပေခဲ့ပြီးဖြစ်ပါတယ်။ အခု အပိုင်း (၂)မှာတော့ Libra ကနေ Pisces ကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။
Libra

Libra ရာသီခွင်တွေ ဆောင်ထားသင့်တဲ့ လက်ဝတ်ရတနာက gemstone အမျိုးအစား ကြည်လင်တဲ့ စိမ်းပြာရောင် ကျောက်မျိုးကို ဆောင်ထားသင့်ပါတယ်။ ဒီလက်ဝတ်ရတနာဆောင်ထားခြင်းက ဘဝမှာ ပိုအဆင်ပြေပြီး ကံကောင်းသူတစ်ယောက် ဖြစ်လာမှာပါ။
Scorpio

Scorpio တွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားတတ်သူတွေဖြစ်တဲ့အတွက် ဘယ်လိုရတနာမျိုးကို ရွေးချယ်သင့်သလဲဆိုတာပြောဖို့ ခက်ခဲလှပါတယ်။ သူုတို့ဆောင်ထားသင့်တဲ့ ကျောက်က အဝါရောင် ကျောက်မျက် topaz, ရောင်စုံသတ္တုဓာတ်ရှိတဲ့ tourmaline, အရောင်ပြောင်းကျောက် opal စတာတွေကို ဆောင်ထားခြင်းက ကံကောင်းခြင်း အောင်မြင်ခြင်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။
Sagittarius

Sagittarius တွေဆောင်ထားသင့်တဲ့ လက်ဝတ်ရတနာက နီလာကျောက်ပဲ ဖြစ်ပါတယ်။ သူတို့အတွက် ဒါဟာ ပျော်ရွှင်မှုတွေ မျှော်လင့်ချက်တွေကို ပြီးပြည့်စုံစေမှာပဲ ဖြစ်ပါတယ်နော်။
Capricorn

Capricorn ရာသီခွင်တေ ဝတ်ဆင်သင့်တာက ကျောက်နီကို အဓိကထားဝတ်ဆင်သင့်ပါတယ်။ ကျောက်နီကို ဝတ်ဆင်ခြင်းက ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးမှာပါ။
Aquarius
Aquarius တွေနဲ့ သင့်တော်တဲ့ လက်ဝတ်ရတနာကတော့ ကျောက်နီ၊ အမျက်ကျောက်နဲ့ မဟူရာ ကျောက်တွေကို ဝတ်ဆင်ခြင်းက ကံကောင်းမှုတွေကို တိုးပွါးစေမှာ ဖြစ်ပါတယ်။
Pisces
Pisces တွေအနေနဲ့ အမျက်ကျောက်၊ စိမ်းပြာရောင်ကျောက်၊ ကျောက်စိမ်း၊ နီလာ စတာတွေကို ဆောင်သင့်ပါတယ်။ ဒါတွေက သူတို့အတွက် တကယ့်ကို ကောင်းမွန်ခြင်းတွေ ဖြစ်ပေါ်စေမယ့် လက်ဝတ်ရတနာတွေ ဖြစ်ပါတယ်။
လဘ်ရွှင်ကံကောင်းစေဖို့ ရာသီခွင်လိုက်ဆောင်ထားသင့်တဲ့ ရတနာပစ္စည်းများ အပိုင်း(၁)
Source: Aunty May




