ချစ်သူအချင်းချင်းကြားမှာ စောင့်စည်းရမယ့်အရာများ

ချစ်သူအချင်းချင်းကြားမှာ စောင့်စည်းရမယ့်အရာများ google.com

အရာတိုင်းကိုလိုက်ပြီးပိုင်ဆိုင်ချင်တာမျိုး၊ အတိအကျလိုက်စစ်ဆေးတာမျိုးကိုမလုပ်ရပါဘူးနော်။ အချင်းချင်းကြားမှာ ယုံကြည်စိတ်ချတယ်ဆိုတဲ့အချက်လေးကိုမမေ့ပါနဲ့။

 

ချစ်သူလို့ဆိုလိုက်ကတည်းကသိပ်ချစ်ရတဲ့သူစိမ်းလေးဆိုတာကတော့သိပြီးသားပါနော်။ သူစိမ်းကိုမှသိပ်ချစ်တဲ့အတွက်ချစ်သူလို့သတ်မှတ်လိုက်တဲ့အချိန်မှာ စောင့်စည်းရမယ့်အရာလေးတွေရှိပါတယ်။ ဒီအချက်လေးတွေကို သိထားပေးပြီး ရှောင်ရှားပေးနိုင်မှ ကြည်နူးစရာကောင်းတဲ့ချစ်ခြင်းပြည့်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ချစ်သူအချင်းချင်းကြားမှာ စောင့်စည်းရမယ့်အရာများဆိုတာကတော့ ဘာတွေလဲဆိုတာကိုဖတ်ကြည့်ပေးပါဦး။

 

ကိုယ့်မှာသိပ်ချစ်ရတဲ့ချစ်သူရှိကြောင်းသိသာနေပါစေ

 

ကိုယ်မှာချစ်တဲ့သူရှိရကြောင်းကို သိသာစေမယ့်အရာတစ်ခုခု ပြုလုပ်ထားရမှာပါ။ ဒီခေတ်မှာက ပိုင်ရှင်ရှိတယ်ဆိုရင်တောင်အတင်းလိုက်ကပ်နေတဲ့သူတွေရှိတတ်တာကြောင့်ကြိုပြီးကာကွယ်ထားတဲ့သဘောပါ။ အများကြီးတော့ ချစ်မပြပါနဲ့။ အများကြီး ချစ်ပြတာကလည်း သိပ်ချစ်တတ်တဲ့သူဆိုတာကိုသိသာစေပြီး အချစ်ခံချင်တဲ့သူတွေအကြိုက်ဖြစ်သွားနိုင်တဲ့အတွက်မို့လို့ပါ။ ကိုယ့်မှာချစ်ရတဲ့သူရှိတယ် ။ သူ့ကိုချစ်တယ်ဆိုတာလောက်ပဲ သိသာနေပါစေ။

 

 

အရာတိုင်းကိုလိုက်ပြီးစစ်ဆေးတာမျိုးကို ရှောင်ပါ

 

ချစ်သူဆိုတာနဲ့ပဲ အရာတိုင်းကိုလိုက်ပြီး ပိုင်ဆိုင်ချင်တာမျိုး၊ အတိအကျလိုက်စစ်ဆေးတာမျိုးကို မလုပ်ရပါဘူးနော်။ အချင်းချင်းကြားမှာ ယုံကြည်စိတ်ချတယ်ဆိုတဲ့အချက်လေးကိုမမေ့လိုက်ပါနဲ့။ ကိုယ့်ချစ်သူကိုတကယ်ချစ်တယ်ဆိုရင်ယုံကြည်ပေးခြင်းနဲ့ သက်သေပြတတ်ပါစေ။ အရာတိုင်းကိုလိုက်ပြီးမယုံသလိုစစ်ပြီး မေးတာမျိုးကိုရှောင်ပါနော်။ မေးသင့်သလောက်ပဲ မေးပါ။ ကိုယ့်ချစ်သူလေးက လိုတာဆိုရင်ပြောပြမှာပါ။ မပြောပြဘူး ဆိုတာကလည်း အကြောင်းရှိမှာဖြစ်တဲ့အတွက် အတင်းလိုက်ပြီးစစ်ဆေးသလိုမျိုးမလုပ်ရပါဘူးနော်။

 

ချစ်သူဆိုတာနဲ့ပဲသူ့ကိုအလုံးစုံလိုက်ပြီးချုပ်ချယ်ခွင့်ရလိုက်တာမျိုး၊ စိုးရိမ်လို့ပါ ချစ်လို့ပါဆိုပြီးအရာတိုင်းကို လိုက်ပြီးစိတ်ပူပေးတာမျိုးကတော့တစ်ဖက်သူကို မလွတ်မလပ်ဖြစ်စေနိုင်လို့အချင်းချင်းကြားမှာ စောင့်စည်းရမယ့်အရာလေးများကို စောင့်စည်းလိုက်နိုင်ဖို့ ပြောပြပေးလိုက်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:52
Rate this item
(3 votes)