ယောက္ခမလောင်းနဲ့တွေ့ဖို့ဘာတွေ ပြင်ဆင်ရမလဲ

ယောက္ခမလောင်းနဲ့တွေ့ဖို့ဘာတွေ ပြင်ဆင်ရမလဲ google.com

 

ချစ်သူစုံတွဲတွေသက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်ရဲ့မိဘအသိုင်းအဝိုင်းထဲကို တခြားတစ်ယောက်ကိုဆွဲခေါ်ရင်းနှီးမှုပြုပေးရတာထုံးစံပါပဲ ။

ဒီနေရာမှာသတိပြုရမှာ "first impression matters" ပါ ။ လွယ်လွယ်ပြောရရင် ကိုယ့်ဘာသာနောက်မှလုပ်ချင်တာလုပ် ပထမဆုံးတွေ့ကြဆုံကြရမှာတော့ကိုယ့်ကို impression down ဖို့လိုပါတယ် ။ အဲ့အတွက် ကိုယ့်ဖက်ကဘာတွေ လိုအပ်လဲ ၊ ဘယ်လိုပြင်ဆင်ကြမလဲကြည့်ရအောင်....

 

(၁) သပ်သပ်ရပ်ရပ်ဝတ်စားသွားပါ

 

 ဒါကတော့ သိပ်အတွေအထူးပြောနေစရာ လိုမယ်မထင်ပါဘူး ။ အရမ်းကြီးခမ်းခမ်းနားနား ဝတ်စရာမလိုပေမယ့် လှလှပပဖြစ်ဖို့တော့လိုပါတယ် ။ ဆံပင်ကိုအတတ်နိုင်ဆုံးသပ်သပ်ရပ်ရပ်ပြင်ပါ ။ မိန်းကလေးတွေ ဖြစ်နိုင်ရင် မြန်မာဝတ်စုံလှလှလေးတွေဝတ်သွားပါ။ အစွမ်းကုန် ပြင်ပါ ၊ အလွံအကျွံ မဖြစ်ပါစေနဲ့ ။ (လူတိုင်းကသူတို့ မသိစိတ်မှာရုပ်ရည်အသွင်အပြင်ကိုအကဲခတ်တယ်ဆိုတာ သတိထားပါ )

 

 

() လက်ဆောင်ပစ္စည်းတစ်ခုခုဝယ်သွားပါ

 

တန်ဖိုးကြီးပစ္စည်းတွေမှမဟုတ်ပါဘူး စားစရာတစ်ခုခု ဒါမှမဟုတ် ပန်းတွေဆိုလည်းအဆင်ပြေပါတယ် ။ အင်္ကျီအဝတ်အစား၊ တစ်ကိုယ်ရေသုံး ပစ္စည်းတွေရှောင်ပါ ။ တစ်မိသားစုလုံးကိုတစ်ယောက် တစ်ခုစီပေးနိုင်တယ်ဆိုရင်တော့ ဝယ်သွားပေါ့လေ ။

 

 

() ကိုယ့်ချစ်သူကိုဂရုစိုက်ပြပါ

 

ဒါဟာ အလွန်ကိုအရေးကြီးပါတယ် ။ မိဘဆိုတာက သူတို့သား/သမီး ကိုချစ်ခင်ဂရုစိုက်သူနဲ့သာလက်တွဲစေချင်တာပါ ။ အဲ့အတွက်နောက်မှသာ ရန်ဖြစ်ချင်သလောက်ဖြစ်ပါ ။ ယောက္ခမလောင်းရှေ့မှာ ယုယုယယဆက်ဆံပါ ။ (over တော့မဖြစ်ပါစေနဲ့ )

 

 

() မိမိပညာအရည်အချင်း ၊ လုပ်ငန်းဆောင်တာတွေကိုဖွင့်ပြောဆိုဖို့ဝန်မလေးပါနဲ့

 

ကိုယ်လက်ရှိ ဘာလုပ်နေတာ ၊ ဘယ်ကျောင်းတတ်နေတာ ၊ လုပ်ငန်းကဘယ်လိုအခြေအနေရှိတာ ဆိုတာကိုကာင်းမွန်တဲ့အချက်တွေကို ရွေးချယ်ပြောပြဖို့မမေ့ပါနဲ့ ။ ကြွားတာမဟုတ်ပဲ အမှန်အတိုင်းပြောပြတာဖြစ်ဖို့ လိုသလို ၊ ကိုယ့်ကိုတစ်ဖက်မိသားစုရဲ့အထင်သေးမခံရဖို့လိုပါတယ် ။ ကိုယ့်ချစ်သူကိုလည်း သူ့မိသားစုဝင်တွေကြားမှာမျက်နှာမငယ်ရပါစေနဲ့ ။

 

 

() ပြုံးပြုံးရွှင်ရွှင်နေပါ

 

ရုပ်တည်နဲ့နေဖို့တောင်မဟုတ် ယောက္ခမလောင်းနဲ့တွ့တဲ့အခါ ပြုံးပြုံးရွှင်ရွှင်နေဖို့ပါလိုပါတယ် ။ အလကား ရူးသလို ကြောင်သလို ပြုံးနေရမှာတော့မဟုတ်ဘူးနော် ။ နှစ်လိုဖွယ်ဖြစ်အောင် ပြုံးရွှင်နေရမှာပါ ။

ဒါကတော့ အပိုအချက်အနေနဲ့ ယောက္ခမလောင်းတွေတင်မဟုတ် ကိုယ့်ချစ်သူမှာ ညီ အစ်ကို မောင်နှမ တွေများရှိခဲ့ရင်အထူးသတိထားပါ ။ သူတို့က ယောက္ခမတွေထက်ပိုကြောက်စရာကောင်းပါတယ် ။ ကလေးအငယ်တွေဆို မုန့်ကျွေးပြီးသာပေါင်းပါ ။ လူကြီးဆိုလည်း အဆင်ပြေအောင်နေပါ ။ ချေပြီးအပေါ်စီးကဆက်ဆံလိုက်မယ်ဆိုတာမျိုး မစဉ်းစားပါနဲ့ ။ အောက်ကျခံခိုင်းတာမဟုတ်ပေမယ့် ကိုယ့်ချစ်သူကိုညှာတာတဲ့အနေနဲ့ မိသားစုထဲမှာသူအပြောအဆိုမခံရအောင် မျက်နှာသာရအောင်လုပ်ပေးရမှာကိုယ့်တာဝန်ပါနော် ။

 

Myanmar Wedding Guide

 

Credit;လူငယ်ဒီယာ

Read times Last modified on Wednesday, 19 September 2018 10:01
Rate this item
(1 Vote)