၂၀၁၉ နိုဝင်ဘာလ (၈)ရက်မှ ၊ (၁၅)ရက်အတွင်း ကြာသပတေး၊သောကြာ၊စနေသားသမီးများ ဆောင်ရန် ၊ ရှောင်ရန် နှင့် ယတြာပြုရန် ဟောစာတမ်း
၂၀၁၉ နိုဝင်ဘာလ (၈)ရက်မှ ၊ (၁၅)ရက်အတွင်း ကြာသပတေး၊သောကြာ၊စနေသားသမီးများ ဆောင်ရန် ၊ ရှောင်ရန် နှင့် ယတြာပြုရန်  ဟောစာတမ်း google
ကြာသပတေး
ကြံတိုင်းအောင်၍ဆောင်တိုင်းမြောက်ဆိုသောစကားအတိုင်းဖြစ်နေအံ့။ ရည်ရွယ်ထားသမျှကြံစည်ထားသမျှရဲရဲလုပ်ပါ။ ကြီးကဲသူများနှင့်အယူအဆကွဲလွဲ။
မနာလိုသူတွေ များနေတတ်။ ကံတရားက ကိုယ်ကိုမျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။
အတိုက်အခံ အခက်အခဲများကြားမှ အောင်မြင်အံ့။ အဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်လာအံ့။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့်ပြန်ဆုံရအံ့။
ပြဿနာဟောင်းရောဂါဟောင်း ပြန်ပေါ်တတ်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။
အရေးကြီးတရွက်တတမ်းပျောက်ရှတတ်။ မုန်းနေသူများပြန်ချစ်အံ့။ ပျက်မလိုဖြစ်နေတဲ့အလုပ်များအောင်မြင်အံ့။ အမှန်ဘက်က စကားပြောငြင်းခုန်ရအံ့။
စိတ်ပူစရာများရောထွေးနေအံ့။ ။ စိတ်ညစ်ရမယ်ဧည်သည်များတွေ့ရတတ်။ ဝိတ်မပါပဲခရီးသွားဖို့အကြောင်းတွေပေါ်လာအံ့။
မိတ်ဆွေရင်းများနှင့်အယူအဆကွဲလွဲအံ့။ ငွေပစ္စည်းပျောက်တတ်။ တနင်္ဂနွေနံ၊တနင်္လာနံလုပ်ငန်းများ နေ့သားများ ၊ အရှေ့တောင်အရပ်၊အရွှေတည်တည်၊
အနီရောင်၊ ပန်းရောင်၊အဖြူရောင်၊ ငွေရောင် အထူးအကျိုးပေးအံ့။ ကြာသပတေးနံ ၊ သောကြာနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။
အထူးသတိပြုရန် – အကြီးအကဲဆရာသမားဖြစ်သူ၏ ငြိုငြင်ခြင်းခံရတတ်လို့ မိမိအနေအထိုင်ပြုပြင် သင့်ပါတယ်။
အချစ်ရေး – မိဘအကြီးအကဲများ၊ဆွေမျိုးသားချင်းများကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေး – အသေးအဖွဲကိစ္စအပေါ် ပုံကြီးချဲ့ကာ ပြဿနာဖြစ်တတ်သည်။
ငွေရေးကြေးရေး – လာဘ်ရွှင်နေတတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းကိုအကြောင်းပြုပြီး ငွေရတတ်။
ထိထိုးမယ်ဆိုရင်တော့ (၂) နဲ့ (၆) ကို ပါအောင်ထိုးပေးပါ။ ကားတစ်စီး၏နံပါတ်ကိုကြည်ပါ။
ယတြာ။ ။ အိမ်ဘုရားတွင် သောက်တော်ရေ (၆)ခွက် ၊ ပန်းအဝါ (၆)ပွင့် လှူပြီးဆုတောင်းပါ။
သောကြာ
စိတ်ချမ်းသာစရာများကြုံတတ် ။ လုပ်ငန်းသစ်တစ်ခုလုပ်ကိုင်ပါက အချိန်အနည်းငယ်အတွင်း အောင်မြင်အံ့။
စိတ်ကူးဉာဏ်ပေါ်သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ။ လုပ်ငန်းသစ်များဝတင်သင့်။ အလှူမင်္ဂလာကိစ္စများနှင့်ပက်သက်ရတတ်။
လူမျိုးခြား နိုင်ငံခြာ အကျိုးပေးအံ့။ အနှောင့်အယှက်အပြိုင်အဆိုင်များနှင့်ကြုံတွေ့ရတတ်ပြီး ရန်လိုသူများဝိုင်းနေတတ်ပါတယ် ။
ကိုယ်တိုးတက်အောင်မြင် လာတဲ့အပေါ် မနာလိုအပြိုင်အဆိုင်တွေလည်းပေါလာအံ့။ တမင်ရန်စခံရတတ်တယ် ။ အမှုနဲ့ပက်သက်ရတတ်ပါတယ်။
ငွေပစ္စည်းပျောက်တတ်။ သူခိုး အခိုးခံရတတ် ။ ပြည်တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်အံ့။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေ၊ငွေ၊ပစ္စည်း၊အခွင့်အရေးများပြန်ရတတ်။
မိတ်ဆွေရင်းများနှင့်အယူအဆကွဲလွဲ အဆင်မပြေဖြစ်အံ့။ ဆွေမျိုးရင်းအချို့ကြောင့် ဝိတ်ပူရတတ်။ လူကြီးတစ်ယောက်ရဲ့အကူညီ ကြီးကြီးမားမားရအံ့
။တနင်္ဂနွေနံ၊တနင်္လာနံလုပ်ငန်းများနေ့သားများ ၊ အရှေ့တောင်အရပ်၊ အရှေ့တည်တည်၊ အနီရောင်၊ပန်းရောင်၊အဖြူရောင် ၊ငွေရောင် အထူးအကျိုးပေးအံ့။
ကြာသပတေးနံ ၊ သောကြာနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။
ငွေရေးကြေးရေး – ငွေကြေးကံ အခုလောလောဆယ်မကောင်းသေးပါဘူး။ မကြာခင်မှာငွေရမယ် အခွင့်အလမ်းတွေအခြေအနေတွေပေါ်လာအံ့။
အထူးသတိထားရန် – အဓိကမှာလိုတာကတော့ သူတပါးကို ငွေချေးငှားခြင်း မပြုမိပါဝေနဲ့။ ထိထိုးမယ်ဆိုရင်တော့ (၆) နဲ့ (၇) ပါအောင်ထိုးပေးပါ။
အချစ်ရေး – ချစ်သူအပေါ်သဝန်တိုစရာ အကြောင်းအရာတွေ ပေါ်လာတတ်။ အိမ်ထောင်ရေး – သူဖက်ကိုယ်ဖက် လွန်ဆွဲနေရအံ့။
ယတြာ။ ။ သိလရှင်တစ်ပါးအား ဗလာစာအုပ်လှူရင်းဆုတောင်းလိုက်ပါ။
စနေ
နှစ်ရှည်လများ ခွဲခွာနေရသော ဆွေမျိုးသားချင်းများနှင့် ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ မိမိအနေနဲ့ဘာပဲလုပ်လုပ်အဆင်ပြေအောင်မြင်နေမည်။
အချိန်ဖြစ်ခြင်းကြောင့်လုပ်ငန်းများဝတင်ခြင်း၊ ကြံစည်ထားသည်များ လျင်မြန်စွာ အကောင်အထည်ဖော်ခြင်း တို့ပြုလုပ်သင့်ပါတယ်။
အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်လာတတ် ။ အလုပ်တိုင်း၊ နေရာတိုင်းမှာ ကူညီမဝမယ်သူများနေတတ် ။
အခက်အခဲ ပြဿနာများ ပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။
အောက်လက်ငယ်သားကို အကြောင်းပြုပြီး စိတ်ချမ်းသာရတတ်။ အကူအညီကောင်းတွေလည်းရတတ်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်။
တနင်္ဂနွေနံ၊တနင်္လာနံလုပ်ငန်းများနေ့သားများ ၊ အရှေ့တောင်အရပ် ၊အရှေတည်တည်၊ အနီရောင်ပန်းရောင်၊အဖြူရောင်၊ငွေရောင်အထူးအကျိုးပေးအံ့။
ကြာသပတေးနံ ၊ သောကြာနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။
အထူးသတိပြုရန် – မိမိရဲ့ဆုံးဖြတ်ချက်မပြတ်သားမှုကြောင့် အခွင့်အရေးများလက်လွတ်သွားတတ်တာကို သတိပြုပါ။
ငွေအတွက် စိတ်ပူရတတ်။ စကားပြောငြင်းခုန်ရတတ်။ ငွေကြေးကံအလယ်အလတ် ထိထိုးမယ်ဆိုရင်တော့ (၄) နဲ့ (၈) ကို ပါအောင်ထိုးပေးပါ။
အချစ်ရေး – အချစ်ရေးတွင် အလိုမကျစရာများ ၊ စိတ်တိုင်းမကျစရာများ ပေါ်ပေါက်လာတတ်ပါတယ်။
အိမ်ထောင်ရေး ဆွေမျိုးသားချင်းများကြောင့် လင်နှင့်မယား စိတ်ဝမ်းကွဲ တတ်ပါသည်။
ယတြာ။ ။အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့ အိမ်ဘုရားတွင် မုန့်ဟင်းခါး(၂)ပွဲ လှူ၍ လိုရာဆုတောင်းပါ။
Zawgyi ဖြင့်ဖတ်ရန်...
ကြာသပတေး
သောကြာ
စနေ
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 21 February 2020 11:23
Rate this item
(0 votes)
Tagged under