နှလုံးသားနူးညံတဲ့ ရာသီခွင်ဖွား

နှလုံးသားနူးညံတဲ့ ရာသီခွင်ဖွား Google

Pisces (မိန်ရာသီဖွားFeb 19- March 20)

 

မိန်ရာသီဖွားတွေကသူတို့ကိုယ်သူတိုဖော်ရွေမှုမရှိအေးတိအေးစက်ကြီးများဖြစ်နေမလားလို့စိတ်ထဲထင်နေပေမယ့် လူတိုင်းက သူတို့ နှလုံးသားကြီးမာကြင်နာတတ်တဲ့သူတွေလို့မှတ်ထားကြပါတယ်။ မိန်ရာသီဖွားတွေ အစွန်ဆုံးထိ မေတ္တာဂရုဏာတရားကြီးမားပါတယ်။ သူမှာရှိတဲ့ ပစ္စည်းကို နှမြောတွန့်တိုခြင်းမရှိဘဲ ပေးကမ်းတတ်ပါတယ်။ ကူညီတတ်ပါတယ်။ မိန်ရာသီဖွားရဲ့စိတ်အနက်ရှိုင်းဆုံးက နူးညံပြီး စိတ်အားငယ်တတ်ပါတယ်။အခြားသူတွေက သင့်ရဲ့ ကြင်နာတတ်ခြင်းကို အားနည်းချက်အဖြစ်အသုံးချပါလိမ့်မယ်..။

 

CANCER (ကရကဋ်ရာသီဖွား June 21 – July 22)

ကရကဋ်ရာသီဖွားတွေကတော့ သူတို့ချစ်တဲ့သူတွေကို ဂရုစိုက်နိုင်တာထက်ကိုပိုပြီးဂရုစိုက်တတ်ကြပါတယ်။အမြဲတွယ်တာပြီး နေတဲ့သူတွေဖြစ်ပါတယ်။အဲဒါကြောင့်မလို့တစ်ခါတလေသူတို့သူတို့ပြန်ထိန်းပါတယ်အရမ်းတွယ်တာတတ်လို့။ ကရကဋ်ရာသီဖွားတစ်ယောက်ရဲ့တစ်နေ့တာဖြတ်သန်းမှူမှာ အခြားသူတစ်ယောက်ကိုအတွေးစိတ်ကူးကောင်းလေးတွေ ဒါမမဟုတ် အခြားသူတွေကို အကူအညီပေးပြီးမှ သူတို့တစ်နေ့တာကပြီးပြည့်စုံပါတယ်။

 

ARIES (မိဿရာသီဖွား March 21 – April 19)

မိဿရာသီဖွားတွေ အခြားသူတွေကိုဂရုစိုက်ဖို့ ဝေသာဝေးလို့ ထင်ရကောင်းထင်ရပေမယ့် တကယ်တော့ဆန့်ကျင့်ဘက်ပါ။ သူတို့ရဲ့ပြိုင်ဆိုင်လိုတဲ့စိတ်ထားအောက်မှာအခြားသူတွေအတွက်နက်နက်ရှိုင်းရှိုင်းကိုဂရုစိုက်ပါတယ်။နောက်ကွယ်ကနေဂရုစိုက်နေတတ်တဲ့သူမျိုးပါ။အမှန်စင်စစ်တော့တကယ့်ကို နှလုံးသားခံစားချက်ကို ဦးစားပေးသူတွေပါ။ လူအများရှေ့မှာ အနိုင်ယူဂုဏ်ယူနေပေမယ့် နောက်ကွယ်ကနေ ဆက်ပြီးတော့ သူများအတွက် ဂရုစိုက်ပေးနေတတ်တဲ့သူပါ။

 

VIRGO (ကန်ရာသီဖွားAugust 23 – September 22)

ကန်ရာသီဖွားတွေက စိတ်ခံစားမှုကင်းပြီး ခွဲခြမ်းစိတ်ဖြာ နိုင်တဲ့သူတွေလို့ထင်မိကြပေမယ့်လည်း။ အမှန်စင်စစ် စိတ်ထားနူးညံ့ကြသူများဖြစ်ပါတယ်။ အခြားရာသီခွင်ထက်ပိုပြီး တိရစ္ဆာန်လေးကိုလည်းပိုချစ်တတ်ကြပါတယ်။ကန်ရာသီဖွားတွေကစိတ်ခံစားမှုတွေကိူသူတို့ဘာသာသူတို့ဘဲသိမ်းထားပြီး အတွေးများတတ်ကြပါတယ်။ တစ်ယောက်တည်းတွေးနေတတ်တဲ့သူမျိုးပါ။ အဲဒီခံစားချက်တွေပေါက်ကွဲထွက်လာချိန်မှာတောင် သူတို့ကိုယ်သူတို့တည်တည်ငြိမ်ငြိမ်ဘဲရှိပြီး ကူညီစရာရှိတာတွေကိုဆက်ကူညီနေမှာပါ။ အပြင်မှာ အပေါက်ဆိုး နေတတ်ပေမယ့် စိတ်ရင်ကောင်းပြီးနူးညံသူလေးတွေပါ။

 

 

Source: 1875

Read times
Rate this item
(0 votes)
Tagged under