အချစ်ဆိုတာ ဘယ်လိုလဲ ချိုမြိန်ခြင်းလား……. ?????

အချစ်ဆိုတာ ဘယ်လိုလဲ ချိုမြိန်ခြင်းလား……. ????? google.com

အိမ်ထောင်ဆိုတာ ပြီးပြည့်စုံသူ နှစ်ပေါင်းဖက်ခြင်းမဟုတ်ပါ။ တစ်ဦးရဲ့လိုအပ်ချက်တွေကို

ကျန်တစ်ဦးက အပြန်အလှန် ကူညီဖြည့်ဆည်းပေးရင်းနဲ့ ပြည့်စုံအောင် ကြိုးစားနေကြခြင်းဖြစ်ပါတယ်။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ ပူလောင်တဲ့ အနမ်းတွေ မရှိတော့ဘဲနဲ့
နွေးထွေးတဲ့ မေတ္တာနဲ့ အနမ်းတွေပဲရှိတော့တာပါပဲ။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ သဝန်တိုခြင်းတွေမရှိတော့ဘဲနဲ့ နွေးထွေးတဲ့ နားလည်မှုတရားတွေပဲ ရှိတော့တာပါပဲ။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ ရန်ဖြစ်ခြင်းတွေမရှိတော့ဘဲနဲ့
တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးတဲ့ ဖေးမခြင်းတွေပဲ ရှိတော့တာပါပဲ။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ မျှော်လင့်ချက်တွေ မှေးမှိန်ကောင်း မှေးမှိန်လာလာနိုင်တယ်
ရင်ခုန်သံခုန်နှုန်းတွေ လျော့ကျကောင်းလျော့ကျလာနိုင်တယ်။

 

ဒါပေမဲ့တကယ့် အချစ်ဆိုတာကတော့ လျော့ကျမသွားနိုင်ပါဘူးဆိုတာ ယုံလိုက်ပါ။

 

တကယ်လို့ အချစ်ဆိုတာ အချိန်နဲ့သာ ဆုံးဖြတ်တာဆိုရင် အချိန်ကြာလေ တကယ့်အချစ်ဟာ ပိုလေးနက်လာလေပါပဲဖြစ်ပါတယ်။

 

အချစ်စစ်ဆိုတာ ဝိုင်လိုပဲပေါ့။ ၀ိုင်ဆိုတာက သက်တမ်းရင့်လေ ပိုသောက်လို့ ကောင်းလာလေပါပဲဖြစ်ပါတယ်။

 

သေဆုံးတော့မဲ့ လူတစ်ယောက်ရဲ့ဘေးမှာလက်ကိုကိုင်ပြီး အားပေးနေမဲ့ တစ်စုံတစ်ယောက်ဟာ တခြားလူမဟုတ်ပါဘူး သင့်ကိုအရမ်းချစ်တဲ့ ချစ်သူပါပဲဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(1 Vote)