ရုပ်ရှင်ကြိုက်တဲ့ ချစ်သူလေးကိုပိုင်ဆိုင်ထားရပြီဆိုရင်

ရုပ်ရှင်ကြိုက်တဲ့ ချစ်သူလေးကိုပိုင်ဆိုင်ထားရပြီဆိုရင် google.com

ရုပ်ရှင်ဆိုတာ အဖြစ်မှန်ကို အခြေခံပြီး ရိုက်ထားတာမျိုးရှိနိုင်ပေမယ့် တကယ့်အဖြစ်အပျက်တော့ မဟုတ်ပါဘူး။

လူတွေကို ရယ်စေတယ်၊ ပျော်စေတယ်၊ အမောပြေစေတယ်၊ ၀မ်းနည်းစေတယ်၊ ငိုကြွေးစေတယ် စသဖြင့် ခံစားချက်မျိုးစုံကိုဖြစ်စေပါတယ်။ ရုပ်ရှင်ထဲမှာ ရယ်စရာပါရင် အားရပါးရရယ်မောတတ်ကြပြီး ၀မ်းနည်းစရာပါရင်တော့ တိတ်တိတ်လေးမျက်ရည်ကျတတ်ကြပါတယ်။ တကယ်တော့ ရုပ်ရှင်ထဲက၀မ်းနည်းစရာတွေအတွက် မျက်ရည်ကျတာဟာ ပျော့ညံ့တာမဟုတ်ပါဘူး။ ဒီလို လူပီသတဲ့ စိတ်နှလုံးသားမျိုးရှိတာပါ။

 

ကိုယ်ချင်းစာစိတ် အရမ်းမြင့်မားတယ်

သင်က တခြားသူတွေရဲ့ ၀မ်းနည်းမှု၊ နာကျင်မှုတွေကိုမြင်ပြီး သူတို့နေရာကနေခံစားပြီး တွေးပေးတတ်တယ်ဆိုတာ ကိုယ်ချင်းစာစိတ်အရမ်းမြင့်မားတဲ့ အဓိပ္ပါယ်ပါ။ ဇာတ်ကောင်တွေရဲ့နေရာကနေ၀င်ခံစားပေးပြီး သူတို့ရဲ့ရှုထောင့်က မြင်ပေးနိုင်လို့ သူတို့တွေဝမ်းနည်းတဲ့အခါ သင်လည်းလိုက်ငိုတာပါ။ သင်က သင့်ရဲ့ချစ်ရခင်ရသူတွေကို နာကျင်အောင်လုပ်ဖို့ဝန်လေးတဲ့သူ ၊ သူတို့ခံစားသွားရမှာကို တွေးပြီး စိတ်ပူနေတတ်တဲ့သူပါ။

 

အရမ်းလည်းနားလည်ပေးတတ်တယ်

မျက်စိအရှေ့မှာ ၀မ်းနည်းစရာမြင်ကွင်းကိုမြင်တဲ့အချိန် လိုက်ဝမ်းနည်းတတ်တဲ့သူတွေဟာ တစ်ဖက်သားနေရာက ၀င်ခံစားပေးပြီး နားလည်ပေးတတ်ကြတဲ့သူတွေပါ။ အဲ့ဒီလိုလူတွေက သူများအခက်အခဲကိုကိုယ့်အခက်အခဲလိုမြင်တတ်ကြလို့ ကိုယ့်ဘေးနားကလူတွေကို ကျဉ်းထဲကျပ်ထဲရောက်အောင်၊ ဒုက္ခရောက်အောင်မလုပ်တတ်ကြပါဘူး။

 

ပြန်လည်တည်ဆောက်နိုင်စွမ်းပိုရှိတယ်

ခံစားနိုင်စွမ်းမြင့်တဲ့သူတွေဟာ ပြန်လည်တည်ဆောက်နိုင်စွမ်းလည်း ပိုကောင်းကြပါတယ်။ တစ်ခုခုကြောင့် ပြင်းထန်တဲ့ခံစားချက်တစ်ခုခုဖြစ်လာတဲ့အခါ အဲ့ဒါကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီး ရှေ့ဆက်နိုင်ကြပါတယ်။

 

လိမ်လို့မရဘူး

သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုဘာဖြစ်နေတယ်၊ ဘယ်လိုခံစားချက်မျိုးဖြစ်နေတယ် ဆိုတာကိုကောင်းကောင်းသိပြီး တခြားသူတွေ ဘာဖြစ်နေတယ်ဆိုတာကိုလည်း သေချာပေါက်သိနေတာကြောင့် သူတို့ကိုသွားလိမ်လို့မရပါဘူး။

 

အလှအပနဲ့အနုပညာကိုကောင်းကောင်းခံစားတတ်တယ်

ရုပ်ရှင်ကိုအသေးစိတ်ခံစားတတ်တဲ့သူတွေက သဘာဝအလှနဲ့ တခြားအနုပညာတွေကိုလည်း တခြားသူတွေထက် ပိုပြီးခံစားနိုင်စွမ်းရှိကြပါတယ်။

 

ထူးခြားတဲ့အတွေးစိတ်ကူးတွေရှိတယ်

ကိုယ်ချင်းစာနိုင်စွမ်းမြင့်တဲ့သူတွေဟာ တခြားသူတွေထက်ပိုကောင်းတဲ့အတွေးတွေတွေးတတ်ကြပြီး ကိုယ့်ဘေးကလူတွေအားငယ်စိတ်ဓာတ်ကျနေတာကိုလည်း ကောင်းကောင်းအားပေးတတ်တဲ့သူတွေပါ။ ပညာဒါန နဲ့ တခြား ပရဟိတအလုပ်တွေကိုလည်း စိတ်ပါလက်ပါလုပ်တတ်ပါသေးတယ်။

 

Credit : MAY THAZINHTOO

Myanmar Wedding Guide

Read times Last modified on Tuesday, 23 April 2019 17:43
Rate this item
(1 Vote)