ချစ်သူမိန်းကလေးအပေါ် သည်းမခံနိုင်တဲ့အချက်တွေ

ချစ်သူမိန်းကလေးအပေါ် သည်းမခံနိုင်တဲ့အချက်တွေ google

Relationship တစ်ခုမှာ တစ်ယောက်ကို တစ်ယောက် သည်းခံရတာပါပဲ။ ဘယ်သူက ဘယ်လောက်ပဲဆိုးဆိုး၊

ဘယ်သူကဘယ်သူ့အပေါ်မှာ ဘယ်လောက်ပဲစိတ်ကောက်ကောက် အတိုင်းအတာ တစ်ခုထိတော့ရှိကြတယ်မလား။ ဒီတော့ စိတ်ဆိုးစိတ်ကောက်တာတွေကြောင့် ပြဿနာမဖြစ်စေဖို့ ကိုယ့်ချစ်သူက ဘယ်လိုပုံစံတွေကိုမကြိုက်တတ်ဘူးလဲဆိုတာသိထားရပါမယ်။ ယောက်ကျာင်္းလေးအများစု ချစ်သူမိန်းကလေးပေါ်မှာ သည်းမခံနိုင်တဲ့အချက်လေးတွေကို ပြောပြမယ်နော်။ ဒါမှ ရှောင်ရတိမ်းရလွယ်မှာပါ။

 

စိတ်ဆိုးနေတယ်ဆိုရင်

ယောကျာင်္းလေး အများစုက စိတ်ဆိုးနေတယ်ဆိုရင် စကားများများ ပြောလေ့မရှိတော့သလို ဘာကိုမှဂရုမစိုက်မိတဲ့သဘောရှိတတ်ကြပါတယ်။ ဒီအချိန်မှာ အတင်းကြီးစကားသွားပြောတာ၊ စိတ်ဆိုးနေပါတယ်ဆိုမှစိတ်ဆိုးစေမယ့် အကြောင်းအရာတွေ ခပ်များများသွားပြောတာက သည်းခံလိုစိတ်ကုန်ဆုံးစေပြီး ပြဿနာတွေပိုကြီးလာနိုင်ပါတယ်။ ဒီတော့ စိတ်ဆိုးနေတာသိရင် ငြိမ်ငြိမ်လေးနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးနေပေးလိုက်ပါ။

 

ပြဿနာတွေ ဖြစ်တဲ့အခါ

ပြဿနာတွေ ဖြစ်တဲ့အခါ လူမှုကွန်ယက်ပေါ်မှာတက်ပြီးပေါက်ကွဲပြတာတွေကို ယောကျာင်္းလေးအများစုကမကြိုက်ကြပါဘူး။ သူငယ်ချင်းတွေ အချင်းချင်းကြားမှာ အဲဒီပြဿနာကို တော်တော်များများ သိအောင်ပြောပြတာဟာ ယောကျာင်္းလေးတွေအတွက်တော့ သည်းမခံနိုင်လောက်တဲ့ အချက်တစ်ချက်ဆိုတာမမေ့ပါနဲ့။ ဒါကြောင့် ပြဿနာဖြစ်ရင်မိန်းကလေးတို့ လူမှုကွန်ယက်မှာမရှင်းပါနဲ့နော်။

 

ဂိမ်းဝါသနာအိုးဆိုရင်

ကိုယ့်ရဲ့ချစ်သူကောင်လေးက ဘယ်အရာတွေကို ဝါသနာပါပြီး ကြိုက်နှစ်သက်တတ်သလဲဆိုတာ သိထားပါ။ ဂိမ်းဆော့တတ်တဲ့ကောင်လေးဆိုရင် ဂိမ်းဆော့နေချိန်မှာဖုန်းတွေအတင်းဆက်တာ၊ စကားများတာ၊ ဂျီကျတာတွေက ကောင်လေးကို စိတ်ပျက်စေပါတယ်။ ချစ်ရင်အလိုလိုက်ရမှာပဲဆိုပေမယ့် အကန့်အသတ်ရှိတယ်ဆိုတာမမေ့ပါနဲ့။

 

အားကိုးတဲ့ပုံစံ

ချစ်သူကောင်လေးတိုင်းက သူတို့ကို လိုအပ်မှ အားကိုးတဲ့ပုံစံကို ကြိုက်နှစ်သက်လေ့ရှိကြပါတယ်။ ကိုယ့်အားကိုယ်ကိုး စေချင်ကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြဲတမ်းကြီး ဘယ်အရာမဆိုအားကိုးတဲ့ပုံစံကိုတော့ သူတို့ သည်းမခံချင်ကြပါဘူး။

 

မိန်းကလေးတို့ရေ Relationship တစ်ခုမှာ သူ့ဘက်ကိုယ့်ဘက် ညီမျှအောင် ညှိယူပါနော်။ သည်းမခံတာတွေချည်းပဲ လုပ်ရင်တော့ ထားသွားပါလိမ့်မယ်။

 

Credit : Marry 

Myanmar Wedding Guide

Read times Last modified on Thursday, 14 February 2019 16:10
Rate this item
(0 votes)
Tagged under