မိမိ crush နေသောကောင်မလေးဆီမှ အမှတ်ယူနည်း သုံးနည်း

မိမိ crush နေသောကောင်မလေးဆီမှ အမှတ်ယူနည်း သုံးနည်း

ဒီတစ်ပတ်မှာတော့ ကောင်းလေးတွေ တော်တော်များများအတွက် ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးကို အမြဲမပြတ်သတိထားပြီး ဆောင်ရွက်ပေးရမယ့် အရေးကြီးအချက် သုံးချက်ကို ပြောပြသွားမှာပါ။

အဲ့အချက်တွေကတော့ ကောင်လေးတွေအနေနဲ့ကိုယ်crush နေတဲ့ကောင်မလေးဆီက အမှတ်ကိုရယူနိုင်အောင် လည်း အကူအညီဖြစ်မှာပါ။

 

ပထမအချက်ကတော့ ကိုယ်crush နေတဲ့ကောင်မလေး ဆီကအဆက်အသွယ်လည်း ရှိနေခဲ့မယ်ဆိုရင် သူမနှစ်သက်တဲ့ သီချင်းကို တစ်နည်းနည်းရအောင်လုပ်ပါ။ ကောင်မလေးက သူမကြိုက်တဲ့သီချင်းကို မှတ်ထားရမှာပါ။

အဲ့သီချင်းတွေကို ကိုယ်ကလည်း တစ်နည်းနည်းနဲ့သဘောကျကြောင်း အမှတ်ရကြောင်း သူမနဲ ့ စကားပြောမိတဲ့ အချိန်မှာ ပြောရမှာပါ။ ဒါဆိုရင်တော့ တစ်ဖက်မိန်းကလေးကို မိမိကလေးထားကြောင်းပြနိုင်မှာပါ။ ဒါကတော့ပထမ အချက်အမှတ်ယူနည်းလေးပါ။

 

ဒုတိယတစ်ခုကတော့ ကောင်မလေးရဲ ဝါသနာကို သိအောင်လုပ်ပြီး ကိုယ်တိုင်တန်ဖိုးထားပြီး စကားပြောမိတဲ့အချိန်မှာ အားပေးပြီး ကောင်းမွန်ကြောင်းဆွေးနွေး ပြောပြပါ။ ဝါသနာဆိုတာ အမြဲပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာဖြစ်လို့ကိုယ်crush နေတဲ့ကောင်မလေးရဲ့ဝါသနာအကြောင်းကို လေ့လာပြီး ဆွေးနွေးခြင်းဖြင့်လည်း အမှတ်ရနိုင်ပါတယ်။

 

နောက်ဆုံးတစ်ချက်ကတော့ အရမ်းအရေးကြီးတဲ့အချက်တစ်ခုပါ။ နေ့စဉ်နဲ့မကင်းတဲ့အရာဖြစ်လို့သေချာလေ့လာ ထားရမယ့်အချက်တစ်ခုပါ။ ‘ ကြိုက်နှစ်သက်ဆုံးအစားအစာ ’ များကိုမှတ်သားပြီး အမှတ်တရ လက်ဆောင်အဖြစ်ပေးနိုင်ပါတယ်။

 

ဒါကြောင့်ဒီအပတ်မှာပြောပြခဲ့တဲ့ မိမိ crush နေသောကောင်မလေးဆီက အမှတ်ယူနည်း အထိရောက်ဆုံးသုံးနည်းကို ပြောပြလိုက်ရင် အဆင်ပြေနိုင်ကြပါစေနော်။

 

Source: Shwe Mon

Read times Last modified on Friday, 24 July 2020 18:29
Rate this item
(0 votes)
Tagged under