လဘ်ရွှင်ကံကောင်းစေဖို့ ရာသီခွင်လိုက်ဆောင်ထားသင့်တဲ့ ရတနာပစ္စည်းများ အပိုင်း(၁)

လဘ်ရွှင်ကံကောင်းစေဖို့ ရာသီခွင်လိုက်ဆောင်ထားသင့်တဲ့ ရတနာပစ္စည်းများ အပိုင်း(၁) Google

ရာသီခွင်တစ်ခုစီတိုင်းဟာ မတူညီတဲ့ နက္ခတ်တာရာတစ်ခုစီကို ကိုယ်စားပြုထားကြပြီးတော့ သူတို့ဆီမှာ ထူးခြားမှု ကိုယ်စီရှိနေတတ်ကြပါတယ်။

 

ဒီလိုပဲ ရာသီခွင်တွေနဲ့ ကိုက်ညီမှုရှိပြီး အဲဒီ့ရာသီခွင်တွေအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ လက်ဝတ်ရတနာတွေလည်း ရှိနေတတ်ကြပါတယ်။ ဘယ်ရာသီခွင်တွေက ဘယ်လိုလက်ဝတ်ရတနာတွေကို ဆောင်ထားခြင်းက ဘယ်လိုအကျိုုးတွေ ရရှိနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အပိုင်း (၁)မှာ တော့ မင်မင်က Aries ကနေ Virgo အထိဖော်ပြပေးမှာ ဖြစ်ပြီး အပိုင်း (၂)မှာတော့ Libra ကနေ Pisces အထိဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

Aries

လဘ်ရွှင်ကံကောင်းစေဖို့ ရာသီခွင်လိုက်ဆောင်ထားသင့်တဲ့ ရတနာပစ္စည်းများ |  Auntymay

Aries ရာသီခွင်တွေဆောင်ထားသင့်တဲ့ လက်ဝတ်ရတနာကတော့ ပတ္တမြား ဒါမှမဟုတ် ငွေနဲ့ သန္တာရောစပ်ထားတဲ့ ရတနာမျိုးကို ဝတ်ဆင်သင့်ပါတယ်။ ဒါကို ဆောင်ထားခြင်းဖြင့် ဆွဲဆောင်မှုမြင့်မားခြင်းနဲ့ စွမ်းအင်တိုးပွါးခြင်းတွေကို ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။

 

Taurus

သွေးစွန်းသော ပယင်း နှင့် အိမ်ပြန်ချင်သူများ

Taurus တွေဟာ ကမ္ဘာမြေကြီးကို ကိုယ်စားပြုသူတွေဖြစ်တဲ့အတွက် အဝါရောင်ရှိတဲ့ကျောက်မျိုးကို ဆောင်သင့်ပါတယ်။ ဥပမာ- ပယင်းဖြစ်ပြီး ပယင်းကို ရွှေ၊ ငွေနဲ့ ကြေးနီစတာတွေနဲ့ တွဲပြီး ဝတ်ဆင်ခြင်းက ကံကောင်းခြင်း၊ ဆန္ဒပြည့်ဝခြင်းတွေကို ရရှိစေပါတယ်။

 

Gemini

 Gemini တွေကတော့ နှုတ်ရေးကျွမ်းကျင်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတွေကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာပေးမယ့်အရာကတော့ ခရမ်းရောင်ရှိတဲ့ အမျက်ကျောက်(ဂေါဒန်ကျောက်) ကို ငွေနဲ့တွဲဖက်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

 

Cancer

Emerald Gemstone - Emerald Guide | Zales

 Cancer တွေဆောင်ထားသင့်တဲ့ လက်ဝတ်ရတနာကတော့ မြ ဒါမှမဟုတ် moonstone ကျောက်ကို ဝတ်ဆင်သင့်ပါတယ်။ ဒါတွေဟာ သူတို့အတွက် ကံကောင်းစေတဲ့ အောင်မြင်စေတဲ့ လက်ဝတ်ရတနာ ဖြစ်ပါတယ်။

 

Leo

Gold Hallmarking Mandatory: What is hallmarking, BIS mark, how to check gold  purity. Read all about it

Leo ရာသီခွင်တွေရဲ့ ကံဇာတာတွေကို မြင့်တင်ပေးမယ့် ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးမယ့် လက်ဝတ်ရတနာက ပယင်းကျောက် အဝါရောင်မျိုးကို ရွှေ ဒါမှမဟုတ် ကြေးနီတို့နဲ့ ဝတ်ဆင်သင့်ပါတယ်။

 

Virgo

Vintage ZA Pearl Hoop Earrings For Women handmade Weddings Party Irregular  Geometric Jewelry 2019 big pearl earrings|Hoop Earrings| - AliExpress

Virgo တွေဝတ်ဆင်သင့်တဲ့ လက်ဝတ်ရတနာက ဖြူဆွတ်နေတဲ့ ပုလဲကို ရွေးချယ်သင့်ပြီးတော့ ဒါဟာ သူတို့အတွက် ကောင်းမွန်ခြင်းတွေ ယူဆောင်လာပေးမှာပဲ ဖြစ်ပါတယ်။

 

အပိုင်း (၂) ကိုလဲ ဆက်လက်ဖော်ပြပေးအုံးမှာ မို့လို့ Like & SeeFirst လေး လုပ်ပေးထားပါအုံးနော်။

 

Gold & Jewellery Buying Guide

Source: Aunty May

Additional Info

  • ordering: 0
Read times Last modified on Saturday, 05 December 2020 14:49
Rate this item
(0 votes)