ချမ်းသာချင်တဲ့စိတ်ကြောင့် ငွေတွေနဲ့ ကိုယ့်ဘဝကိုမရောင်းလိုက်ပါနဲ့

ချမ်းသာချင်တဲ့စိတ်ကြောင့် ငွေတွေနဲ့ ကိုယ့်ဘဝကိုမရောင်းလိုက်ပါနဲ့ google.com

ချစ်ပါတယ် ဆိုတဲ့ ခံစားချက်နဲ့ အရည်အချင်းမရှိတဲ့ ယောက်ျားကို လက်မတွဲသင့်ပါဘူး။

 

အဆင်မပြေလို့ပါ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဘိုးအရွယ် အဖေအရွယ် တွေကို မောင် မခေါ်ချင်ပါနဲ့။

 

ဘယ်လောက် ချစ်ချစ် အိမ်ထောင် တစ်ခု သာယာအောင် မဖန်တီးပေးနိုင်တဲ့ ယောက်ျား တစ်ယောက်ကိုလည်း မမက်မောပါနဲ့။

 

ချမ်းသာချင်တဲ့ စိတ်ကြောင့် ငွေတွေနဲ့ ကိုယ့်ဘဝကို မရောင်းလိုက် ပါနဲ့။

 

ကိုယ့်ဒူး ကိုယ်ချွန် ထက်မြက်တဲ့ မိန်းမဖြစ်အောင် ကြိုးစားသင့်တဲ့ မိန်းမသားတွေရဲ့ မာနပါ။ မိန်းမသားတစ်ယောက်လောက်မှ အရည်အချင်း မရှိတဲ့ ယောက်ျားကို မမက်မောတာဟာ ငွေမက်လို့ ဂုဏ်မက်လို့ မဟုတ်ပါဘူး။

 

မိန်းမသား တစ်ယောက်ရဲ့ အရည်အချင်းတွေ ကျဆင်းစေလို့ပါ။

 

အရည်အချင်း မရှိသူကို လက်တွဲပြီး ဘဝကို ဖြတ်သန်းမဲ့ အစား တက်စွမ်းသမျှ ခွန်အားနဲ့ တစ်ကိုယ်တည်း နေကြည့်လိုက်ပါ ။

 

အတိတ်ကကံက မျက်နှာသာမပေး ဝဋ်ကြွေး ဆိုရင်တော့ ကျေအောင် ဆပ်ပြီး ကျေသင့်ပြီ ထင်ရင် ရုန်းထွက်သင့် ပါတယ်။

 

အရည်အချင်း ရှိတဲ့ ယောက်ျား၊စာနာတက်တဲ့ ယောက်ျားကို စဉ်းစား ရွေးချယ်သင့်ပါတယ်။

 

မိန်းမသား တစ်ယောက်ဟာ အရည်အချင်း ရှိအောင် ကြိုးစားခဲ့ရတာမို့ အရည်အချင်း ရှိတဲ့ ယောက်ျားကိုမက်မောတာ အပြစ်မဟုတ်ပါဘူး။

 

 

Credit;ဇော်လှိုင်းထက် {တ​ကောင်းသား}

Read times Last modified on Tuesday, 18 September 2018 15:59
Rate this item
(1 Vote)