ရည်းစားများတယ်ဆိုတာ

ရည်းစားများတယ်ဆိုတာ google.com

ကောင်လေးပဲဖြစ်စေ၊ ကောင်မလေးပဲဖြစ်စေ ရည်းစားအများကြီးထားတယ်ဆိုတာကတော့ဈေးဝယ်ထွက်ရတာနဲ့ တူပါတယ်။

 

ကောင်လေးပဲဖြစ်စေ၊ ကောင်မလေးပဲဖြစ်စေ ရွေးစရာတွေ အများကြီးထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံး၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံးကို ရွေးချယ်ရမှာဖြစ်ပါတယ်။

 

လူရယ်လို့ ဖြစ်လာရင်တော့ အသက်ရှင်ရတာ ခဏလေးပါ။ ဒါကြောင့် တစ်ယောက်တည်းကိုပဲ စွဲစွဲလန်းလန်း ရူးရူးမူးမူးကြီး ချစ်နေစရာမလိုဘဲအတော်ဆုံး၊ အတတ်ဆုံး၊ အကောင်းဆုံးသူနဲ့ တွေ့ဆုံရဖို့ကိုလည်း စောင့်မနေသင့်ပါဘူး။

 

ကိုယ့်ကို လာပြီးချစ်တဲ့သူရှိရင် လက်တွဲလိုက်ပါ။ သို့မှသာ သင့်အတွက် အကောင်းဆုံးသူနဲ့ ဆုံတွေ့လာမှာ ဖြစ်ပါတယ်။

 

သင်က တစ်ယောက်တည်းကိုပဲ အကြာကြီးတွဲမယ်ဆိုရင် သူ့မှာပြိုင်ဘက်မရှိတဲ့အတွက် သူ့ရဲ့အချို့ကိစ္စတွေကိုသိရမှာမဟုတ်ပါဘူး။ ယူပြီးမှ နောင်တရနေတတ်ပါတယ်။

 

ဈေးဝယ်တဲ့အခါ ရွေးချယ်စရာအပြိုင်အဆိုင်တွေထဲကမှ ကိုယ်နဲ့အသင့်တော်ဆုံးကိုရွေးချယ်လိုက်သလိုပဲ ရည်းစားအများကြီးထဲကမှ ကိုယ်နဲ့အသင့်တော်ဆုံး အဆင်ပြေဆုံးသူကို ရွေးချယ်တာအကောင်းဆုံးပါပဲ.…

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:47
Rate this item
(1 Vote)