အိမ်ထောင်ရှင်မကောင်းဖြစ်မယ့် လက္ခဏာတွေ ပိုင်ဆိုင်ထားကြတဲ့ ရာသီခွင် (၃)မျိုး

အိမ်ထောင်ရှင်မကောင်းဖြစ်မယ့် လက္ခဏာတွေ ပိုင်ဆိုင်ထားကြတဲ့ ရာသီခွင် (၃)မျိုး

အိမ်ထောင်ရေးတစ်ခုပျော်ရွှင်သာယာဖို့ နှစ်ဦးနှစ်ဖက် သဘောထားညီမျှဖို့ အပေးအယူရှိဖို့လိုသလို အိမ်ထောင်မှုထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးရဲ့ စွမ်းဆောင်ရည်ကလည်း အဓိကကျပါတယ်။

 

ဒီရာသီခွင်တွေကတော့ တစ်ခြားသူတွေနဲ့စာရင် အိမ်ထောင်ရှင်မကောင်းဖြစ်မယ့် စွမ်းဆောင်ရည်လက္ခဏာတွေပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ် ။

 

(၁) Aries

အလုပ်ကြိုးစားပြီး ဆုံးဖြတ်ချက် ပြတ်သားကြတဲ့ Aries တွေကတော့ လက်ထပ်ပြီးရင် သူတို့အိမ်ထောင်ရေးကို ဘယ်လိုဖြစ်စေချင်တယ် ၊ ကလေးဘယ်နှယောက်ယူမယ် ၊ အိမ်ကိုတော့ ဘယ်လိုလေးထားမယ်ကအစ တိကျသေချာတဲ့အဖြေရှိပြီးသား သူလေးတွေပါ။ ဒါ့ကြောင့် ခင်ပွန်းဖြစ်လာမယ့်သူနဲ့ ဒီအကြောင်းအရာတွေအတွက် စကားများ ရန်ဖြစ်နေရမှာမဟုတ်ပါဘူး။ အိမ်မှုကိစ္စနိုင်နင်းသူလေးတွေဖြစ်ပြီး ခင်ပွန်းနဲ့ ပြဿနာတွေကိုလည်း အေးအေးဆေးဆေးဖြေရှင်းနိုင်မယ့်သူ ၊ စကားပြောညင်သာပြီး နူးညံ့သူဖြစ်လို့ ယောက္ခမချစ်မယ့် သူမျိုးလေးတွေပေါ့။ အမှားရှိရင်လည်း ဝင်ခံ ရဲကြသူတွေဖြစ်ပြီး ဘယ်အရာကိုမှမြိုသိပ်မထားတတ်လို့ အိမ်ထောင်ရေးမှာဖြစ်ပေါ်လာမယ့် ပြဿနာအစိုင်အခဲတွေကိုလည်း မကြီးထွားစေလို့ ခင်ပွန်းချစ်မယ့်သူလေးတွေပါ။

 

(၂) Cancer

Cancer လေးတွေကတော့ အိမ်ချစ်တတ်တဲ့သူလေးတွေပါ။ ဒါကပဲ သူတို့ရဲ့အိမ်ထောင်ရေးကိုသာယာစေပြီး အိမ်ထောင်ဖက်နဲ့လည်း ပိုရင်းနှီးချစ်ခင်မှုရစေမှာပါ။ အချက်အပြုတ်လည်းကျွမ်းကျင် ၊ အိမ်ထောင်မှုလည်း နိုင်နင်းလို့ အိမ်ထောင်ရှင်မကောင်းအရည်အချင်းလည်း အပြည့်အဝရှိကြပါတယ်။ သားသမီးတွေရတဲ့အခါမှာလည်း ကောင်းမွန်စွာ ဆုံးမတတ်မယ့် သူလေးတွေဖြစ်ပြီး ခင်ပွန်းရဲ့ အလုပ်ကိစ္စတွေ ၊ လူမှုရေးကိစ္စတွေကိုပါ အထောက်အပံ့ကောင်းပေးနိုင်မယ့် စွမ်းဆောင်ရည်ရှိသူလေးတွေမို့ အရွေးမမှားသင့်ဘူးနော်။

 

(၃) Leo

မွေးရာပါ ဉာဏ်ရည်ကောင်းပြီး ထက်မြက်ကြတဲ့ Leo လေးတွေကတော့ အိမ်ထောင်ရေးမှာ အနွေးဓာတ်ပေးမယ့် သူမျိုးတွေပါ။ အိမ်ထောင်ရေး အမြဲသာယာပျော်ရွှင်အောင် ဖန်တီးနိုင်မယ့် သူတွေဖြစ်ပြီး စကားပြောကောင်းလို့ ယောက္ခမတွေရော ခင်ပွန်းရောရဲ့ အသည်းကျော်လေးတွေပေါ့။ Leo လေးတွေရဲ့ ဉာဏ်ရည်က ခင်ပွန်းရဲ့စီးပွားရေးကိုလည်း ဖြစ်ထွန်းကောင် ကူညီပေးနိုင်တဲ့ အစွမ်းအစလည်းရှိကြပါတယ်တဲ့။

Read times Last modified on Thursday, 15 October 2020 17:31
Rate this item
(1 Vote)
Tagged under