၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက် အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ  ၂၂ ရက် အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

 

ဆန်၊ စပါး ရောင်းဝယ်ရေးမှာ အခက်အခဲပေါ်မည်။ ရွှေဝင်ကိန်းရှိသည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ အိမ်ပြင်၊ အိမ်ဆောက်ကိန်းရှိသည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးပြောင်းရွှေ့ရမည်။ ဆွေမျိုးအကြီးအကဲတစ်ဦး ကျန်းမာရေးညံ့သည့် သတင်းကြားရမည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ ရပ်ဝေးသို့ ငွေပို့ရမည်။ သို့မဟုတ် ရပ်ဝေးမှ ငွေရောက်မည်။ နေအိမ်သို့ နှင်းဆီပန်း (သို့မဟုတ်) နှင်းဆီပန်းအိုး ရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးအတွက် ရည်မှန်းချက်အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် သွားနာ၊ သွားကိုက် ဖြစ်မည်။ အချစ်ရေးညံ့သည်။ ချစ်သူ၏ စွပ်စွဲမှုကို ခံရမည်။ အိမ်ထောင်ရေးလည်း သာယာမှု မရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။

ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ သက်သက်လွတ် ခေါက်ဆွဲကြော် ကပ်လှူပါ။

 

တနင်္လာနေ့

နိုင်ငံခြားခရီးအတွက် လေယာဉ်လက်မှတ်ဝယ်ယူရလိမ့်မည်။ လယ်ယာမြေအရောင်းအဝယ် သတင်းကောင်းကြားရမည်။ မော်တော်ဆိုင်ကယ်ပျက်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ အခက်အခဲ ပေါ်မည်။ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတစ်ဦးဦး၏ နာရေးသတင်း (သို့မဟုတ်) မကျန်းမာသော သတင်းကြားရမည်။ ဘဏ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုမှာ ချေးငွေတင်ထားပါက ၎င်းချေးငွေရမည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အားရစရာကောင်းသော တိုးတက်မှုရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် အသည်းရောဂါဖြစ်မည်။ အချစ်ရေးမှာ ကံညံ့ပါသည်။ ချစ်သူနှင့် စိတ်သဘောထား ကွဲလွဲမည်။ အိမ်ထောင်ရေးမှာလည်း အခြေအနေမကောင်းပါ။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နံ့သာရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ တံခွန်နီ ၂ လက်ကပ်လှူပါ။

 

 

အင်္ဂါနေ့

အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ နိုင်ငံခြားမှ ငွေရောက်မည်။ သို့မဟုတ် လက်ဆောက်ရောက်မည်။ အမွေကိစ္စရှိပါက အောင်မြင်မည်။ မြေကွက်အရောင်းအဝယ် ဖြစ်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်းရမည်။ လယ်ယာသုံးစက်ပစ္စည်းများဝင်မည်။ အနုပညာလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။ နေအိမ်သို့ ပိန္နဲသီးရောက်ပါက ‘၅’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းရရှိမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်မည်။ အချစ်ရေးမှာ ကံညံ့နေပါသည်။ ချစ်သူနှင့် စကားပြောအဆင်မပြေဖြစ်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက် ကျန်းမာရေးညံ့မည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၅၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်း ကပ်လှူပါ။

 

 

ဗုဒ္ဓဟူးနေ့

ရစရာရှိသော ငွေများဝင်မည်။ လယ်ယာသုံးစက်ပစ္စည်း ပျက်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက ဖိအားပေးမှုကို ခံရမည်။ အိမ် (သို့မဟုတ်) ဆေးရုံသို့ လူနာမေးသွားရမည်။ နေအိမ်သို့ ဘုရားဆင်းတုတော်၊ ဘုရားပုံတော်များ ကြွမြန်းလာမည်။ စာချုပ်စာတမ်းပြုလုပ်ရလိမ့်မည်။မြွေတွေ့ပါက (သို့မဟုတ်) မြွေကို အိမ်မက်ထဲမှာ မြင်ပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ စိန်ခေါ်မှုများနှင့် ကြုံရလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ အချစ်ရေးမှာ ချစ်သူ၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နက်ပြာရောင် ဖြစ်ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရေသက်စေ့ သပ္ပါယ်ပါ။

 

 

ကြာသပတေးနေ့

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လစာတိုးမည်။ ဆွေမျိုးအကြီးအကဲ တစ်ဦး၏ ကျန်းမာရေးကိစ္စကို ကူညီရမည်။ အိမ်ဆောက်ရန်ခွင့်ပြုမိန့်ရရှိမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ရွှေဝင်မည်။ အရောင်းအဝယ် ကောင်းပါသည်။ သူတစ်ပါး၏အမှုကိစ္စကို ကူညီရမည်။မော်တော်ဆိုင်ကယ်အတွက် ရန်ပေါ်မည်။ နေအိမ်သို့ ဗီဒိုတစ်လုံးရောက်လာပါက ‘၁’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ရင်ဘက်အောင့်မည်။ အချစ်ရေးမှာ ရင်ခုန်စရာဖြစ်လိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဒေါင်းမြှီးစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ထီးဖြူ ၅ လက် ကပ်လှူပါ။

  

 

သောကြာနေ့

အိမ်မြေအရောင်းအဝယ် ဖြစ်မည်။ ရပ်ဝေးမှ ငွေရောက်မည်။ သို့မဟုတ်ပါက ရပ်ဝေးမှ သတင်းကောင်းဝင်မည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရမည်။ ဆွေမျိုးထဲမှာလည်းကောင်း၊ အသိမိတ်ဆွေထဲမှာလည်းကောင်း ကလေးမွေးသော သတင်းကြားပါက ‘၇’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ဈေးဆိုင်သစ်ဖွင့်ခြင်း၊ လုပ်ငန်းသစ်လုပ်ခြင်းများ ပြုလုပ်ရလိမ့်မည်။ ပညာရေးမှာ ပေါ့လျော့နေပါသည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်ရောဂါဖြစ်မည်။ အချစ်ရေးမှာ ကြားလူအနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးများ ဒုက္ခပေးမည်။ ကံကောင်းသောဂဏန်းများမှာ ၇၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပတ္တမြားရောင် ဖြစ်ပါသည်။

 

ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ စပါယ် ၆ ကုံးလှူဒါန်းပါ။

 

 

စနေနေ့

စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။ လုပ်ပါ။ အကျိုးပေးမည်။ ဆိုင်ကယ် အသစ်ဝင်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ အလုပ်ရှာနေပါ (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ ကြွေးကိစ္စစိတ်ညစ်ရမည်။ စိုက်ပျိုးရေးလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။ အလှူဒါနပြုလုပ်ရမည်။ သို့မဟုတ် ဘုရားဖူးခရီးထွက်ရလိမ့်မည်။ နိုင်ငံရေးလုပ်ပါက နိုင်ငံရေး ပြိုင်ဆိုင်မှုပြင်းထန်မည်။ နေအိမ်သို့ သနပ်ခါးရောက်ပါက ‘၃’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ပြိုင်ဆိုင်မှုများကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူ၏ ကြင်နာမှု၊ ချစ်ခင်မှုများကို ပိုမိုရရှိလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၈ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မြင်းချေးစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့တွင် နေအိမ်ဘုရားစင်မှာ ပေါင်မုန့် ထောပတ်သုပ် ၅ ချပ်ကပ်လှူပါ။

 

 

Source: 1875

Read times Last modified on Monday, 16 November 2020 14:17
Rate this item
(0 votes)