အချစ်ရေးမှာ အဆင်ပြေအောင်ဘယ်လိုနေမလဲ

အချစ်ရေးမှာ အဆင်ပြေအောင်ဘယ်လိုနေမလဲ google

ချစ်သူတွေကြားမှာ အမြဲ ပျော်ရွှင်ကြည်နူးနေစရာကောင်းနေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ချစ်သူတွေဆိုတဲ့အချိန်မှာ ချစ်တဲ့သူတွေ အချင်းချင်းပဲ ဖြစ်တာကြောင့် ဘယ်သူကမှ ရန်ဖြစ်တာမျိုး၊ အဆင်မပြေတာမျိုး ဖြစ်ချင်မှာ မဟုတ်ပါဘူးနော်။ အခု ပြောပြပေးမယ့်အရာလေးတွေကို ပြုလုပ်ပေးမယ် ဆိုရင်တော့ အမြဲတမ်းပန်းခင်းလမ်းကလေးလို သာယာတဲ့ချစ်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

 

နားလည်မှု လွဲတယ်လို့ခံစားရရင်ရှင်းပြပါ။ လူတစ်ကိုယ်စိတ်တစ်မျိုး ဖြစ်တတ်တဲ့အတွက် ဘယ်လောက်ပဲ ချစ်တဲ့ချစ်သူတွေ ဖြစ်ပါစေ၊ဘယ်လိုပဲ စိတ်ချင်းနီးစပ်နေပါစေ၊ အမြင်မတူတာမျိုး အနည်းနဲ့အများ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို အချိန် တစ်ယောက်တည်း လိုရာကိုဆွဲတွေးလိုက်တာမျိုး မပြုလုပ်သင့်ပါဘူး။ ကိုယ့်ချစ်သူဆိုတဲ့စိတ်နဲ့ အချင်းချင်းကြားမှာ စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပါစေ။

 

သိချင်တာ ရှိရင်မေးပါ။ တစ်ခါတစ်ရံ ကိုယ့်စိတ်ထဲ ထင်ချင်တာထင်မိတာကြောင့် အတွေးတွေနဲ့ တစ်ယောက်တည်း အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မမေးမမြန်းဘဲ စိတ်ထဲမထားပါနဲ့။ ကိုယ့်ချစ်သူကို သေသေချာချာ မေးမြန်းသင့်ပါတယ်။ တိုက်ရိုက် မေးလိုက်ပြီး စိတ်ထဲမရှင်းတာတွေကို ဖြေဖျောက်လိုက်ပါ။

 

တောင်းဆိုတတ်ဖို့ လည်းအရေးကြီးပါတယ်။ ချစ်သူတွေကြားမှာ ကိုယ်လိုချင်တဲ့အရာတိုင်းကိုတောင်းဆိုပါ။ တောင်းဆိုပါဆိုတာ ပူဆာခိုင်းတာမဟုတ်ပါဘူး။ တစ်ပတ်မှာ အနည်းဆုံး()ရက်တော့တွေ့ချင်တယ်လို့ တောင်းဆိုတာမျိုးကို ပြောချင်တာပါ။ ကိုယ်ကတော့ တွေ့ချင်တယ်။ ဒါပေမယ့် သူက မအားတာမျိုး ဖြစ်နေမှာစိုးလို့ တစ်ယောက်တည်း ကြိတ်တွေးနေတာမျိုးထက် တောင်းဆိုကြည့်ပါ။

 

နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ ချစ်ပြတတ်ဖို့ ပါပဲ။ အပြောလေးနဲ့ ချစ်ပြနေတာထက်စာရင် ကိုယ့်ချစ်သူကြိုက်တတ်တဲ့မုန့်တွေ၊သွားချင်တဲ့နေရာတွေကို လိုက်ကျွေး၊လိုက်ပို့တာမျိုးလေးတွေလည်း လုပ်ပေးသင့်ပါတယ်။ အပြုအမှုလေးတွေနဲ့ ချစ်ပြခြင်းကလည်း သံယောဇဉ်တွေကိုပိုခိုင်မြဲစေပါတယ်။

 

ချစ်သူတွေကြား အဆင်ပြေဖို့အတွက်ကတော့ ပွင့်လင်းမှုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ အပြန်အလှန်နားလည်မှုရှိစွာ လက်တွဲသွားသင့်ပါတယ်နော်။

 

Credit : Marry

Read times Last modified on Wednesday, 13 February 2019 12:01
Rate this item
(0 votes)