ဘယ်တော့မှလက်လွှတ်မခံသင့်တဲ့ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းများ

ဘယ်တော့မှလက်လွှတ်မခံသင့်တဲ့ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းများ google.com

တစ်ချို့ကောင်လေးတွေဟာ တခြားကောင်လေးတွေနဲ့ယှဉ်ရင် သူမတူတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။အားလုံးကတော့ လူတော့လူပါပဲ။ဒါပေမယ့် တခြားသာမန်ယောက်ျား တစ်ယောက် ဆီမှာ မတွေ့ရတဲ့ အရည်အချင်းမျိုးသူတို့ဆီမှာရှိနေပါတယ်။

ဒီလိုအရည်အချင်းမျိုးကို တွေ့နေရင်လက်လွှတ်မခံပါနဲ့။လုံးဝလက်လွတ်မခံသင့်တဲ့ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းတွေကတော့…

 

 

()ကိုယ့်ရဲ့အတွင်းစိတ်ကိုပါမြင်အောင်ကြည့်တတ်တဲ့သူ

 

တကယ်လို့ယောကျာ်းလေးတစ်ယောက် သင့်ကိုကြည့်တဲ့အခါ သူ့ရဲ့မျက်လုံးကသင့်ရဲ့ပြင်ပရုပ်ရည်တစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပဲသင်တို့ကြားမှာမမြင်ရတဲ့စွဲဆောင်မှုတစ်ခုရှိနေသလိုခံစားရတဲ့အထိသင့်ရဲ့ အတွင်းစိတ်ကိုပါ မြင်အောင်ထိုးထွင်းကြည့်နိုင်တဲ့သူမျိုးပါ။ ဖျတ်ခနဲကြည့်တဲ့မျက်လုံးအကြည့်နဲ့သင့်ရဲ့အတွင်းစိတ်ကိုပါ မြင်အောင်ဝင်ကြည့်တတ်တဲ့သူမျိုးပါ။

 

 

()ကြင်နာတတ်တဲ့သူမျိုး

 

တခြားလူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ဘောင်အနေအထားမျိုးကို ရောက်အောင်တွန်းပို့တတ်တဲ့ သူမျိုး၊ထိပ်တိုက်တွေ့တဲ့သူမျိုးဆိုရင်တော့ လုံးဝရှောင်သင့်ပါတယ်။အဲ့ဒီအရာတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ကြင်နာတတ်ပြီး၊ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောက်ျားမျိုးဆိုရင်တော့ လုံးဝလက်လွှတ်မခံသင့်ပါဘူး။ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ကဘယ်တော့မှသင့်အပေါ်မှာရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာမျိုးလုံးဝရှိမှာမဟုတ်ပါဘူး။ဒီလိုအရည်အချင်းရှိတဲ့ ယောက်ျားမျိုးကသင့်အတွက်လက်တွဲဖော်ကောင်းဖြစ်မှာအသေအချာပါ။

 

 

()စိတ်ရှည်တတ်တဲ့သူမျိုး

 

စိတ်ဓါတ်ခွန်အားတတ်ကြွတဲ့ သူမျိုးဆိုပေမယ့်စိတ်ရှည်တတ်တဲ့ သူမျိုးကိုရွေးပါ။အောင်မြင်မှုဆီကို အားကြိုးမာန်တတ်နဲ့ ခရီးနှင်သွားတာဟာလည်း ကောင်းတဲ့အချက်ဆိုပေမယ့် စိတ်ရှည်မှုကလည်းလိုပါတယ်။ဒီလိုလူမျိုးကလည်း လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။

 

 

()ချက်ပြုတ်တတ်သူ

 

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ချက်ပြုတ်တတ်တဲ့ယောက်ျားဟာ အမျိုးသမီးတွေရဲ့အမြင်မှာတကယ်ကိုစွဲဆောင်မှုရှိသူပါ။ကိုယ့်အတွက်အစားအသောက်ကိုကိုယ်တိုင်ချက်ပြုတ်တတ်တဲ့သူမျိုးဟာမချက်ပြုတ်တတ်တဲ့သူထက် အများကြီးသာပါတယ်။

 

 

()သင့်ကိုပျော်အောင်လုပ်ပေးနိုင်သူ

 

အနည်းဆုံးတော့ကိုယ့်ကို ပြုံးရယ်အောင်လုပ်ပေးနိုင်တဲ့ လူမျိုးကတော့အကောင်းဆုံးပါ။တကယ်လို့ ကိုယ့်ချစ်သူမှာဟာသဉာဏ်ရှိတယ်ဆိုရင်တော့သူကြောင့်သင်ပြုံးပျော်ခွင့်ရမှာပါ။သင့်ကိုပြုံးပျော်အောင်လုပ်နိုင်တဲ့ အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သူကြောင့်စိတ်ချမ်းသာပျော်ရွှင်မှုကိုခံစားရမှာအသေချာပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:47
Rate this item
(1 Vote)