ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google
ဗုဒ္ဓဟူးနေ့ မွေးဖွားသူများ
ဗုဒ္ဓဟူးနေ့ မွေးဖွားသူများက ဤနှစ်မှာသူတစ်ပါးကိုအားကိုး၍ မရသောနှစ်ဖြစ်သည်။ ယခုနှစ် မှာသူများတကာထက်ပို၍ ကြိုးစားလုပ်ကိုင်နိုင်သော စွမ်းအားရှင်များဖြစ်နိုင်သလိုအရာရာကို ကိုယ်တိုင်လုပ်ပါမှအဆင်ပြေလာမည်။
မိမိအတွက်အကျိူး ဖြစ်ထွန်းသည့် အခွင့်အလမ်း၊ အလုပ်အကိုင်များပါရရှိမည်။
ဗုဒ္ဓဟူးနေ့သားသမီးများ ယခုနှစ်တွင်ရှေ့ပိုင်း(၆)လတွင် နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ စီးပွားရေးအရှိန်အဟုန်နှင့် တက်ကာ အိမ်ပိုင်၊ ကားပိုင်ဖြစ်သွားတက်၏။
မထင်မှတ်ထားသောခရီးများ၊ မရည်ရွယ်သော ခရီးများ သွားရတတ်၏။ လူမျိုးခြားကူညီခြင်း နိုင်ငံခြားနှင့်ပတ်သတ်သော ကိစ္စများအောင်မြင်ခြင်းများ ကြုံရမည်ဖြစ်၏။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။ ဝ
န်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခြေအနေမြင့်တက်ခြင်း ကြုံရလိမ့်မည်ဖြစ်၏။
နောက် ၆လတွေမှာ သားသမီးလက်အောက်ငယ်သားနှင့် ပတ်သက်ပြီး စိတ်ညစ်စရာ ကြုံရမည်။ ငွေဒလဟော ထွက်ခြင်း၊ ငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများ ကြုံရမည်။ စက်ပစ္စည်း ဒုက္ခပေးတတ်၏။
ပတ်ဝန်းကျင်မှ မိမိအား ပြစ်တင်ဝေဖန် ပြောဆိုမှုများ အမြဲရှိနေနိုင်ပါသည်။ အလုပ်အကိုင်၌ ထိခိုက်တတ်၏။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်၊ ပြသနာကြီးစွာဖြေရှင်းရတတ်သည်။
ရည်ရွယ်ချက်ထားတိုင်း အတိုက်အခံကြုံပြီးမှ အောင်မြင်ရမည်။
စီးပွားရေး
ဆက်သွယ်ရေး ပစ္စည်းများနှင့် ကျောက်မျက် ရတနာတူးဖော်ရောင်းဝယ်ခြင်း၊ ခေတ်မှီဆံသဆံရိတ် အလှပြင်ဆိုင်၊ စတိုးဆိုင်များဖွင်ခြင်း၊ စက်သုံးဆီရောင်းဝယ် ခြင်းကောင်းမည်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါကငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုထက် လူစွမ်းအား အရင်းအနှီးကို ဦးစားပေးလုပ်ကိုင်သင့်သည်။ လူ့အခွင့်အရေးများ နစ်နာဆုံးရှုံး ဖျက်ဆီးခံရနိုင်ဖွယ် ရှိနေသည်။
မည်သူကိုမျှ ယုံကြည် ၍မရပါ။ အထူး အဂါၤသား၊ သောကြာသားသမီးများ ဒုက္ခပေးတတ်သည်။
လှုမှုရေးရာ
အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများတွင် ဦးဆောင်မှုများပြု လုပ်ပေးရတတ်သည်။ စိတ်လောပြီးသူ တစ်ပါးသူ အကူအညီဖြင့် လုပ်ငန်းလုပ်ခြင်းများ ရှောင်ကျဉ်ပေးပါ။
ရင်းနှီးသောသူများနှင့် မိမိအကြား အယူအဆ သဘောထား မကိုက်မှုများ ကြုံ ရမည်။
အဖွဲ့အစည်း လုပ်ငန်းများ၌ မိမိအား အသုံးချခံအဖြစ် ထည့်သွင်းပါက လိုက်လျောညီထွေမှုရှိအောင် လုပ်ကိုင်ပါ။
ပညာရေး
ပညာရေး လိုက်စားနေသူများ အသက်မွေးဝမ်းကြောင်းကိုသာ ဦးစားပေး လုပ်ကိုင်သင့်သော နှစ်ဖြစ်သည်။ ပညာရေးတွင် မိမိရည်မှန်းချက် အောင်မြင်မှုများ ဆွတ်ခူးနိုင်.မည်။
သို့သော် အိမ်အတွက် အပူကြောင့် ပညာအစွမ်း လျော့နည်းသွားတတ်သည်။ ရပ်နားတာမျိူး နှစ်အောက်ကြုံတွေ့ရတတ်သည်။
လူငယ်လူရွယ်များအတွက် အချစ်ရေးကို ဦးစားမပေးသင့်ပါ။ တစ်ခါတစ်ရံ မိမိကိုယ်ကိုသော်၎င်း၊ စိတ်အလိုမကျခြင်းလည်း ဖြစ်ရတတ်သည်။
အိမ်ထောင်ရှင်များ မိသားစုအတွက် ငွေကြေးကုန်ကျခြင်း စိတ်ရှုပ်ထွေးမှုများ ကြုံ တတ်သည်။ အိမ်ထောင်ရှင်များဖြစ်ပါက အိမ်ထောင်ဖက်၏ လက်စားချေ တိုက်ခိုက်ခြင်း ခံရတတ်သည်။
အမွေကိစ္စရပ်များရင်ဆိုင်ရတတ်သည် သို့မဟုတ် သက်ဆိုင်ရာအမျိုးအနွယ် မိသားစုအတွက်ကြောင့် အပယ်ခံဘဝ ရောက်ရတတ်သည်။ ကြားဝင်နှောက်ယှက်သူ ပေါ်ပေါက်မည်။ သားသမီးများ၊ သူငယ်ချင်းများ မိသားစုအတွင်း ဒုက္ခပေးတတ်သည်။
ကျန်းမာရေး ဖောက်ပြန်မှုများနှင့် ကြုံ ရတတ်သည်။ လေးဘက်နာ၊ အရိုးအကြော၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းများ ခံစားရတတ်သည်။
ကျန်းမာရေးအတွက် စိတ်ဖိစီးမှုကို ရှောင်လွဲနိုင်ရန် ခရီးသွားလာပါ။
ထီးထိုးရန် အကျိူးပေး အက္ခရာနှင့် ဂဏန်း {ဓ၊ဒ၊မ၊ပ၊ဖ} ၈ အစ, ၉ အဆုံး ထီထိုးပေးပါ။
အစိုးရဥပဒေနှင့် ဆန့်ကျင်သော အလုပ်အကိုင်များ ရှောင်ကျဉ်ပါ။ (အကြံပြုတာပါ)
အထူးသဖြင့် ဤနှစ် ဗုဒ္ဓဟူးသားသမီးတို့သည် လုပ်ငန်းကိစ္စရပ်များ အတွက်တော့ “အင်္ဂါ”,”သောကြာ” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။
အကျိုးပေးအက္ခရာ -{ဓ၊ဒ၊မ၊ပ၊ဖ}
အကျိုးပေးဂဏန်း-{၈၊၇၊၃၊၉}
အကျိုးမပေးနေနံ-{“အင်္ဂါ,သောကြာ”}
အကျိုးပေးအရောင်- ခရမ်း၊ နံ့သာရောင်
အကျိုးမပေးအရောင်- သင်ပုတ်၊အညို၊အဖြူ
ဆောင်ရန်- အစိမ်းရောင်ရှိသောကျောက်စိမ်းရတနာ
ယတြာ – အပတ်တိုင်း မိမိမွေးနေ့တွင် မေမြို့ပန်း၊ ပိတောက်ညွှန့်၊ ပိန်းပန်း၊ ရွှေပန်း၊ ရွက်လှများကို ငွေပန်းအိုးများနှင့် ပူဇော်ပေးပါ။ တန်ခိုးကြီးဘုရားတွင် ရွှေဆိုင်းနဲ့ယပ်(၇)ချောင်းလှူပေးပါ။
အရှေ့တောင်အရပ် သင့်တင့်လျောက်ပတ်သော နေရာ၌လမ်းခင်းခြင်း နှင့်တံတားဆောက် ကုသိုလ်ပြုပါ။
ဆရာသန်းလင်းအောင်
ဆရာဇော်
Zawgyi ဖြင့်ဖတ်ရန်..
မိမိအတွက်အကျိုး ဖြစ်ထွန်းသည့် အခွင့်အလမ်း၊ အလုပ်အကိုင်များပါရရှိမည်။
စီးပွားရေး
လှုမှုရေးရာ
ပညာရေး
ထီးထိုးရန် အကျိုးပေး အက္ခရာနှင့် ဂဏန်း {ဓ၊ဒ၊မ၊ပ၊ဖ} ၈ အစ, ၉ အဆုံး ထီထိုးပေးပါ။
အကျိုးပေးဂဏန်း-{၈၊၇၊၃၊၉}
ဆရာသန်းလင်းအောင်
 ဆရာဇော်
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 07 February 2020 11:30
Rate this item
(0 votes)
Tagged under