ဒေါသရှေ့တန်းတင်ပြီးဖြေရှင်းလို့မရတဲ့အိမ်ထောင်ရေး

ဒေါသရှေ့တန်းတင်ပြီးဖြေရှင်းလို့မရတဲ့အိမ်ထောင်ရေး google.com

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နှစ်သက်လို့အိမ်ထောင်ပြုထားကြပေမယ့် လူသားတွေဖြစ်နေတဲ့အတွက်

အရာရာတိုင်းမှာတော့ အကြိုက်မတူနိုင်ပါဘူး။ ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါ ငြင်းခုန်တာတွေ၊ စကားများတာတွေဖြစ်လာတတ်တာဟာ အိမ်ထောင်သည်တိုင်းတွေ့ကြုံနေရတဲ့ အခက်အခဲတွေလို့ပြောလို့ရပါတယ်။

 

 

ဒီလို အငြင်းပွားစရာတွေဖြစ်လာတဲ့အခါ စိတ်အေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းပါ။ ဒေါသရှေ့တန်းတင်ပြီး ဖြေရှင်းလို့ အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ရတဲ့ အိမ်ထောင်ရေးတွေကို စံနမူနာထားပြီးရှောင်ကြဉ်ပါ။ လူတိုင်းမှာတော့ အမျက်ဒေါသဆိုတာ ရှိတတ်ကြတာပါပဲ။ ဖြစ်လာတဲ့ပြဿနာပေါ်မှာ ခေါင်းအေးအေးထားပြီး ညှိနှိုင်းတိုင်ပင်ရမှာပေါ့။

 

 

အရေးအကြီးဆုံးက ရန်ဖြစ်အငြင်းပွားတဲ့အချိန်မှာ ဒေါသကိုရှေ့တန်းတင်ပြီး စကားနဲ့နစ်နစ်နာနာပြောတာတို့၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတို့ကိုလုံးဝ မလုပ်မိအောင်ရှောင်ကြဉ်ရမှာပါ။ နှစ်ဖက်စလုံးကတင်းမာနေတာမျိုးမလုပ်ပါနဲ့။ မှားတဲ့သူက စိတ်ကိုလျှော့ချပြီးအရင်တောင်းပန်လိုက်ရင် ပြေလည်သွားမှာပါ။

 

ကိုယ့်အိမ်ထောင်ကို ရေရှည်တည်တံ့စေချင်တယ်ဆိုရင် အမှားလုပ်ထားတဲ့သူက တောင်းပန်ပြီး ပြန်အဆင်ပြေသွားတဲ့အချိန်ဟာ အင်မတန်ကြည်နူးစရာကောင်းပါတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲမှာဖြစ်နေသမျှကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ မကျေနပ်ဘူးဆိုရင်လည်း ဘာကိုမကျေနပ်တာလဲပေါ့။ ဒါမှ တစ်ဖက်ကလူကလည်း ဖြေရှင်းလို့ရမှာပါ။ ဖြစ်လာသမျှကို မဖွင့်ပြောဘဲ ရင်ထဲမှာပဲထားပြီး အစိုင်အခဲတွေဖြစ်၊ အဲ့ဒီအစိုင်အခဲတွေ တဖြည်းဖြည်းများလာပြီးတော့ ပေါက်ကွဲတော့မှပြဿနာတွေတက်၊ ဒီလိုအနေအထားရောက်ရင်တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ရှေ့ဆက်သွားဖို့ ခက်ခဲသွားပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 11:05
Rate this item
(1 Vote)