လက်ထပ်ဖို့စဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာ လုံးဝမစဉ်းစားသင့်တဲ့သူတွေမှာရှိတတ်တဲ့ အမူအကျင့်များ…

လက်ထပ်ဖို့စဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာ လုံးဝမစဉ်းစားသင့်တဲ့သူတွေမှာရှိတတ်တဲ့ အမူအကျင့်များ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့ပရိတ်သတ်တွေကို လက်ထပ်ဖို့စဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာ လုံးဝမစဉ်းစားသင့်တဲ့သူတွေမှာရှိတတ်တဲ့ အမူအကျင့်တွေကိုဖော်ပြပေးချင်ပါတယ်။

အိမ်ထောင်ပြုတယ်ဆိုတာဟာ တစ်ယောက်အားနည်းချက်ကိုတစ်ယောက်နားလည်ဖြည့်စွက်ပေးရင်းဘဝတစ်ခုကိုတည်ဆောက်ရတာဖြစ်လို့

ချစ်သူရည်းစားဘဝမှာကတည်းကတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေ့လာလို့ရနိုင်သလိုတစ်ဦးချင်းစီအတွက်အဆင်မပြေနိုင်တဲ့အချက်တွေကိုရှင်းပြပြောဆိုတာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့်အခုဖော်ပြပေးမယ့်အမူအကျင့်တွေရှိနေပြီဆိုရင်တော့ သူနဲ့အတူဘဝတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားတဲ့နေရာမှာ လေးလေးနက်နက်စဉ်းစားဖို့လိုလာပါပြီ။

ကိုယ်နဲ့အတူရှိနေပေမယ့်ရည်းစားဟောင်းအကြောင်းတဖွဖွပြောနေတတ်တာမျိုးတွေ

စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်အောင်ပြုလုပ်တာမျိုးတွေ၊ စိတ်တိုတိုင်းလက်ပါတတ်တာမျိုးတွေ၊

သဝန်တိုလွန်းပြီးနားလည်မှုမရှိတာမျိုးတွေ၊

ကွယ်ရာရောက်တာနဲ့ဖောက်ပြန်တတ်တာမျိုးတွေ

ဦးဆောင်နိုင်စွမ်းမရှိတာမျိုးတွေ၊အားပေးကူညီမှုမရှိတာမျိုးတွေ

စတဲ့အချက်တွေက ကိုယ့်ရဲ့ချစ်သူဆီမှာရှိနေတယ်ဆိုရင်တော့ လက်ထပ်ဖို့ကိုအချိန်ယူပြီးစဉ်းစားကြည့်ပြီးမှဆုံးဖြတ်ကြပါနော်။အားလုံးပဲ သာယာလှပတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

Tailors စက်ချုပ်ဆိုင်ပေါင်း ၄၄၁၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

 

Zawgyi











Tailors စက်ချုပ်ဆိုင်ပေါင်း ၄၄၁၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(1 Vote)
Tagged under