သိပ္ပံပညာက ဘာကြောင့် များများပွေ့ဖက်ဖို့ အကြံပြုထားတာလဲ

သိပ္ပံပညာက ဘာကြောင့် များများပွေ့ဖက်ဖို့ အကြံပြုထားတာလဲ Google

အခုလို ကိုဗစ်ဖြစ်နေချိန်မှာတော့ တစ်ယောက်ကို တစ်ယောက်ခပ်ခွာခွာနေတဲ့ Social Distancing စနစ် ကျင့်သုံးတာ အမှန်ဆုံးပါပဲ။

 

ဒီတစ်ခေါက် ပြောမယ့်အကြောင်းအရာဟာ ဒီကာလနဲ့ ဖီလာကန့်လန့်ဖြစ်နေပေမယ့် သိပ္ပံနည်းကျ လေ့လာမှုတွေရဲ့ ထောက်ခံချက်ပေးထားတဲ့ အပြုအမူတစ်ခုအကြောင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ပွေ့ဖက်ခြင်းဟာ ရင်းနှီးဖော်ရွေခြင်းရဲ့ အပြုအမူတစ်ခု ဖြစ်ရုံတင်မဟုတ်ဘဲ ကျန်းမာရေးအမြင်အရပါ ကောင်းတဲ့ အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါကြောင့် ကိုဗစ်ပြီးရင် ကိုယ်ချစ်တဲ့သူကို ဖက်ဖို့ မမေ့ပါနဲ့။

 

(၁) သွေးဖိအားကျဆင်းစေတယ်

ဖိအားများတဲ့ အခြေအနေမှာ သွေးဖိအား တက်လာပါတယ်။ ပွေ့ဖက်ခြင်းအားဖြင့် သွေးဖိအားကျဆင်းစေပြီး စိတ်သက်သာရာရစေပါတယ်။ သွေးဖိအားကျဆင်းတာကြောင့် စိတ်ဖိစီးမှုလည်း လျော့ပါးသွားတာပါပဲ။

 

(၂) ဦးနှောက်ထဲက ပျော်ရွှင်စရာဟော်မုန်းတွေ လှုံ့ဆော်ပေးတယ်

ပွေ့ဖက်ခြင်းဟာ သင့်ဦးနှောက်ထဲက ပျော်ရွှင်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ Oxytocin ၊ Dopamine နဲ့ Serotonin Level တက်လာစေနိုင်ပါတယ်။

 

(၃) နှလုံးခုန်နှုန်းလျော့ကျစေတယ်

‌ဆေးသုတေသနလေ့လာမှုတွေအရ ပွေ့ဖက်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကို သိသိသာသာ ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ စိတ်လှုပ်ရှားနေတာကြောင့် နှလုံးခုန်နှုန်း တက်နေတယ်ဆိုရင် ပွေ့ဖက်ခြင်းအားဖြင့် နှလုံးခုန်နှုန်း လျော့ကျစေနိုင်ပါတယ်။

 

(၄) ကိုယ်ခံအားစနစ် ပိုကောင်းစေတယ်

ကိုယ်ခံအားကောင်းစေတယ်ဆိုတာနဲ့ အခုလို ကပ်ဘေးမှာ လူတိုင်းကို လိုက်မဖက်ဖို့ အကြံပေးပါရစေ။ ကလေးငယ်တွေကို ပွေ့ဖက်ထားခြင်းအားဖြင့် ကိုယ်ခံအားစနစ်ပိုကောင်းစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒီနည်းနဲ့ အဖျားအနာနည်းပြီး နာကျင်မှုတွေလည်း သက်သာစေတယ်လို့ ခံစားရစေပါတယ်။

 

(၅) ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု ပိုရရှိစေတယ်

စိတ်အားငယ်နေသူတွေကို ပွေ့ဖက်ပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု ပိုရစေပြီး ယုံကြည်မှုပိုခိုင်မာစေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဝမ်းနည်းအားငယ်နေတဲ့ ကလေးငယ်တွေကို သူတို့မိခင်ဖခင်တွေက ကြင်ကြင်နာနာ ပွေ့ဖက်ခြင်းအားဖြင့် စိတ်သက်သာရာရပြီး ရွှင်လန်းကြည်နူးလာတာကို မျက်မြင်တွေ့ရလေ့ ရှိပါတယ်။

 

ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုဗစ်ပြီးရင် ကိုယ်ချစ်တဲ့သူကို ဖက်ဖို့ မမေ့ပါနဲ့။

 

Kwee

Myanmar Wedding Guide

Read times
Rate this item
(3 votes)