အိမ်ထောင်ရေး ကံကောင်းသော Pisces ( February 19- March 20) ရာသီခွင်ဖွားများ

အိမ်ထောင်ရေး ကံကောင်းသော Pisces ( February 19- March 20) ရာသီခွင်ဖွားများ Google

Piscesတွေက great loverတွေဖြစ်ကြပေမဲ့ တခါတစ်ရံမှာတော့ သူတို့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ နှစ်မြောနေကြသူတွေပါ။

 

ဘယ်လိုစိတ်ကူးတွေကိုအကောင် အထည်ဖော်ရမလဲပဲတွေးနေကြသူတွေလို့တောင် ပြောလို့ရပါတယ်။ Pisces sign ပိုင်ရှင်တွေကချစ်ရတာကြိုက်ပေမဲ့ စိတ်ရှုပ်ရတာကိုတော့ မကြိုက်ကြပါဘူး။ သူတို့ရဲ့ ဘဝကို စိတ်ဝင်စားမှုတွေနဲ့ ထုံမွှမ်းလိုကြသူတွေဖြစ်ပြီး ဒီrelationshipက သူတို့အတွက်အဆင်မပြေလောက်ဘူးလို့ ခံစားမိတာနဲ့ တဖက်လူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နှုတ်ဆက်ကျောခိုင်းထွက်မယ့်သူတွေပါ..။

 

မိန်ရာသီဖွားတို့သည် ချစ်မိက သူမတူ၊ မုန်းမိက လှည့်မကြည့်ဆိုသော လူစားမျိုးဖြစ်၏။ အချစ်ရေးတွင် စိတ်ကူးအလွန်ယဉ်၏။မေတ္တာတရားကို တန်ဖိုးထားတတ်၏။ သို့သော် မထုံတက်တေးသမားများ ဖြစ်၏။ ရင်ထဲမှ အချစ်ကို ဖွင့်ပြောရန် အလွန်သတ္တိနည်း၏။ ထို့အတူ ရွေးချယ်ရခက်ခဲသော အနေအထားများ အမြဲလိုလိုကြုံတတ်၏။ မပြတ်သားခြင်း၊ တွေဝေခြင်း၊ ချိန်ဆမှု ဝေဝါးခြင်းများ ကြုံတတ်၏။ ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ထားမိတတ်လေ၏။ ထို့အပြင် အချစ်ရေးတွင် ချစ်သူကို ဦးစားပေးသလိုလိုနှင့် အတ္တဆန်မိတတ်ကြ၏။ လုံးဝမပြတ်သားသော အနေအထားမျိုးတွေ ဖြစ်သွားတတ်ကြ၏။

 

ချစ်သူတို့၏ အထင်လွဲမှုများကိုလည်း အထူးခံရတတ်၏။ ကိုယ်ကလည်း ချစ်သူအပေါ် အနိုင်ယူလိုတတ်၏။ အချစ်ရေးတွင် အထူးပြတ်သားသင့်ပေ၏။ မိန်ရာသီဖွားတို့သည် အလွန်စန်းပွင့်သူများ ဖြစ်၏။ ချစ်သူခင်သူများ၏။ အိမ်ထောင်ပြုသောအခါ အနှောက်အယှက်များကို ကျော်လွှားပြီးမှ အိမ်ထောင်ပြုရတတ်၏။ အထူးသဖြင့် ချစ်သူ၏ အထင်လွဲမှုကို ခံရပြီးမှ အိမ်ထောင်ပြုရတတ်၏။ အိမ်ထောင်ပြုပြီးက အထူးကြီးပွားတတ်၏။ သို့သော် အိမ်ထောင်ကျပြီးနောက် ဒုတိယလူ ပေါ်လာတတ်ပြန်၏။ အိမ်ထောင်ရေးတွင် (၂) ဆက်ဖြစ်တတ်သည်။ (နှစ်ဆက်ဖြစ်မည်ဟု ဒိဋ္ဌမဆိုလိုပါ) မိမိက အေးဆေးသလောက် မိမိ မိသားစုက ဆူဆူပူပူ ရှိတတ်၏။ သို့သော် အိမ်ထောင်ရေး ကံကောင်းပါမည်။ ကိုယ်တိုင်က သဝန်တိုခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းကို ဆင်ခြင်ပါ။ ဒုတိယလူပေါ်လာတတ်အောင် မြှောက်ထိုးပင့်ကော် ပြောပေးတတ်သူများ၏ စကားကို နားမယောင်မိအောင် ဆင်ခြင်ပါ။ ခေါင်းမာခြင်း၊ အယူအစွဲကြီးခြင်းကိုရှောင်ပါ။ အိမ်ထောင်ရေးကောင်းသော ဇာတာရှင်များဖြစ်၏။


1875
Myanmar Wedding Guide

Read times Last modified on Tuesday, 12 January 2021 11:49
Rate this item
(1 Vote)
Tagged under