ဇန်နဝါရီလ ၁၆ ရက် နေ့မှ ၃၁ ရက်နေ့ အထိ ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်း(၂)

ဇန်နဝါရီလ ၁၆ ရက် နေ့မှ ၃၁ ရက်နေ့ အထိ ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်း(၂) google

ကရကဋ် ရာသီ Cancer

 

ဇွန် (၂၂) မှ ဇူလိုင် (၂၂) ကြား

 

အထူးကောင်းသည်။ ဆောင်ရွက်သလောက် တိုးတက်မည်။ ချဲ့တွင်မှုများ ဆက်တိုက်အောင်မြင်မည်။ ယှဉ်ပြိုင်မှုများတွင် မိမိ ဘက်မှ အနိုင်ရမည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ မှန်ကန်မည်။

 

၅၂၈ မှ သည် ၁၅၀၀ မေတ္တာသို့ ကူးပြောင်းသော အချစ်ကံ ပေါ်မည်။ လူချင်းပြင်ပတွင် မတွေ့ဖူးဘဲ တယ်လီဖုန်း ၊အင်တာနက် အဆက်အသွယ်မှ တစ်ဆင့် ဆက်နွယ်လာသော အချစ်ရေး ကိစ္စများ ကြုံမည်။

 

ရည်ရွယ်ချက်မြင့်မားစွာ ထားရှိသူများ အဖို့ ပညာကိစ္စ မှန်သမျှ ဆောင်ရွက်ရန် အထူးကောင်းသည်။ လုပ်ငန်းခွင်အတွင်း လိုအပ်သော ပညာရပ်များ လေ့လာရန် အခါကောင်း ကျရောက်သည်။

 

သွား၊သွားဖုံး ဒုက္ခပေးမည်။ အစာအိမ်နှင့် ပတ်သတ်သော ရောဂါ ဒုက္ခပေးမည်။ အဆုတ်အအေးမိတတ်သည်။ စားသောက်နေကျ မဟုတ်သော ဆန်းပြားသည့် အစားအသောက်တို့ကို စားသုံးခြင်းများ တတ်အားသရွေ့ ရှောင်ရမည်။

 

ယတြာ - သစ်သီးပုံ ပန်းချီ (သို့) အလှဆင် ပစ္စည်းတစ်ခုအား အမြင့်တစ်နေရာတွင် ထားပါ။

 

 

သိဟ်ရာသီ Leo

 

ဇူလိုင် (၂၃) မှ သြဂုတ် (၂၃) ကြား

 

လုပ်နေသော လုပ်ငန်းများ ရပ်တန့် သွားမည်။ အတူတကွ လုပ်နေသော သူများ၏ ပိရိသေသပ်မှု မရှိခြင်း နှင့် ကိုယ်ကျိုးရှာခြင်းများ ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရလိမ့်မည်။

 

အိမ်ထောင်ပျက်ဖူးသော သူများ၊ အချစ်ကံခေခဲ့သူများ အတွက်အထူး စန်းပွင့်သော ကာလ ဖြစ်သည်။

 

သ၀ တစ်သက်တာတွင် အချစ်ရေး ၊ အိမ်ထောင်ရေး ကိစ္စ ကို ဆုံးဖြတ်ပတ်သတ်ခြင်း မပြုတော့ ဟူ၍ ယတိပြတ် စဉ်းစားသူများ မေတ္တာရေး ကိစ္စ ဆုံးဖြတ်ရမည်။

 

စာတွင် အာရုံမရှိ။ တစ်စုံတစ်ရာ အပေါ်တွင် စူးစိုက်၍ မရသလို စိတ်တိုသည်။ ပျံ့လွင့်လှုပ်ရှားနေမည်။ ကျောင်းစည်းကမ်း ဖောက်ဖျက်ခြင်း မိဘဆရာများ အား စိတ်ငြိုငြင်အောင် ပြုလိုသော စိတ်များ တဖွားဖွား ပေါ်နေမည်။

 

အစားအသောက် အနေအထိုင် ဂရုစိုက်ရမည်။ ရုတ်တရက် ဖျားနာခြင်းများ ဖြစ်လွယ်သည်။ ခြေဖျားလက်ဖျားတို့တွင် မတော်တဆ ထိခိုက်တတ်သည်။ အိမ်မွေး တိရစ္ဆာန်များ ကိုက်ခံ ရမည်ဆိုက ချက်ချင်းဆေးကုသမှုခံယူပါ။

 

ယတြာ - တောင်အရပ် တွင် အနီရောင်၊ အရှေ့အရပ်တွင် အစိမ်းရောင် တို့ ထားရှိလိုက်ပါ။

 

 

ကန်ရာသီ Virgo

 

သြဂုတ် (၂၄) မှ စက်တင်ဘာ (၂၂) ကြား

 

အတိုက်အခံ အနှောက်အယှက်များ လွှမ်းမိုးနေသည်။ ဆောင်ရွက်သမျှသတိရှိရမည်။ အပြိုင်အဆိုင်များ နှင့်တွေ့မည်။ လူလိမ်လူကောက် အန္တရာယ် ဂရုစိုက်ရမည်။ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်ရှတတ်သည်။

 

ချစ်သူရှိပြီးသူနှင့် တကွ စေ့စပ်ကြောင်းလမ်းပြီးသူများ ၊ ပဋိပက္ခများ ရှိမည်။ နှစ်ဦး အကြား တတိယ လူပေါ်တတ်သည်။ ချစ်သူ၏ ခြေလှမ်းမှားမှုများကို တစ်ပါးသူ အပြောမယုံလင့်ကစား လက်တွေ့ကြုံကာ မှ စိတ်ဆင်းရဲရကိန်းဆိုက်သည်။

 

ကျောင်းအပြောင်းအရွှေ့ ကိစ္စ ဆောင်ရွက်သူများ ၊ ပြည်ပ အတတ်ပညာ လေ့လာသူများ အဖို့ အဆင့်မြင့် အောင်မြင်မှုများရရှိနိုင်သည်။

 

မူလ သင်ကြားသော ပညာနှင့် အဆက်အစပ်မရှိသော အခြားပညာရပ်များကို လမ်းကြောင်းပြောင်း၍ လေ့လာ အောင်မြင်မည်။

 

ခရီးသွား စဉ်ဖျားနာတတ်သည်။ အစာအိမ်နှင့် ပတ်သတ်သော ရောဂါ များကို ပေါ့ပေါ့ တန်တန် သဘောထား၍ ဝေဒနာ ပြင်းစွာ ကြုံတတ်သည်။ ဆရာဝန် ညွှန်ကြားမှု မရှိသော ဆေးဝါး ဆေးပြားတို့ကို သုံးစွဲခြင်း မပြုရ။

 

ယတြာ - ဝါးနှင့် ပြုလုပ်ထားသော အလှဆင်ပစ္စည်းအား အရှေ့တောင် အရပ်တွင် ထားရှိပါ။

 

 

တူရာသီ (Libra)

 

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ကြား

 

ကာလအတန်ကြာဆိုင်းငံ့ထားသော အလုပ်များ ပြန်လည်ဆောင်ရွက်ရမည်။ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ ဆက်ဆံရသော ဝန်းကျင် အပြောင်းအလဲရှိမည်။ အလုပ်နေရာ အပြောင်းအရွှေ့များ ပြုရမည်။

 

ဝေးကွာခြင်း၊ ခွဲခွာခြင်းနဲ့ ပဋိပက္ခဖြစ်ခြင်းများ လွှမ်းမိုးနေသည်။ ပြဿနာ အသေးစားမှ တစ်ဦးနှင့်တစ်ဦး မခေါ်နိုင်လောက်အောင် အခြေအနေကြုံမည်။

 

စိတ်အာရုံတွင် ပေါ်ပေါက်လာသည့် ပညာစိတ်ကူး၊ ရည်မှန်းချက်တို့ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်။

 

စာမေးပွဲရှိပါက ထိပ်တန်းမှအောင်မြင်မည်။ အလုပ်စာမေးပွဲ၊ ယှဉ်ပြိုင်မှုအ၀၀တွင် ရည်မှန်းချက်ထားသလောက် အောင်မြင်မည်။

 

ကျန်းမာရေးတွင် ကြီးမားသောအညံ့မရှိပါ။ ရောဂါဖြစ်က ဆေးဝါးကုသမှု ထိရောက်စွာပြုသင့်သည်။ အမေ၊ အဘွား၊ အဒေါ် အစရှိသည့် အမျိုးသမီးအကြီးအကဲများ၏ ကျန်းမာရေးဂရုစိုက်ရမည်။

 

ယတြာ - ပိုက်ဆံအိတ်အတွင်း ရွှေရောင်တွယ်ချိတ် (၂) ခုကို တွဲချိတ်၍ ဆောင်ယူပါ။

 

 

ဗိစ္ဆာရာသီ (Scorpio)

 

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာ (၂၂) ကြား

 

ဆုံးဖြတ်ချက်မှန်သမျှအောင်မြင်မည်။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်။ ကိုယ်ပိုင်ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်မည်။

 

ဘဝသစ်တစ်ခု စတင်လိုသူများ၊ အတိတ်ကာလတစ်ခုလုံးအား ဇာတ်မြှုပ်လိုသူများအတွက် အထူးကောင်းသော ကာလဖြစ်သည်။ နေရာသစ်၊ ဝန်းကျင်သစ်တွင် အချစ်သစ်အား လက်ခံနိုင်သော အခြေအနေများ ပေါ်ပေါက်မည်။

 

ကာလအတန်ကြာ ပညာနှင့် ဝေးကွာနေသူများ စာမေးပွဲဖြေဆိုရမည်။ မိမိကိုယ်မိမိ မရွံ့မရဲပြောဆိုရာမှ အဆင်ပြေပြေနှင့် အောင်မြင်ခြင်းကို ရပေလိမ့်မည်။ မိတ်ကောင်းများ၏ အထောက်အကူဖြင့် အတတ်ပညာသစ်များ လေ့လာနိုင်မည်။

 

အပျော်ခရီးသွားခြင်းများအား တတ်နိုင်သမျှ ရှောင်ပါ။ အပျော်လွန်ခြင်းကြောင့် မတော်တဆ အန္တရာယ်ဖြစ်တတ်သည်။ လှေကားအတက်အဆင်း၊ ယာဉ်အတက်အဆင်းတို့၌ မတော်တဆ ချော်လဲတတ်သည်။

 

ယတြာ - အရှေ့မြောက်အရပ်တွင် ကျောက်အရိုင်းတုံးတစ်တုံး ထားရှိ၍ အလုပ်ကိစ္စများဆောင်ရွက်ပါ။

 

 

ဓနုရာသီ (Sagittarius)

 

နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁) ကြား

 

အလုပ်နှင့်ပတ်သက်သော ကိစ္စများတွင် လူမျိုးကွဲ၊ လူမျိုးခြားများနှင့် အကျိုးပေးမည်။ မည်သည့်ကိစ္စမဆို ချက်ချင်းဆုံးဖြတ်ပြီး သွက်လက်စွာ လုပ်ကိုင်ပါ။ အပြိုင်အဆိုင်များရှိမည်။

 

ရပ်ဝေး၊ ပြည်ပနိုင်ငံရပ်ခြားမှ ချစ်သူနှင့်ပြန်လည်ဆုံစည်းရန် အခြေအနေကောင်းကြုံမည်။ စိတ်ချမ်းမြေ့ရမည်။ လူမျိုးကွဲ၊ ဘာသာကွဲနှင့် မေတ္တာမျှ၍ စိတ်အနှောင့်အယှက်ဖြစ်နေသူများ ပြေလည်သွားမည်။

 

ပြောင်းလဲလာသောအခြေအနေသစ်ကို အသုံးချ၍ အဆင့်မြင့် တိုးတက်မှု ရရှိမည်။ လုပ်ငန်းခွင်မှသူများ ရှောင်လွှဲ၍မရသောသင်တန်းများတက်ရောက်ရမည်။

 

အသက်မွေးမှုနှင့်ပတ်သက်သောသင်တန်းများတက်ရမည်။မူလတစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးသော ဝေဒနာများ ကပ်ငြိတတ်သည်။

 

ကာလအတန်ကြာဖြစ်နေသည်ကို သတိမထားမိသော ရောဂါဝေဒနာအား ဆေးစစ်သောအခါ တွေ့ရှိလိမ့်မည်။ မျက်စိတွင် မတော်တဆ ထိခိုက်တတ်သည်။

 

ယတြာ - မြောက်ဘက်အခြမ်းတွင် အနက်ရောင် ယွန်းဘူးတစ်ခုအား ကျောက်ရိုင်းတုံးတစ်ခုထည့်၍ အမြင့်တစ်နေရာတွင်တင်ပါ။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

ကရကဋ္ ရာသီ Cancer

 

ဇြန္ (၂၂) မွ ဇူလိုင္ (၂၂) ႀကား

 

အထူးေကာင္းသည္။ ေဆာင္ရြက္သေလာက္ တိုးတက္မည္။ ခ်ဲ႕တြင္မွဳမ်ား ဆက္တိုက္ေအာင္ျမင္မည္။ ယွဥ္ျပိဳင္မွုမ်ားတြင္ မိမိ ဘက္မွ အႏိုင္ရမည္။ ကိုယ္ပုိင္ဆံုးျဖတ္ခ်က္မ်ား မွန္ကန္မည္။

 

၅၂၈ မွ သည္ ၁၅၀၀ ေမတၱာသို႕ ကူးေျပာင္းေသာ အခ်စ္ကံ ေပၚမည္။ လူခ်င္းျပင္ပတြင္ မေတြ႕ဖူးဘဲ တယ္လီဖုန္း ၊အင္တာနက္ အဆက္အသြယ္မွ တစ္ဆင့္ ဆက္ႏြယ္လာေသာ အခ်စ္ေရး ကိစၥမ်ား ႀကံဳမည္။

 

ရည္ရြယ္ခ်က္ျမင့္မားစြာ ထားရွိသူမ်ား အဖို႕ ပညာကိစၥ မွန္သမွ် ေဆာင္ရြက္ရန္ အထူးေကာင္းသည္။ လုပ္ငန္းခြင္အတြင္း လိုအပ္ေသာ ပညာရပ္မ်ား ေလ့လာရန္ အခါေကာင္း က်ေရာက္သည္။

 

 

သြား၊သြားဖံုး ဒုကၡေပးမည္။ အစာအိမ္ႏွင့္ ပတ္သတ္ေသာ ေရာဂါ ဒုကၡေပးမည္။ အဆုတ္အေအးမိတတ္သည္။ စားေသာက္ေနက် မဟုတ္ေသာ ဆန္းျပားသည့္ အစားအေသာက္တုိ႕ကို စားသံုးျခင္းမ်ား တတ္အားသေရြ႕ ေရွာင္ရမည္။

 

ယႀတာ - သစ္သီးပံု ပန္းခ်ီ (သို႕) အလွဆင္ ပစၥည္းတစ္ခုအား အျမင့္တစ္ေနရာတြင္ ထားပါ။

 

သိဟ္ရာသီ Leo

 

ဇူလိုင္ (၂၃) မွ ႀသဂုတ္ (၂၃) ႀကား

 

လုပ္ေနေသာ လုပ္ငန္းမ်ား ရပ္တန္႕ သြားမည္။ အတူတကြ လုပ္ေနေသာ သူမ်ား၏ ပိရိေသသပ္မွဳ မရွိျခင္း ႏွင့္ ကိုယ္က်ိဳးရွာျခင္းမ်ား ေႀကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ရလိမ့္မည္။

 

အိမ္ေထာင္ပ်က္ဖူးေသာ သူမ်ား၊ အခ်စ္ကံေခခဲ့သူမ်ား အတြက္အထူး စန္းပြင့္ေသာ ကာလ ျဖစ္သည္။

 

သ၀ တစ္သက္တာတြင္ အခ်စ္ေရး ၊ အိမ္ေထာင္ေရး ကိစၥ ကို ဆံုးျဖတ္ပတ္သတ္ျခင္း မျပဳေတာ့ ဟူ၍ ယတိျပတ္ စဥ္းစားသူမ်ား ေမတၱာေရး ကိစၥ ဆံုးျဖတ္ရမည္။

 

စာတြင္ အာရံုမရွိ။ တစ္စံုတစ္ရာ အေပၚတြင္ စူးစိုက္၍ မရသလို စိတ္တိုသည္။ ပ်ံ႕လြင့္လွဳပ္ရွားေနမည္။ ေက်ာင္းစည္းကမ္း ေဖာက္ဖ်က္ျခင္း မိဘဆ၇ာမ်ား အား စိတ္ျငိဳျငင္ေအာင္ ျပဳလိုေသာ စိတ္မ်ား တဖြားဖြား ေပၚေနမည္။

 

အစားအေသာက္ အေနအထိုင္ ဂရုစိုက္ရမည္။ ရုတ္တရက္ ဖ်ားနာျခင္းမ်ား ျဖစ္လြယ္သည္။ ေျခဖ်ားလက္ဖ်ားတို႕တြင္ မေတာ္တဆ ထိခိုက္တတ္သည္။ အိမ္ေမြး တိရစာၧန္မ်ား ကိုက္ခံ ရမည္ဆိုက ခ်က္ခ်င္းေဆးကုသမွဳခံယူပါ။

 

ယႀတာ - ေတာင္အရပ္ တြင္ အနီေရာင္၊ အေရွ႕အရပ္တြင္ အစိမ္းေရာင္ တို႕ ထားရွိလုိက္ပါ။

 

ကန္ရာသီ Virgo

 

ႀသဂုတ္ (၂၄) မွ စက္တင္ဘာ (၂၂) ႀကား

 

အတိုက္အခံ အေႏွာက္အယွက္မ်ား လႊမ္းမိုးေနသည္။ ေဆာင္ရြက္သမွ်သတိရွိရမည္။ အျပိဳင္အဆိုင္မ်ား ႏွင့္ေတြ႕မည္။ လူလိမ္လူေကာက္ အႏၱရာယ္ ဂရုစိုက္ရမည္။ အေရးႀကီးေသာ စာရြက္စာတမ္းမ်ား ေပ်ာက္ရွတတ္သည္။

 

ခ်စ္သူရွိျပီးသူႏွင့္ တကြ ေစ့စပ္ေႀကာင္းလမ္းျပီးသူမ်ား ၊ ပဋိပကၡမ်ား ရွိမည္။ ႏွစ္ဦး အႀကား တတိယ လူေပၚတတ္သည္။ ခ်စ္သူ၏ ေျခလွမ္းမွားမွဳမ်ားကို တစ္ပါးသူ အေျပာမယံုလင့္ကစား လက္ေတြ႕ႀကံဳကာ မွ စိတ္ဆင္းရဲရကိန္းဆိုက္သည္။

 

ေက်ာင္းအေျပာင္းအေရႊ႕ ကိစၥ ေဆာင္ရြက္သူမ်ား ၊ ျပည္ပ အတတ္ပညာ ေလ့လာသူမ်ား အဖို႕ အဆင့္ျမင့္ ေအာင္ျမင္မွဳမ်ားရရွိႏိုင္သည္။

 

မူလ သင္ႀကားေသာ ပညာႏွင့္ အဆက္အစပ္မရွိေသာ အျခားပညာရပ္မ်ားကို လမ္းေႀကာင္းေျပာင္း၍ ေလ့လာ ေအာင္ျမင္မည္။

 

ခရီးသြား စဥ္ဖ်ားနာတတ္သည္။ အစာအိမ္ႏွင့္ ပတ္သတ္ေသာ ေရာဂါ မ်ားကို ေပါ့ေပါ့ တန္တန္ သေဘာထား၍ ေ၀ဒနာ ျပင္းစြာ ႀကံဳတတ္သည္။ ဆရာ၀န္ ညႊန္ႀကားမွဳ မရွိေသာ ေဆး၀ါး ေဆးျပားတို႕ကို သံုးစြဲျခင္း မျပဳရ။

 

ယႀတာ - ၀ါးႏွင့္ ျပဳလုပ္ထားေသာ အလွဆင္ပစၥည္းအား အေရွ႕ေတာင္ အရပ္တြင္ ထားရွိပါ။

 

တူရာသီ (Libra)

 

စက္တင္ဘာ (၂၃) မွ ေအာက္တိုဘာ (၂၃) ၾကား

 

ကာလအတန္ၾကာဆိုင္းငံ့ထားေသာ အလုပ္မ်ား ျပန္လည္ေဆာင္ရြက္ရမည္။ ျပႆနာေဟာင္းမ်ား ေျဖရွင္းႏိုင္မည္။ ဆက္ဆံရေသာ ၀န္းက်င္ အေျပာင္းအလဲရွိမည္။ အလုပ္ေနရာ အေျပာင္းအေရႊ႕မ်ား ျပဳရမည္။

 

ေ၀းကြာျခင္း၊ ခြဲခြာျခင္းနဲ႔ ပဋိပကၡျဖစ္ျခင္းမ်ား လႊမ္းမိုးေနသည္။ ျပႆနာ အေသးစားမွ တစ္ဦးႏွင့္တစ္ဦး မေခၚႏိုင္ေလာက္ေအာင္ အေျခအေနၾကံဳမည္။

 

စိတ္အာရံုတြင္ ေပၚေပါက္လာသည့္ ပညာစိတ္ကူး၊ ရည္မွန္းခ်က္တို႔ကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မည္။

 

စာေမးပြဲရွိပါက ထိပ္တန္းမွေအာင္ျမင္မည္။ အလုပ္စာေမးပြဲ၊ ယွဥ္ၿပိဳင္မႈအ၀၀တြင္ ရည္မွန္းခ်က္ထားသေလာက္ ေအာင္ျမင္မည္။

 

က်န္းမာေရးတြင္ ႀကီးမားေသာအညံ့မရွိပါ။ ေရာဂါျဖစ္က ေဆး၀ါးကုသမႈ ထိေရာက္စြာျပဳသင့္သည္။ အေမ၊ အဘြား၊ အေဒၚ အစရွိသည့္ အမ်ိဳးသမီးအႀကီးအကဲမ်ား၏ က်န္းမာေရးဂရုစိုက္ရမည္။

 

ယၾတာ - ပိုက္ဆံအိတ္အတြင္း ေရႊေရာင္တြယ္ခ်ိတ္ (၂) ခုကို တြဲခ်ိတ္၍ ေဆာင္ယူပါ။

 

ဗိစာၦရာသီ (Scorpio)

 

ေအာက္တိုဘာ (၂၄) မွ ႏို၀င္ဘာ (၂၂) ၾကား

 

ဆံုးျဖတ္ခ်က္မွန္သမွ်ေအာင္ျမင္မည္။ အခက္အခဲအားလံုးကို ေက်ာ္လႊားႏိုင္မည္။ ကိုယ္ပိုင္ရည္ရြယ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္မည္။

 

ဘ၀သစ္တစ္ခု စတင္လိုသူမ်ား၊ အတိတ္ကာလတစ္ခုလံုးအား ဇာတ္ျမွဳပ္လိုသူမ်ားအတြက္ အထူးေကာင္းေသာ ကာလျဖစ္သည္။ ေနရာသစ္၊ ၀န္းက်င္သစ္တြင္ အခ်စ္သစ္အား လက္ခံႏိုင္ေသာ အေျခအေနမ်ား ေပၚေပါက္မည္။

 

ကာလအတန္ၾကာ ပညာႏွင့္ ေ၀းကြာေနသူမ်ား စာေမးပြဲေျဖဆိုရမည္။ မိမိကိုယ္မိမိ မရြံ႕မရဲေျပာဆိုရာမွ အဆင္ေျပေျပႏွင့္ ေအာင္ျမင္ျခင္းကို ရေပလိမ့္မည္။ မိတ္ေကာင္းမ်ား၏ အေထာက္အကူျဖင့္ အတတ္ပညာသစ္မ်ား ေလ့လာႏိုင္မည္။

 

အေပ်ာ္ခရီးသြားျခင္းမ်ားအား တတ္ႏိုင္သမွ် ေရွာင္ပါ။ အေပ်ာ္လြန္ျခင္းေၾကာင့္ မေတာ္တဆ အႏၱရာယ္ျဖစ္တတ္သည္။ ေလွကားအတက္အဆင္း၊ ယာဥ္အတက္အဆင္းတို႔၌ မေတာ္တဆ ေခ်ာ္လဲတတ္သည္။

 

ယၾတာ - အေရွ႕ေျမာက္အရပ္တြင္ ေက်ာက္အရိုင္းတံုးတစ္တံုး ထားရွိ၍ အလုပ္ကိစၥမ်ားေဆာင္ရြက္ပါ။

 

ဓႏုရာသီ (Sagittarius)

 

ႏို၀င္ဘာ (၂၃) မွ ဒီဇင္ဘာ (၂၁) ၾကား

 

အလုပ္ႏွင့္ပတ္သက္ေသာ ကိစၥမ်ားတြင္ လူမ်ိဳးကြဲ၊ လူမ်ိဳးျခားမ်ားႏွင့္ အက်ိဳးေပးမည္။ မည္သည့္ကိစၥမဆို ခ်က္ခ်င္းဆံုးျဖတ္ၿပီး သြက္လက္စြာ လုပ္ကိုင္ပါ။ အၿပိဳင္အဆိုင္မ်ားရွိမည္။

 

ရပ္ေ၀း၊ ျပည္ပႏိုင္ငံရပ္ျခားမွ ခ်စ္သူႏွင့္ျပန္လည္ဆံုစည္းရန္ အေျခအေနေကာင္းႀကံဳမည္။ စိတ္ခ်မ္းေျမ႕ရမည္။ လူမ်ိဳးကြဲ၊ ဘာသာကြဲႏွင့္ ေမတၱာမွ်၍ စိတ္အေႏွာင့္အယွက္ျဖစ္ေနသူမ်ား ေျပလည္သြားမည္။

 

ေျပာင္းလဲလာေသာအေျခအေနသစ္ကို အသံုးခ်၍ အဆင့္ျမင့္ တိုးတက္မႈ ရရွိမည္။ လုပ္ငန္းခြင္မွသူမ်ား ေရွာင္လႊဲ၍မရေသာသင္တန္းမ်ားတက္ေရာက္ရမည္။

 

အသက္ေမြးမႈႏွင့္ပတ္သက္ေသာသင္တန္းမ်ားတက္ရမည္။မူလတစ္ႀကိမ္တစ္ခါမွ မျဖစ္ဖူးေသာ ေ၀ဒနာမ်ား ကပ္ၿငိတတ္သည္။

 

ကာလအတန္ၾကာျဖစ္ေနသည္ကို သတိမထားမိေသာ ေရာဂါေ၀ဒနာအား ေဆးစစ္ေသာအခါ ေတြ႕ရွိလိမ့္မည္။ မ်က္စိတြင္ မေတာ္တဆ ထိခိုက္တတ္သည္။

 

ယၾတာ - ေျမာက္ဘက္အျခမ္းတြင္ အနက္ေရာင္ ယြန္းဘူးတစ္ခုအား ေက်ာက္ရုိင္းတံုးတစ္ခုထည့္၍ အျမင့္တစ္ေနရာတြင္တင္ပါ။

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 03 February 2020 16:24
Rate this item
(4 votes)
Tagged under