ကိုယ့်ရဲ့ချစ်သူကိုဘယ်လိုပုံစံလေးတွေနဲ့ဆွဲဆောင်မလဲ...။

ကိုယ့်ရဲ့ချစ်သူကိုဘယ်လိုပုံစံလေးတွေနဲ့ဆွဲဆောင်မလဲ...။ google

ချစ်သူသက်တမ်းကြာမြင့်လာတာနဲ့အမျှရင်ခုန်သံတွေအေးစက်လာတတ်တာဟာသဘာဝဖြစ်တာကြောင့် စိုးရိမ်ဖို့မလိုပေမယ့် ထိန်းသိမ်းတတ်ဖို့တော့လိုပါမယ်။

 

ဒါ့ကြောင့် ဒီနေ့မှာ ကိုယ့်ရဲ့ချစ်သူကိုဘယ်လိုပုံစံလေးတွေနဲ့ဆွဲဆောင်သင့်လဲဆိုတာကို Myanmar Wedding Guide ကအကြံပြုဖော်ပြပေးချင်ပါတယ်နော်။

 

၁။စကားများများပြောပေးပါ။

 

သင့်ရဲ့ချစ်သူကိုဆွဲဆောင်နိုင်မယ့်ပထမနည်းလမ်းကတော့ အချိန်ပေးပြီစကားပြောပေးတာပါပဲ။ဒါပေမယ့်သူပြောတာကိုလည်း နားထောင်ပေးဖို့မမေ့ပါနဲ့နော်။

 

ဥပမာ-သူ့ရဲ့လုပ်ငန်းခွင်ကအကြောင်းတွေမေးမြန်းပြောဆို အကြံပေးခြင်းဟာ သင့်ကိုချစ်သူတစ်ယောက်အနေနဲ့သာမက လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ပါ မြင်ယောင်လာစေမှာဖြစ်လို့ရိုးရှင်းတဲ့ဆွဲဆောင်မှုလေးတစ်ခုပါပဲနော်။

 

၂။သူ့ရဲ့အတွေးတွေကို မကန့်သတ်ပစ်ပါနဲ့။

 

အမျိုးသားအများစုဟာ အတွေးသမားတွေဖြစ်တာကြောင့် သူတို့ငြိမ်ပြီးတွေးချင်ရာတွေးနေတိုင်းစိတ်ကောက်နေလို့မရပါဘူးနော်။

 

ဒါပေမယ့် ထမင်းအတူတူစားနေရင်း သူ့ပန်းကန်ထဲဟင်းခပ်ထည့်ပေးတာဖြစ်ဖြစ်၊ကိုယ်ချက်ထားတဲ့ဟင်းတွေကို မြည်းစမ်းကြည့်ခိူင်းတာမျိုးစတဲ့အပြုအမူလေးတွေနဲ့

 

သူတို့ရဲ့အတွေးကိုဖြတ်တောက်ပစ်ပြီး ကိုယ့်ဆီကိုအာရုံစိုက်မှုပြန်ရအောင်လုပ်ယူလို့တော့ရပါတယ်။ဒါလည်းဆွဲဆောင်မှုတစ်မျိုးပါပဲနော်။

 

၃။ချီးမွမ်းပါ။

 

ယောက်ျားအများစုဟာ ပုံမှန်အားဖြင့် ချီးမွမ်းပြောဆိုခြင်းကို မခံယူတတ်ကြပေမယ့် သူတို့ချစ်မြတ်နိုးရသူ တစ်ဦးဦးရဲ့ချီးမွမ်းခြင်းကိုအလွန်တန်ဖိုးထားတတ်ကြပါတယ်။

 

ဒါကြောင့်သူရဲ့အတွေးအခေါ်ယူဆချက်တွေကို လျစ်လျူမရှုဘဲလေးစားပေးခြင်းကလည်း သင့်ရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာနိုင်ပါတယ်။

 

၄။သူ့ကိုတောင်းဆိုမှုများကိုပြုလုပ်မည့်အစားသင့်၏ခံစားချက်များကိုပြောပြပါ။

 

ကိုယ်ဖြစ်ချင်တဲ့အခြေအနေတစ်ခုရောက်အောင် တအားကြီးဆွဲယူတာမျိုးမဟုတ်ဘဲ ကိုယ်ဖြစ်နေတဲ့စိတ်ခံစားချက်လေးတွေကို သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြပေးပါ။

 

အမျိုးသားတွေရဲ့သဘောကိုက စစ်သူကြီးနဲ့တူတာမို့ ဒီနေရာမှာတော့ သံတမန်နည်းဗျူးဟာတွေကို ထုတ်သုံးဖို့လိုပါမယ်နော်။

 

၅။သပ်သပ်ရပ်ရပ်ပြင်ပြင်ဆင်ဆင်နေထိုင်ပါ။

 

အမျိုးသမီးတိုင်းမှာဘုရားပေးထားတဲ့ အလှတရားတစ်မျိုးစီရှိနေတတ်တာမို့ ကိုယ့်ရဲ့အလှတရားတွေကို ဖုံးကွယ်မထားဖို့ကလည်း အရေးကြီးပါတယ်။

 

ကိုယ့်ချစ်သူရဲ့ဘေးမှာ လိုက်ဖက်တင့်တယ်တဲ့အမျိုးသမီးလေးအဖြစ်နေထိုင်ခြင်းကလည်း သွယ်ဝိုက်သောအားဖြင့် သူ့ကိုဆွဲဆောင်ထားတာပဲဖြစ်တာကြောင့် အလှပြင်ဖို့တော့မမေ့ပါနဲ့နော်။

 

Crd- Hninn Yu San

 

Reference- jordangrayconsulting.

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ခ်စ္သူသက္တမ္းၾကာျမင့္လာတာနဲ႔အမွ်ရင္ခုန္သံေတြေအးစက္လာတတ္တာဟာသဘာဝျဖစ္တာေၾကာင့္ စိုးရိမ္ဖို႔မလိုေပမယ့္ ထိန္းသိမ္းတတ္ဖို႔ေတာ့လိုပါမယ္။

 

ဒါ့ေၾကာင့္ ဒီေန႔မွာ ကိုယ့္ရဲ႕ခ်စ္သူကိုဘယ္လိုပံုစံေလးေတြနဲ႔ဆြဲေဆာင္သင့္လဲဆိုတာကို Myanmar Wedding Guide ကအႀကံျပဳေဖာ္ျပေပးခ်င္ပါတယ္ေနာ္။

 

၁။စကားမ်ားမ်ားေျပာေပးပါ။

 

သင့္ရဲ႕ခ်စ္သူကိုဆြဲေဆာင္ႏိုင္မယ့္ပထမနည္းလမ္းကေတာ့ အခ်ိန္ေပးၿပီစကားေျပာေပးတာပါပဲ။ဒါေပမယ့္သူေျပာတာကိုလည္း နားေထာင္ေပးဖို႔မေမ့ပါနဲ႔ေနာ္။

 

ဥပမာ-သူ႔ရဲ႕လုပ္ငန္းခြင္ကအေၾကာင္းေတြေမးျမန္းေျပာဆို အႀကံေပးျခင္းဟာ သင့္ကိုခ်စ္သူတစ္ေယာက္အေနနဲ႔သာမက လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္အေနနဲ႔ပါ ျမင္ေယာင္လာေစမွာျဖစ္လို႔႐ိုးရွင္းတဲ့ဆြဲေဆာင္မႈေလးတစ္ခုပါပဲေနာ္။

 

attr2

 

၂။သူ႔ရဲ႕အေတြးေတြကို မကန႔္သတ္ပစ္ပါနဲ႔။

 

အမ်ိဳးသားအမ်ားစုဟာ အေတြးသမားေတြျဖစ္တာေၾကာင့္ သူတို႔ၿငိမ္ၿပီးေတြးခ်င္ရာေတြးေနတိုင္းစိတ္ေကာက္ေနလို႔မရပါဘူးေနာ္။

 

ဒါေပမယ့္ ထမင္းအတူတူစားေနရင္း သူ႔ပန္းကန္ထဲဟင္းခပ္ထည့္ေပးတာျဖစ္ျဖစ္၊ကိုယ္ခ်က္ထားတဲ့ဟင္းေတြကို ျမည္းစမ္းၾကည့္ခိူင္းတာမ်ိဳးစတဲ့အျပဳအမူေလးေတြနဲ႔

 

သူတို႔ရဲ႕အေတြးကိုျဖတ္ေတာက္ပစ္ၿပီး ကိုယ့္ဆီကိုအာ႐ုံစိုက္မႈျပန္ရေအာင္လုပ္ယူလို႔ေတာ့ရပါတယ္။ဒါလည္းဆြဲေဆာင္မႈတစ္မ်ိဳးပါပဲေနာ္။

 

attr3

 

၃။ခ်ီးမြမ္းပါ။

 

ေယာက္်ားအမ်ားစုဟာ ပုံမွန္အားျဖင့္ ခ်ီးမြမ္းေျပာဆိုျခင္းကို မခံယူတတ္ၾကေပမယ့္ သူတို႔ခ်စ္ျမတ္ႏိုးရသူ တစ္ဦးဦးရဲ႕ခ်ီးမြမ္းျခင္းကိုအလြန္တန္ဖိုးထားတတ္ၾကပါတယ္။

 

ဒါေၾကာင့္သူရဲ႕အေတြးအေခၚယူဆခ်က္ေတြကို လ်စ္လ်ဴမရႈဘဲေလးစားေပးျခင္းကလည္း သင့္ရဲ႕ဆြဲေဆာင္မႈတစ္မ်ိဳးျဖစ္လာႏိုင္ပါတယ္။

 

attr6

 

၄။သူ႔ကိုေတာင္းဆိုမႈမ်ားကိုျပဳလုပ္မည့္အစားသင့္၏ခံစားခ်က္မ်ားကိုေျပာျပပါ။

 

ကိုယ္ျဖစ္ခ်င္တဲ့အေျခအေနတစ္ခုေရာက္ေအာင္ တအားႀကီးဆြဲယူတာမ်ိဳးမဟုတ္ဘဲ ကိုယ္ျဖစ္ေနတဲ့စိတ္ခံစားခ်က္ေလးေတြကို သူ႔ကိုပြင့္ပြင့္လင္းလင္းေျပာျပေပးပါ။

 

အမ်ိဳးသားေတြရဲ႕သေဘာကိုက စစ္သူႀကီးနဲ႔တူတာမို႔ ဒီေနရာမွာေတာ့ သံတမန္နည္းဗ်ဴးဟာေတြကို ထုတ္သုံးဖို႔လိုပါမယ္ေနာ္။

 

attr1

 

၅။သပ္သပ္ရပ္ရပ္ျပင္ျပင္ဆင္ဆင္ေနထိုင္ပါ။

 

အမ်ိဳးသမီးတိုင္းမွာဘုရားေပးထားတဲ့ အလွတရားတစ္မ်ိဳးစီရွိေနတတ္တာမို႔ ကိုယ့္ရဲ႕အလွတရားေတြကို ဖုံးကြယ္မထားဖို႔ကလည္း အေရးႀကီးပါတယ္။

 

ကိုယ့္ခ်စ္သူရဲ႕ေဘးမွာ လိုက္ဖက္တင့္တယ္တဲ့အမ်ိဳးသမီးေလးအျဖစ္ေနထိုင္ျခင္းကလည္း သြယ္ဝိုက္ေသာအားျဖင့္ သူ႕ကိုဆြဲေဆာင္ထားတာပဲျဖစ္တာေၾကာင့္ အလွျပင္ဖို႔ေတာ့မေမ့ပါနဲ႔ေနာ္။

 

Crd- Hninn Yu San

 

Reference- jordangrayconsulting.

 

Myanmar Wedding Guide

 

jjjj

 

 

Read times Last modified on Monday, 10 February 2020 15:34
Rate this item
(0 votes)
Tagged under