မောင်လေးတွေနဲ့ ဒိတ်တဲ့ မမ တွေ အချစ်ရေးမှာ ပိုပြီးပျော်ရွှင်ရတယ်ဟု စစ်တမ်းတစ်ခုမှာ ဖော်ပြ

မောင်လေးတွေနဲ့ ဒိတ်တဲ့ မမ တွေ အချစ်ရေးမှာ ပိုပြီးပျော်ရွှင်ရတယ်ဟု စစ်တမ်းတစ်ခုမှာ ဖော်ပြ

Wedding Guide ရဲ့ချစ်သူတွေထဲမှာ မောင်လေးတွေ နဲ့ ဒိတ်တဲ့မမတွေ၊ မမတွေနဲ့ဒိတ်တဲ့ မောင်လေးတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ အမျိုးသမီး အများစုကတော့ ကိုယ့်ထက်အသက်ကြီးတဲ့ ယောက်ျားတွေကိုပိုပြီး သဘောကျကြပါတယ်။ အားကိုးမှီခိုချင်တယ်၊ ဆိုးချင်နွဲ့ချင်တဲ့ ပင်ကိုယ်စိတ်အခံ ရှိသူတွေကတော့ မောင်လေးထပ်ကိုကြီးတွေကိုပဲ ပိုရွေးချယ်ချင်တဲ့ စိတ်မျိုးရှိနေကြတာပါ။

 

 ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ မမ နဲ့ မောင်လေး စုံတွဲတွေ ပိုများလာပါတယ်။ လေ့လာမှုတစ်ခုမှာတော့ ကိုယ့်ထက်အသက်ငယ်တဲ့ မောင်လေးတွေနဲ့ ဒိတ်တဲ့အမျိုးသမီးတွေဟာ အချစ်ရေးမှာပိုပြီး ပျော်ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Bright Side မှာ ဖော်ပြထားတာပါ။

https://www.instagram.com/p/BuUceOLgRk7/?utm_source=ig_embed

 

ကိုယ့်ထက် အသက်ငယ်တဲ့ အမျိုးသားတွေနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေဟာ Relationship မှာ ပိုပြီး ပျော်ရတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ Dr. Lehmiller ဆိုသူက အမျိုးသမီး (၂၀၀)ကို စစ်တမ်းကောက် ယူခဲ့တာပါ။ သူစစ်တမ်းကောက်တဲ့ အထဲမှာတော့ ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ့ တွဲနေတဲ့ အမျိုးသမီးတွေရော၊ ရွယ်တူတွဲတဲ့သူတွေရော၊ ငယ်တဲ့သူနဲ့ တွဲနေတဲ့အမျိုးသမီးတွေရော အစုံပါပါတယ်။ အဲ့ဒီအခါမှာတော့ ကိုယ့်ထက်အသက်ငယ်တဲ့ အမျိုးသားတွေနဲ့တွဲတဲ့ အမျိုးသမီးတွေဟာ Relationship မှာ ပိုပျော်ရွှင်ပြီး စိတ်ကျေနပ်မှု ပိုရတယ်လို့ဆိုပါတယ်။ အသက် (၁၀)နှစ်ကျင်လောက်ငယ်တဲ့ အမျိုးသားတွေနဲ့ တွဲနေတဲ့ အမျိုးသမီးတွေဆိုရင် ပိုပြီးတော့တောင် ပျော်ရွှင်ရတယ်ဆိုတဲ့ အချက်ကိုတွေ့ခဲ့ပါတယ်။

 

https://www.instagram.com/p/Bv4Ou8nBFDE/?utm_source=ig_embed

 

ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသားတွေ၊ ရွယ်တူလောက်နဲ့ တွဲတဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် ငယ်တဲ့သူတွေနဲ့တွဲတဲ့ အမျိုးသမီးတွေက relationships ကိုပိုပြီးတော့ စိုးမိုးနိုင်တယ်လို့ ခံစားရပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူနဲ့တွဲရင် ကိုယ်ကအစိုးမိုးခံ ဘဝဖြစ်ရပေမယ့် ကိုယ့်ထက်ငယ်တဲ့ သူနဲ့တွဲရရင် ဒီ Relationship မှာ ကိုယ်ကပိုအရာရောက်တယ်၊ စိုးမိုးခြယ်လှယ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးခံစားရတာကို တွေ့ခဲ့ပါတယ်။ သုတေသီတွေကတော့ အမျိုးသမီးတွေဟာ ကိုယ့်ထက် အသက်ငယ်တဲ့ အမျိုးသားနဲ့ ဒိတ်ရရင် စိတ်ကပိုပြီးတော့သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရတာရယ်၊ သူတို့က ဒီRelationshipမှာ ပိုပြီးအရေးပါတယ်၊ စိုးမိုးနိုင်တယ်လို့ ခံစားရတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

 

https://www.instagram.com/nickjonas/?utm_source=ig_embed

 

နောက်တစ်ခုကတော့ Relationship တစ်ခုမှာ အမျိုးသမီးဘက်က အချစ်ခံရတယ်လို့ ခံစားရမယ်၊ စိတ်ကျေနပ်မှု အပြည့်အဝရနေမယ်ဆိုရင် သူတို့ဘက်ကလည်း သူတို့ရဲ့ ပါတနာကို ပျော်ရွှင်မှုပိုပြီး ပေးနိုင်တဲ့ အတွက် နှစ်ဦးနှစ်ဖက်ပိုပြီး ပျော်စရာတဲ့ Relationship ကို ရတာလို့လည်း သုတေသီတွေ ကတော့ ကောက်ချက်ချခဲ့ပါတယ်။

Read times Last modified on Thursday, 30 July 2020 14:06
Rate this item
(1 Vote)
Tagged under