သတို့သမီးရဲ့ သမီးလေးကိုပါ ကတိသစ္စာတိုင်တည်ခဲ့တဲ့ သတို့သား

သတို့သမီးရဲ့ သမီးလေးကိုပါ ကတိသစ္စာတိုင်တည်ခဲ့တဲ့ သတို့သား

မင်္ဂလာပွဲတစ်ခုမှာ သတို့သားနဲ့သတို့သမီး သစ္စာကတိတွေဖလှယ်ကြတာ ထူးဆန်းတာတော့မဟုတ်ပေမယ့် မင်္ဂလာပွဲတခုက အဖြစ်အပျက်လေးကတော့ ဧည့်ပရိသတ်တွေကိုတင်မက

အင်တာနက်ပရိသတ်တွေရဲ့ နှလုံးသားတွေကိုပါ ကိုင်လှုပ်နိုင်ခဲ့ပါတယ်။နူးဂျာဆီက မင်္ဂလာပွဲလေးတခုမှာ ဘရန်ဒန် လင်ဒန်မန်းနဲ့ အနစ္စတာစီယာ လင်ဒါမန်းတို့ဟာ ဧည့်ပရိသတ် ၊ ဆွေမျိုးတွေရှေ့မှာ ကတိသစ္စာဖလှယ်နေကြပါတယ်။ ဒါပေမယ့် ဘရန်ဒန်တယောက် သတို့သမီးကို ကတိသစ္စာတိုင်တည်ပြီးသွားတာနဲ့တင်မပြီးသွားပါဘူး။ အနစ္စတာ ရဲ့ ၄နှစ်အရွယ် သမီးလေး ရီနာကိုပါ ကတိပြုခဲ့ပါတယ်။

 

222

 

ဘရန်ဒန်က “သမီးလေးရဲ့ အဖေလို့ ကိုယ့်ကိုယ်ကို ခေါ်ခွင့်ရတာ ဂုဏ်ယူစရာတခုပါ။ သမီးလေး တနေ့တခြားကြီးပြင်းလာပြီး လှပလာတာကိုမြင်တွေ့ခွင့်ရလိုက်ပါပီ။ အဖေရဲ့ ကျန်ရှိတဲ့သက်တမ်းအတွက် သမီးလေးရဲ့ သူငယ်ချင်းတယောက်အနေနဲ့ ဖခင်တယောက်အနေနဲ့ အမြဲတမ်းရှိနေပေးပါမယ်။ အဲဒါကြောင့် သမီးရဲ့ အဖေလို့ အသိအမှတ်ပြုနိုင်မလား” ဆိုပြီး မေးလိုက်တဲ့အခါမှာတော့ ရီနာတစ်ယောက် မျက်ရည်အ၀ိုင်းသားဖြစ်ခဲ့ရပါတော့တယ်။ ဒါဟာ ရီနာတယောက် ငယ်ရွယ်လှပေမယ့် သူ့အရွယ်နဲ့နားမလည်နိုင်လောက်သေးတဲ့ စကားကို နားလည်နိုင်ကြောင်းပြနေတာပါ။

 

သတို့သမီး အနစ္စတာလည်း သူ့ခင်ပွန်းဖြစ်သူ ဒီလိုလုပ်လိမ့်မယ်လို့မထင်ခဲ့မိပါဘူးတဲ့။ ဒါပေမယ့် သူ့ကိုရွေးချယ်မိတာတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်ခဲ့ပါတယ်။အနစ္စတာဟာ ၂၀၁၅ ခုနှစ်က ပထမခင်ပွန်းနဲ့ကွာရှင်းပြီး သမီးလေးတစ်ယောက်နဲ့ရှင်သန်နေထိုင်ရင်း ဘရန်ဒန်နဲ့ ဆုံတွေ့ခဲ့ကြတာပါ။

 

Myanmar Wedding Guide

 

Credit;ksm(MyanmarNote)

Read times Last modified on Wednesday, 19 September 2018 10:02
Rate this item
(1 Vote)